မန္တလေးတိုင်းရှိ အစိုးရဌာနအားလုံး၏ ၀န်ဆောင်မှုနှင့် အချက်အလက်များ ကြည့်နိုင်မည့် e-Mandalay Web Portal စတင်မိတ်ဆက်


e-Mandalay Web Portal ကို ကြည့်ရှုနေသူတစ်ဦး(ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

မန္တလေးတိုင်းရှိ အစိုးရဌာနအားလုံး၏ သတင်းအချက်အလက်များနှင့် ၀န်ဆောင်မှုများကို အွန်လိုင်းပေါ်မှ တစ်နေရာတည်းတွင် အလွယ်တကူ ကြည့်ရှုနိုင်မည့် e-Mandalay Web Portal  ၀က်ဘ်ဆိုက်ကို ဇူလိုင် ၂၀ ရက်တွင် မန္တလေးတိုင်း အစိုးရအဖွဲ့က တရားဝင်မိတ်ဆက်ခဲ့သည်။

‘‘e-Government စနစ် တည်ထောင်ရေးအတွက် ပထမ ခြေလှမ်းအဖြစ်  e-Mandalay WebPortal ကို အချိန် ၂ နှစ်နီးပါးယူ ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။e-Mandalay မှာ အစိုးရဌာန အားလုံးရဲ့ အချက်အလက်တွေ ကို လွှင့်တင်နိုင်အောင် လုပ်သွား မှာဖြစ်ပြီး ဒီ Web Portal ကနေ တစ်ဆင့် ဌာနဆိုင်ရာတွေက ဘာ တွေလုပ်နေတယ်ဆိုတာ သိနိုင် မှာဖြစ်ပါတယ်’’ ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။


 ယခုမိတ်ဆက်သည့် e- Mandalay Web Portal သည် အများပြည်သူ စတင်လေ့လာနိုင် စေရန် Pilot Project အနေဖြင့် စတင်မိတ်ဆက်ခြင်းဖြစ်ပြီး မန္တလေးတိုင်းအတွင်း အစိုးရအဖွဲ့အပါအ၀င် ၀န်ကြီးဌာနအသီးသီး ၏လက်အောက်၌ ဦးစီးဌာန ၁၆၀ ခန့်ရှိပြီး လက်ရှိတွင် ၀န်ကြီးဌာန ငါးခု၏ လက်အောက်မှ ဦးစီးဌာန ၇၄ ခု၏ အချက်အလက်များနှင့် ၀န်ဆောင်မှုများ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

‘‘e-Mandalay Web Portal ကို အဆင့်ငါးဆင့်နဲ့ ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ အခုက အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ၊ ၀န် ဆောင်မှုတွေကို ပြည်သူတွေသိ အောင် ချပြတဲ့ပထမအဆင့်ပဲ ရှိ ပါသေးတယ်။ နောက်ပိုင်းမှာ ၀န် ဆောင်မှုတွေကိုပါ အွန်လိုင်းက နေ ရယူနိုင်အောင် လုပ်သွားမှာ ပါ။ ဥပမာ-မီတာလျှောက်မယ်ဆို ရင် အွန်လိုင်းကနေ လျှောက်လွှာ ကို ဒေါင်းပြီး တင်တာမျိုးပေါ့’’ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ e-Government အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌဦးစိုင်းကျော်ဇောက ပြောသည်။

လက်ရှိတွင် e-Mandalay Web Portal က အချက်အလက် များ သိမ်းဆည်းရန် Data Centerတစ်ခုကို မန္တလေးတိုင်းလွှတ်တော်ရုံးဟောင်းတွင် တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ DataCenter မပြီးသေးမီအတွင်း Web Portal အချက်အလက်များကို စင်ကာပူနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ရှိ ဒေတာစင်တာနှစ်ခုတွင် နေရာငှားရမ်းကာ ယာယီသိမ်းဆည်းမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

    အဆိုပါ ၀က်ဘ်ဆိုက်ကို ဟက်ကာများနှင့် နှောင့်ယှက်မှုများမှ ကာကွယ်ရန် DDos အမည်ရှိ နည်းပညာတစ်ခုဖြင့် ကာကွယ်ပေးထားပြီး Webဆာဗာမှ တစ်ခုခုချွတ်ယွင်းပါကအီးမေးလ်၊ ဖုန်း SMS စနစ်တို့ သတိပေးချက်ပို့ပေးမည့် နည်းပညာလည်း ထည့်သွင်းပေးထားကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့မှသိရသည်။

မန္တလေးတိုင်းရှိ အစိုးရဌာနအားလုံး၏ ၀န်ဆောင်မှုနှင့် အချက်အလက်များ ကြည့်နိုင်မည့် e-Mandalay Web Portal စတင်မိတ်ဆက် မန္တလေးတိုင်းရှိ အစိုးရဌာနအားလုံး၏ ၀န်ဆောင်မှုနှင့် အချက်အလက်များ ကြည့်နိုင်မည့် e-Mandalay Web Portal စတင်မိတ်ဆက် Reviewed by The Collector on Saturday, July 22, 2017 Rating: 5

No comments