ဆမ်ဆောင်း Galaxy S7 စမတ်ဖုန်း ဝယ်ယူရန် ညအိပ်စောင့်ဆိုင်းသူများရှိပြီး နာရီပိုင်းအတွင်းရောင်းကုန်



ဆမ်ဆောင်း Galaxy S7 ဖုန်းရောင်းကုန်သွားကြောင်း ကြေညာနေသူများ(Samsung Mobile Myanmar)
ဆမ်ဆောင်း၏နောက်ဆုံးပေါ်စမတ်ဖုန်းဖြစ်သည့် GalaxyS7 ကို မတ်လ ၂၀ ရက်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ ရောင်းချပေးခဲ့ရာ ညအိပ်စောင့်ဆိုင်းဝယ်ယူသူများရှိခဲ့ပြီး နာရီပိုင်းအတွင်းသတ်မှတ်ထားသည့်အလုံးအရေအတွက် ရောင်းကုန်ခဲ့ကြောင်း Samsung မြန်မာက သတင်းထုတ်ပြန်သည်။
‘‘ကျွန်တော်တို့ရဲ့နောက်ဆုံး ပေါ် Galaxy S7 edge အပေါ်မှာ မြန်မာပြည်က သုံးစွဲသူတွေရဲ့ပံ့ပိုး မှုကို အခိုင်အမာရရှိခဲ့ပါတယ်။ Galaxy S7 edge သတ်မှတ်ထား တဲ့အရေအတွက်ကို နာရီပိုင်းအ နည်းငယ်အတွင်း ရောင်းကုန်ခဲ့ပါ တယ်’’ဟု Samsung မြန်မာ၏မို ဘိုင်းဌာနအကြီးအကဲ ကိုဇာနည် ဝင်းထက်က ပြောကြားခဲ့သည်။
Galaxy S7 edge ကို စတင်မရောင်းချမီ တစ်ရက်အလိုတွင် ရန်ကုန်မြို့ မြန်မာပလာဇာ၌ ည ၇ နာရီခွဲခန့်မှစ၍ ညအိပ်တန်း စီကာ ဝယ်ယူသူများရှိခဲ့ပြီး မန္တ လေးမြို့ ဆီဒိုးနားဟိုတယ်တွင် လည်း ညနေ ၅ နာရီခန့်မှစ၍ ည အိပ်စောင့်ဆိုင်းကာ ဝယ်ယူသူ များရှိခဲ့ကြောင်း Samsung မြန်မာက ဆိုသည်။

S7 edge ကို စတင်ရောင်းချရာတွင် ရန်ကုန်နှင့်မန္တလေးတို့မှ ပထမဆုံးဝယ်ယူသူ ၁၄ ဦးအားGear VR ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး အခြားဝယ်ယူသူများအတွက် ကျပ်တစ်သိန်းခွဲတန်ဖိုးရှိ လက်ဆောင်များနှင့် Gear S2 Classic စမတ်နာရီအလုံးနှစ်ရာ မဲဖောက်ပေးခဲ့သည်။
‘‘Samsung Galaxy S7 နဲ့ Galaxy S7 edge ဝယ်ယူသုံးစွဲ သူတွေအနေနဲ့ Service Card ပါဝင်တဲ့ Samsung Premium Care Pack လက်ခံရရှိမှာ ဖြစ် ပါတယ်။ ဒီအစီအစဉ်နဲ့အတူ အ ရည်အသွေးမြင့်တဲ့ အိမ်အရောက် ဝန်ဆောင်မှုတွေရရှိနိုင်မှာဖြစ်ပြီး Samsung Premium Care ရဲ့ တိုင်ပင်ဆွေးနွေးသူတွေနဲ့လည်း လွယ်လွယ်ကူကူဆွေးနွေးနိုင်ဖို့ စီစဉ်ပံ့ပိုးပေးထားပါတယ်’’ဟု ကို ဇာနည်ဝင်းထက်က ပြောခဲ့သည်။
Samsung Premium Care၏ အိမ်အရောက်ဝန်ဆောင်မှုကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သာ ရရှိနိုင်ဦးမည်ဖြစ်ပြီး စတင် မိတ်ဆက်သည့် အထိမ်းအမှတ် အနေဖြင့် ၂၀၁၆ အောက်တိုဘာ မတိုင်မီအထိ ဖုန်း၏အရှေ့မျက် နှာပြင်ပျက်စီးမှုအတွက် ကျသင့် ငွေ၏ ၅၀ ရာခိုင်နှုန်း၊ ဖုန်း၏အ နောက်မျက်နှာပြင်ပျက်စီးမှုအ တွက် ကျသင့်ငွေ၏ ၁၀၀ ရာခိုင် နှုန်းတို့ကို Samsung မြန်မာက ကျခံပေးမည်ဖြစ်သည်။
Samsung အနေဖြင့် Galaxy S7 edge ကို ကျပ်ကိုးသိန်းဖြင့် ရောင်းချပေးခဲ့ပြီး S7 ကိုမူ မကြာမီ ရက်ပိုင်းအတွင်း ဆက်လက် ရောင်းချပေးရန်ရှိကြောင်း သိရသည်။
ဆမ်ဆောင်း Galaxy S7 စမတ်ဖုန်း ဝယ်ယူရန် ညအိပ်စောင့်ဆိုင်းသူများရှိပြီး နာရီပိုင်းအတွင်းရောင်းကုန် ဆမ်ဆောင်း Galaxy S7 စမတ်ဖုန်း ဝယ်ယူရန် ညအိပ်စောင့်ဆိုင်းသူများရှိပြီး နာရီပိုင်းအတွင်းရောင်းကုန် Reviewed by The Collector on Monday, March 21, 2016 Rating: 5

No comments