ဖုန်းဘီလ်ဖြတ်တောက်ခံရမှုများ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားနိုင်


ဖုန်းဘီလ်စစ်ဆေးနေသူတစ်ဦး(ဓာတ်ပုံ−စိုင်းဇော်)

 မိုဘိုင်းဖုန်းဘီလ် ပိုမို ဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်သည့် အော်ပရေတာ နှင့် ဆက်သွယ်ညှိနှိုင်းရာတွင် အ ဆင်မပြေမှုများ ကြုံတွေ့လာပါ က ဆက်သွယ်ရေးညွှန်ကြားမှုဦး စီးဌာနသို့ တိုက်ရိုက်တိုင်ကြားနိုင် ကြောင်း ယင်းဦးစီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးမျိုးဆွေက ပြောကြားသည်။

ဖုန်းဘီလ်ပိုမိုဖြတ် တောက်ရာတွင် မိုဘိုင်းအင်တာနက်ဘီလ်ပိုမိုဖြတ်တောက်ခြင်းနှင့် အသံခေါ်ဆိုမှုဘီလ် ပိုမိုဖြတ်တောက်ခြင်းဟူ၍ နှစ်မျိုးရှိကြောင်း၊ ဖုန်းဘီလ် ပိုမိုဖြတ်တောက်ခြင်းကို ဆက်သွယ်ရေးအော်ပရေတာ သုံးခုစလုံးတွင် ကြုံတွေ့နေရကြောင်း မိုဘိုင်းဖုန်းအသုံးပြုသူများကပြောသည်။


‘‘ဒါကို ပြန်ကြည့်လို့ရတာက သက်ဆိုင်ရာအော်ပရေတာတွေ မှာပဲ ရှိတယ်။ အသုံးပြုသူတွေအ နေနဲ့က အော်ပရေတာတွေရဲ့ ကောလ်စင်တာကို ဖြေရှင်းချက် တောင်းပေါ့။ မပြေလည်ခဲ့ရင် အစ်ကိုတို့ဆီ(ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာန) ကို စာနဲ့တိုင်ပါ။ ဒီလိုဆိုရင် အော်ပရေတာတွေကို ဒီမှာတော့ တိုင်ထားတာ ရှိတယ်။ ဘာကြောင့် ကုန်သွားတာလဲ ဖြေ ရှင်းချက်ပေးပါဆိုပြီး ပြန်လုပ်ပေး ရမှာပေါ့’’ဟု ဦးမျိုးဆွေကပြော ကြားသည်။

ဖုန်းဘီလ်ပိုမိုဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ ဆက်သွယ်ရေးအော်ပရေတာများနှင့် အသုံးပြုသူများအကြား ကောလ်စင်တာများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်မှုသည် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။

  ‘‘အော်ပရေတာတွေကို ဆက်သွယ်ရင် ဖုန်းနံပါတ်ပြောခဲ့ ပါ။ ဘယ်နေ့ကဖြစ်တာလဲ၊ ဘယ် နေရာမှာဖြစ်တာလဲ။ ပြန်ဆက် သွယ်ပေးပါ့မယ်။ ဒါပဲပြောတာ။ ဘာမှထူးမလာဘူး’’ဟု တယ်လီနော်၏ ကောလ်စင်တာသို့ ဖုန်းဘီလ်ပိုမိုဖြတ်တောက်ခံရခြင်းနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့သူ ကိုသူရက ပြောသည်။

ဆက်သွယ်ရေးအော်ပရေ တာများသည် မိုဘိုင်းဖုန်းအင်တာ နက်ဘီလ်ပိုမိုဖြတ်တောက်ခြင်း နှင့်ပတ်သက်၍ မိုဘိုင်းဖုန်းအတွင်း Background Data များ ပိတ်ပေးထားရန် အကြံပြုခဲ့သော်လည်း မိုဘိုင်းဖုန်းအသံခေါ်ဆိုမှုအတွက် ဘီလ်ပိုမိုဖြတ်တောက်ခြင်းကိုမူ ဖုန်းနံပါတ်ရယူထားပြီး ပြန်လည် ဖြေရှင်းပေးမည်ဟုသာ ပုံမှန်တုံ့ ပြန်သည်။

