မိုဘိုင်းဖုန်းဘီလ်အခွန်ကောက်ခံမည့် နည်းလမ်းဆွေးနွေးနေဆဲဟုဆို


လာမည့် ဧပြီ ၁ ရက်ကစ၍ မိုဘိုင်းဖုန်းဘီလ်အခွန်ကောက်မည်ဖြစ်သည်။

ဧပြီ ၁ရက်မှစတင်ပေး ဆောင်ရမည့် မိုဘိုင်းဖုန်းအသုံးပြု သောကြောင့် ကုန်သွယ်လုပ်ငန်း ခွန်ကောက်ခံရမည့်နည်းလမ်းများနှင့်ပတ်သက်၍ အစိုးရနှင့် ဆွေးနွေးနေဆဲဖြစ်ကြောင်း သ တင်းရရှိသည်။

မိုဘိုင်းဖုန်းအသုံးပြုသူတိုင်း သည် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ဧပြီ ၁ရက်မှစတင် ပေးဆောင်ရမည်ဖြစ်သော်လည်း ကောက်ခံမည့်နည်းလမ်းများကို အစိုးရနှင့်ဆွေးနွေးနေကြောင်း ဆက်သွယ်ရေး အော်ပရေတာ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဘယ်လိုကောက်ခံမလဲဆို တာဆွေးနွေးနေတုန်းပဲ။ ကောက် ခံရမယ့် နည်းလမ်းထွက်ပေါ်တာ နဲ့ သတင်းထုတ်ပြန်မှာပါ’’ဟု ၎င်းက ဆိုသည်။

 မိုဘိုင်းဖုန်းသုံးစွဲသူများက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းနှင့် ပတ်သက်၍ မရှင်းလင်းမှုများဖြစ် ပေါ်နေပြီး ၎င်းတို့ထည့်သွင်းသည့် ငွေဖြည့်ကတ်ပမာဏထဲမှ ဖြတ် တောက်မည်ဟု ယူဆနေ၍ ယင်းကဲ့သို့မဟုတ်ဘဲ သုံးစွဲသည့်ပမာဏအလိုက် ကောက်ခံမည်ဖြစ်ကြောင်း MPTနှင့်အူရီးဒူးမြန်မာတို့က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့်ရှင်းလင်းထားသည်။


‘‘အခွန်ကောက်ခံမှုမှာ ငွေ ဖြည့်ကတ်ဖြည့်သွင်းမှုအပေါ်တွင် ကောက်ခံခြင်းမဟုတ်ဘဲ အသုံးပြု သည့်ပမာဏပေါ်တွင်ကောက်ခံ ခြင်းဖြစ်ပါတယ်ခင်ဗျာ’’ဟု အူရီး ဒူးမြန်မာဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ် ဦးအားရှင်းပြထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း(MPT)ကလည်း ‘‘ငွေဖြည့် ကတ်ဖြည့်ခြင်းနဲ့မဆိုင်ပါဘူးခင် ဗျာ။ ငွေဖြည့်ကတ် ငါးထောင် ဖြည့်လျှင် ငါးထောင်အပြည့်ရရှိ မှာဖြစ်ပါတယ်ခင်ဗျာ’’ဟု ဖြေ ကြားထားသည်။

MPTနှင့် အူရီးဒူးမြန်မာတို့က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် အထက်ပါအတိုင်းဖြေကြားထား သော်လည်း ကောက်ခံမည့်ပုံစံ နည်းလမ်းအသေးစိတ်ကို ရှင်းပြ ထားခြင်းမရှိပေ။ ဆက်သွယ်ရေး အော်ပရေတာသုံးခုစလုံးက အခွန် ၅ရာခိုင်နှုန်းကို ဖုန်းအသုံးပြုသည့် ကျသင့်ငွေထဲမှ ထည့်သွင်း ကောက်ခံမည်ဖြစ်ပြီး နိုင်ငံ တော်အစိုးရကို လစဉ်ပေးသွင်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မိုဘိုင်းဖုန်းအသုံးပြုသူများ ထံမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာ ခိုင်နှုန်းကောက်ခံရန် ပြီးခဲ့သည့် နှစ်က စီစဉ်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က တစ်နှစ်ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့၍ ၂၀၁၆ ဧပြီ ၁ရက် တွင် စတင်ကောက်ခံမည်ဟု ဆက်သွယ်ရေးအော်ပရေတာသုံး ခုစလုံးကကြေညာထားသည်။

မိုဘိုင်းဖုန်းဘီလ်အခွန်ကောက်ခံမည့် နည်းလမ်းဆွေးနွေးနေဆဲဟုဆို မိုဘိုင်းဖုန်းဘီလ်အခွန်ကောက်ခံမည့် နည်းလမ်းဆွေးနွေးနေဆဲဟုဆို Reviewed by The Collector on Sunday, March 27, 2016 Rating: 5

No comments