အခြားဖုန်းများသို့ အားပြန်သွင်းပေးနိုင်မည့် Zenfone Max စမတ်ဖုန်း ပြည်တွင်းဈေးကွက်စဖြန့်


စမတ်ဖုန်းတစ်ခုအနေဖြင့်သာမက အခြားဖုန်းများကိုပါ အားပြန်သွင်းပေးနိုင်မည့် Power Bank အဖြစ် သုံးနိုင်သည့် Zenfone Max စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်၌ စတင်ဝယ်ယူနိုင်ပြီးဖြစ်ကြောင်း Asus မြန်မာက သတင်းထုတ်ပြန်သည်။

Zenfone Max ၏ ထူးခြားချက်မှာ စွမ်းဆောင်ရည်ကောင်း မွန်သည့် 5000mAh ဘက်ထရီတပ်ဆင်ထားပြီး စမတ်ဖုန်းတစ်လုံးအနေဖြင့် အားကုန်မြန်သော ပြဿနာကိုဖြေရှင်းပေးနိုင်မည် ဖြစ်သကဲ့သို့ Power Bank အဖြစ်အားပြန်သွင်းပေးနိုင်မည့်စနစ်လည်း ပါဝင်သည်။

Zenfone Max တွင် Snapdragon 410 CPU နှင့် RAM 2GB တို့ကိုတွဲဖက်ပေးထားပြီး ရုပ်ထွက်ပိုင်းကောင်းမွန်စေရန်  ၅ ဒသမ ၅ လက်မ HD မျက်နှာပြင်တပ်ဆင်ထားသည်။

ဖုန်း၏ဒီဇိုင်းပိုင်းအနေဖြင့် ရှေ့ဖန်သားပြင်အစင်းထင်ခြင်းကို ကာကွယ်ပေးနိုင်သည့် Gorilla Glass 4 ဖြင့် ကာကွယ်ပေးထားပြီး ဘေးဘက်၌ သတ္တုဘောင်နှင့်ကျောဘက်တွင်Leather ဖြင့် ဖုန်းအုပ်ထားသည်။


ကင်မရာပိုင်းအနေဖြင့် 0.03စက္ကန့်အတွင်း ဓာတ်ပုံများရိုက်ကူးပေးနိုင်မည့် Laser Auto Focus စနစ်ပါဝင်သော 13MP ကျောဘက်ကင်မရာ တပ်ဆင်ထားပြီး အရှေ့ဘက်တွင် မြင်ကွင်း ကျယ် Selfie များ ရိုက်ကူးနိုင်မည့် 5MP ကင်မရာကိုပါရှိသည်။

ဖုန်းတွင်းမှတ်ဉာဏ်အနေ ဖြင့် 16GB ပါဝင်ပြီး မလုံလောက် ပါက SD Card ဖြင့် 64GB အထိ တိုးချဲ့အသုံးပြုနိုင်မည်ဖြစ်ကာ Dual Sim ဖြစ်သည့်အတွက် ဆင်းမ်ကတ်နှစ်ခုအသုံးပြုလိုသူ များ အဆင်ပြေမည်ဖြစ်သည်။

Zenfone Max ကို ပြည်တွင်း ဈေးကွက်၌ ကျပ် ၂၂၉,၀၀၀ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း Asus မြန်မာမှ သိရသည်။

အခြားဖုန်းများသို့ အားပြန်သွင်းပေးနိုင်မည့် Zenfone Max စမတ်ဖုန်း ပြည်တွင်းဈေးကွက်စဖြန့် အခြားဖုန်းများသို့ အားပြန်သွင်းပေးနိုင်မည့် Zenfone Max စမတ်ဖုန်း ပြည်တွင်းဈေးကွက်စဖြန့် Reviewed by The Collector on Saturday, March 26, 2016 Rating: 5

No comments