ဖိုက်ဘာဆက်ကြောင်းချို့ယွင်းမှုကြောင့် မန္တလေးတိုင်းနေရာအချို့တွင် ဆက်သွယ်ရေးယာယီဖြတ်တောက်


ဖိုက်ဘာဆက်ကြောင်းချို့ယွင်းမှုကြောင့် ဖုန်းဆက်သွယ်မှုအချို့ ယာယီပြတ်တောက်ခဲ့သည်။ဓာတ်ပုံ−စိုင်းဇော်

မန္တလေးတိုင်းအတွင်းရှိ မြို့နယ် နှစ်ခုနှင့် မြို့ ငါးခုတွင် ဖိုက်ဘာဆက်ကြောင်း ချို့ယွင်းမှု ကြောင့် ဖုန်းခေါ်ဆိုခြင်းနှင့် အင် တာနက်အသုံးပြုခြင်းများ ယာယီ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း မတ်လ ၂၄ ရက်တွင် တယ်လီနောမြန်မာက သတင်းထုတ်ပြန်လိုက်သည်။

‘‘ဖိုက်ဘာဆက်ကြောင်း ချို့ ယွင်းမှုကြောင့် လိုင်းပြတ်တောက် မှုတွေ ယာယီဖြစ်ပေါ်ခဲ့တာပါ။ လက်ရှိမှာ တယ်လီနောမြန်မာက ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြုပြင် ထိန်းသိမ်းမှုကြောင့် ပြန်ကောင်း သွားပါပြီ။ ကွန်ရက်တည်ငြိမ်မှုရှိ စေဖို့အတွက်လည်း စောင့်ကြည့် နေပါတယ်’’ဟု တယ်လီနောမြန် မာ၏ Call Center မှ တာဝန်ရှိသူ တစ်ဦးက ပြန်လည်ဖြေကြားခဲ့ သည်။


ဖိုက်ဘာဆက်ကြောင်း ချို့ ယွင်းမှုမှာ မတ်လ ၂၃ ရက် ည ၉ နာရီကျော်ခန့်တွင် လိုင်းပြတ်တောက်မှု စတင်ဖြစ်ပွားခဲ့ပြီး တယ်လီနောမှ ကျွမ်းကျင်ပညာရှင်များ၏ ပြုပြင်မှုကြောင့် ၂၄ ရက် နံနက် ၁၁ နာရီခန့်တွင် ပြန်လည်ကောင်းမွန်လာခဲ့ကာဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်လိုင်းများပြတ်တောက်မှု ၁၇ နာရီခန့်ကြာမြင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ဖုန်းခေါ်ဆိုမှုနှင့် အင်တာ နက်လိုင်းများ ပြတ်တောက်ခဲ့ သည့်နေရာများမှာ မန္တလေးတိုင်း အတွင်းရှိ ချမ်းအေးသာစံနှင့် မတ္တ ရာမြို့နယ်၊ မိုးကုတ်၊ သပိတ် ကျင်း၊ စဥ့်ကူ၊ ထီးချိုင့်နှင့် ကသာ မြို့တို့ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

ယခုဖြစ်ပေါ်ခဲ့သည့် တယ်လီ နောမြန်မာ၏ ဖိုက်ဘာဆက် ကြောင်း ချို့ယွင်းမှုဖြစ်စဉ်မှာ မတ် လအတွင်း လေးကြိမ်မြောက်ဖြစ် ပြီး မတ်လ ၆ ရက်က ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်ခု၊ မတ်လ ၉ ရက်နှင့် ၂၀ ရက်တို့တွင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ရှစ်ခုတို့၌ ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်အသုံးပြုမှုများ ယာယီပြတ်တောက်ခဲ့ကြောင်း တယ်လီနောမြန်မာက ထုတ်ပြန်သည်။

ဖိုက်ဘာဆက်ကြောင်းချို့ယွင်းမှုကြောင့် မန္တလေးတိုင်းနေရာအချို့တွင် ဆက်သွယ်ရေးယာယီဖြတ်တောက် ဖိုက်ဘာဆက်ကြောင်းချို့ယွင်းမှုကြောင့် မန္တလေးတိုင်းနေရာအချို့တွင် ဆက်သွယ်ရေးယာယီဖြတ်တောက် Reviewed by The Collector on Friday, March 25, 2016 Rating: 5

No comments