 ‘‘တချို့အသုံးပြသူတွေကျ တော့လည်း Awareness မရှိတာ ပေါ့နော်။ Background Data တွေကို ဖွင့်ထားကြတယ်။ အခုက4G ဆိုတော့ပိုဆိုးတယ်။ သိပ်မြန်တယ်။ 1G ဆိုရင်ခဏလေးပဲ။ သူတို့(အော်ပရေတာတွေ)ဘက်က မှားတာတွေလည်း ရှိနိုင်ပါတယ်။ ကိုယ့်ဘက်က ဖြေရှင်း ချက်တောင်းရမှာပေါ့။ အသုံးပြု သူတွေ ဖြေရှင်းချက်တောင်းလာ ရင် ရှင်းပေးဖို့အတွက်လည်း ညွှန်ကြားထားပြီးသားပါ’’ဟု ဦးမျိုး ဆွေက ပြောသည်။

ဖုန်းဘီလ်ပိုမိုဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ တိုက်ရိုက် တိုင်ကြားနိုင်သော်လည်း ယနေ့အချိန်အထိ အများပြည်သူမှ ဖုန်းဘီလ်ပိုမိုဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ တိုင်ကြားမှုမရှိခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ စုံစမ်းသိရသည်။

 ‘‘ဘီလ်ထည့်ပြီးလို့ Data ၀ယ်တာ။ ပိုက်ဆံမလောက်ဘူး ပြောတယ်။ ဒါနဲ့ ပိုက်ဆံစစ်လိုက် တော့ သုံးကျပ်ပျောက်သွားတယ်။ သေချာအောင်နောက်တစ်ခေါက် စစ်လိုက်တော့ နှစ်ကျပ်ထပ် ပျောက်သွားတယ်။ အော်ပရေ တာကိုမေးတော့ အင်တာနက်သုံး လိုက်လို့ ကုန်သွားတာဆိုပြီး ဖြေ တယ်။ ဆက်တိုက်နှိပ်နေတဲ့အချိန် မှာပါ’’ အူရီးဒူးဖုန်းလိုင်းအသုံးပြု သူကိုကောင်းဇေက ပြောသည်။

 ဖုန်းဘီလ်ပိုမိုကုန်ကျခြင်းသည် 4G အင်တာနက်ကို အ သုံးပြုခြင်းကြောင့်သာဖြစ်ပြီး အ သုံးပြုသူများအနေဖြင့် နောက် ကွယ်တွင် လည်ပတ်နေသည့် Background Data များ ပိတ်ထားပေးရန် လိုအပ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဟုတ်က ပြောသည်။ ဖုန်းဘီလ်ပိုမိုဖြတ်တောက်ခံရခြင်းနှင့်ပတ်သက်၍ အချို့သောအသုံးပြုသူများသည် အော်ပရေတာရုံးချုပ်အထိ လာရောက်၍ ဖြေရှင်းချက်တောင်းခံလေ့ရှိကြောင်း၊ အမှန်တကယ်ပြန်လည် စစ်ဆေးသည့်အခါ အသုံးပြုသူကိုယ်တိုင် Awarenessနည်းပါးခြင်းကြောင့် ဖုန်းဘီလ်ပိုမိုကုန်ဆုံးခဲ့ခြင်းသာ တွေ့ရှိကြောင်းတယ်လီနောမြန်မာပြန်ကြားရေးတာဝန်ခံ ကိုအဲလက်စ်က ပြောသည်။

ဖုန်းဘီလ်ပိုမိုဖြတ်တောက်ခြင်းသည် အော်ပရေတာသုံးခုစလုံးတွင် ဖြစ်ပေါ်နေသည်ဟု အသုံးပြုသူများက ပြောဆိုထားသော်လည်း ဆက်သွယ်ရေးအော်ပရေတာများသည် ဖုန်းဘီလ် ပိုမိုဖြတ်တောက်ခြင်းပတ်သက်၍ တိတိကျကျ ပြန်လည်တုံ့ပြန်ထားခြင်းမရှိပေ။

ဖုန်းဘီလ်ဖြတ်တောက်ခံရမှုများ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားနိုင် ဖုန်းဘီလ်ဖြတ်တောက်ခံရမှုများ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားနိုင် Reviewed by The Collector on Friday, July 07, 2017 Rating: 5

No comments