Gear 360 ကင်မရာနှင့် Gear VR ကို မြန်မာနိုင်ငံ၌ စတင်ရောင်းချ


 Samsung သည် Gear 360 ကင်မရာကို ၂၇၂,၀၀၀ ကျပ်၊ Gear VR ကို ၁၄၂,၀၀၀ ကျပ်ဖြင့် ဇူလိုင် ၁၈ ရက်ကစတင် ကာ ရန်ကုန်မြို့၌ ရောင်းချခဲ့ သည်။

Gear 360 ကင်မရာသည် 8.4 megapixel ပါဝင်ပြီး 4K Resolution ရုပ်ထွက်ရှိကြောင်း၊ဓာတ်ပုံနှင့် ဗီဒီယိုများကို ကိုယ် တိုင်ပြန်လည်ပြုပြင်၍ မတူညီ သော ပုံရိပ်များပြန်လည်ဖန်တီး နိုင်ကြောင်း Samsung က ကြေ ညာထားသည်။ အလားတူ အ သစ်မိတ်ဆက်သည့် Gear 360 ၌မိုဘိုင်းဖုန်း၊ ကွန်ပျူတာများနှင့် ချိတ်ဆက်၍ Live လွှင့်နိုင်ရန် နည်းပညာများပါဝင်သည်။


ရန်ကုန်မြို့၌ စတင်ရောင်း ချသည့် Gear VR သည် Galaxy S7, S7 Edge, Note 5, S6 Edge +, S6 နှင့် S6 Edge တို့နှင့် တွဲဖက်အသုံးပြုနိုင်ပြီး Appli-cation နှင့် ဂိမ်းအမျိုးအစားပေါင်း ၁၅၀ ကျော်ကို 3D ပုံရိပ်များဖြင့် ကြည့်ရှုနိုင်သည်။

ထိန်းချုပ်ကိရိယာ (Contro -ller) ပါဝင်သော Gear VR သည် Samsung ၏ သဘာဝနှင့် အနီးစပ်ဆုံးတူသော ပုံရိပ်ယောင် ဂေဟစနစ် (Virtual Reality Ecosystem) ကို ထပ်မံတိုးမြှင့် ဖန်တီးထားပြီး သုံးစွဲသူများအနေ ဖြင့် Gear VR အသုံးပြုမှုအတွေ့ အကြုံကို ပိုမိုအဆင်ပြေစွာအသုံး ပြုနိုင်ရန် ဖန်တီးထားသည်။

အဆင့်မြှင့်တင်မှုများ ပြု လုပ်ထားသည့် Gear VR သည် ယခင်ထုတ်လုပ်ခဲ့သည့် Gear VR များထက် ၂၂ ရာခိုင်နှုန်းပေါ့ပါး ပြီး ရုပ်ရှင်ကြည့်ခြင်းနှင့် ဂိမ်းက စားခြင်းတို့ကို 3D ပုံရိပ်၊ ၃၆၀ ဒီ ဂရီဖြင့် လှည့်ပတ်ကြည့်ရှုနိုင်ကာ အသုံးပြုရလွယ်ကူစေရန် Touch Pad ကိုလည်း အဆင့်မြှင့်တင်ထားသည်။

Gear 360 ကင်မရာနှင့် Gear VR ကို မြန်မာနိုင်ငံ၌ စတင်ရောင်းချ Gear 360 ကင်မရာနှင့် Gear VR ကို မြန်မာနိုင်ငံ၌ စတင်ရောင်းချ Reviewed by The Collector on Thursday, July 20, 2017 Rating: 5

No comments