ဒုတိယအကြိမ် တယ်လီနောနံပါတ်အလှ လေလံပွဲ မန္တလေးတွင် ပြုလုပ်မည်


ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် တယ်လီနော နံပါတ်အလှလေလံပွဲကျင်းပနေစဉ်(ဓာတ်ပုံ−Telenor Myanmar)

တယ်လီနောမြန်မာ၏ ဒုတိယအကြိမ် နံပါတ်အလှလေ လံပွဲကို မတ်လ ၂၅ ရက်တွင် မန္တလေးမြို့၌ ကျင်းမည်ဖြစ်ပြီး ကြမ်းခင်းဈေးကျပ်သိန်း သုံးဆယ်တန် အထူးနံပါတ် အလှပေါင်း တစ်ရာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

‘‘ပထမအကြိမ် လေလံပွဲမှာ တယ်လီနောသုံးစွဲသူတွေဆီက အကူအညီတွေ အများကြီးရခဲ့ပါ တယ်။ လေလံပွဲကနေ ငွေကျပ် ၃,၁၈၃ သိန်းကို myME ရဲ့ပညာ ရေးစီမံကိန်းမှာ အသုံးပြုဖို့ လှူ ဒါန်းနိုင်ခဲ့တဲ့အတွက် သုံးစွဲသူတွေ ဟာ နံပါတ်လှတွေကိုပဲ စိတ်ဝင်စားတာ မဟုတ်ဘဲ လူမှုအဖွဲ့အစည်းကို အထောက်အကူပြုဖို့ပါ သဘောကျတယ်ဆိုတာ မြင်နိုင်ပါ တယ်’’ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် ပတ်တာ ဖာဘတ်က ပြောသည်။

တယ်လီနောအနေဖြင့် ၀၉ ၇၉ ၉၉၉၉၉၉၉၊ ၀၉ ၇၇ ၇၇၇၇ ၇၇၀၊ ၀၉ ၇၉ ၉၀၀၀၀၀၀ စသည့် နံပါတ်များဖြင့် စသော အထူးနံ ပါတ်ပေါင်းတစ်ရာကို လေလံ တင်ရောင်းချပေးသွားမည်ဖြစ်ပြီး လေလံပွဲတွင် ကြမ်းခင်းဈေးကို နံပါတ်အားလုံးအတွက် ကျပ်သိန်းသုံးဆယ်သတ်မှတ်ထားကြောင်း သိရသည်။


ယခုပြုလုပ်သွားမည့် ဒုတိယ အကြိမ် နံပါတ်အလှ လေလံပွဲတွင်ရရှိလာသော အကျိုးအမြတ်များ ကို ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ နယ်ရှိ မြတ်လေးရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျောင်းဆောင်သစ်တစ်ခုနှင့် ဒစ် ဂျစ်တယ်ပညာသင်ကြားရေးစင် တာတစ်ခုဆောက်လုပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း တယ်လီ နောမြန်မာက ဆိုသည်။

လေလံပွဲကို မတ်လ ၂၅ ရက်တွင် မန္တလေးမြို့ ဆီဒိုးနားဟိုတယ် ၌ ကျင်းပသွားမည်ဖြစ်ပြီး စိတ်ဝင် စားသူများအနေဖြင့် အမည်၊ လိပ်စာ၊ မှတ်ပုံတင်၊ E-mail၊ ကုမ္ပဏီ အမည်၊ ဘဏ်စာရင်း စသည့်အ ချက်အလက်များကို special number@telenor.com.mm သို့ mail ပို့၍ ဖြစ်စေ ၀၉ ၇၉၇၀၀၀၀၇၉ သို့ဆက်သွယ်၍ ဖြစ်စေ မတ်လ ၂၁ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ် တယ်လီနောနံပါတ်အလှ လေလံပွဲ မန္တလေးတွင် ပြုလုပ်မည် ဒုတိယအကြိမ် တယ်လီနောနံပါတ်အလှ လေလံပွဲ မန္တလေးတွင် ပြုလုပ်မည် Reviewed by The Collector on Friday, March 18, 2016 Rating: 5

No comments