ဆမ်ဆောင်း S7 နှင့် S7 Edge ၀ယ်သူများ အိမ်အရောက်ပြုပြင်ပေးသော ၀န်ဆောင်မှု ရယူနိုင်


ဆမ်ဆောင်း၏ နောက်ဆုံးပေါ် စမတ်ဖုန်းများဖြစ်သည့် Galaxy S7နှင့် S7 Edge အသုံးပြုသူများအတွက် ၎င်းတို့၏ စမတ်ဖုန်းများ ချို့ယွင်းမှုဖြစ်ပေါ်ပါက အိမ်အရောက် လိုက်လံပြုပြင်ပေးမည့် Premium Care အစီအစဉ်ကို ဆမ်ဆောင်းကစတင်မိတ်ဆက်ခဲ့သည်။

 ‘‘Samsung Premium Care အစီအစဉ်သစ်ဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ပိုပြီးတော့ အထောက်အကူပြုနိုင်ဖို့ မိတ်ဆက်လိုက်တာဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ GalaxyS7 နဲ့ S7 Edge ၀ယ်ယူသုံးစွဲသူတွေအနေနဲ့ ဒီတန်ဖိုးရှိတဲ့ အိမ်အရောက်ဝန်ဆောင်မှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်’’ဟု ဆမ်ဆောင်းမြန်မာ၏ မိုဘိုင်းဌာနအကြီးအကဲဦးဇာနည်ဝင်းထက်က ပြောသည်။

Samsung Premium Careအစီအစဉ်အတွက် ဖုန်း - ၀၁ ၂၃၉၉၉၉၀ ကို Call Center အဖြစ် ထားရှိပေးထားပြီး အဆိုပါဖုန်းချို့


ယွင်းမှုတစ်ခုခုဖြစ်ပါက ဆော့ဖ်ဝဲ၀န်ဆောင်မှုအတွက် အိမ်အရောက်ပြုပြင်ပေးခြင်းနှင့် ဟာ့ဒ်ဝဲ၀န်ဆောင်မှုအတွက် အိမ်သို့ ဖုန်းလာယူပေးကာ ပြုပြင်နေဆဲကာလအတွင်း ဖုန်းတစ်လုံးကို ခေတ္တအစားထိုးပေးခြင်းစသည့် ၀န်ဆောင်မှုများ ရရှိနိုင်မည်ဖြစ်သည်။

 အိမ်အရောက်ဝန်ဆောင်မှုကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်သာ ရရှိနိုင်ဦးမည်ဖြစ်ပြီး စတင်မိတ်ဆက်သည့် အထိမ်းအမှတ်အနေဖြင့် အောက်တိုဘာမတိုင်မီအထိ ဖုန်း၏အရှေ့မျက်နှာပြင်ပျက်စီးမှုအတွက် ကျသင့်ငွေ၏ ၅၀ ရာခိုင် နှုန်း၊ ဖုန်း၏ အနောက်မျက်နှာပြင်ပျက်စီးမှုအတွက် ကျသင့်ငွေ၏ ၁၀၀ ရာခိုင်နှုန်းတို့ကို ဆမ်ဆောင်းမြန်မာက ကျခံပေးမည်ဖြစ်သည်။

အခြားသောမြို့များမှ S7 နှင့် S7 Edge အသုံးပြုသူများ မှာမူ ဆမ်ဆောင်း၏ Customer Service Center များသို့ သွားရောက်ပြုပြင်ရမည်ဖြစ်သည်။

ဆမ်ဆောင်းမှ အသစ်ထွက်ရှိလာမည့် အခြားသော ထိပ်တန်းစမတ်ဖုန်းများအတွက်လည်း အဆိုပါ ၀န်ဆောင်မှုပေးရန် စီစဉ်နေသည်ဟု ဆိုသည်။

ဆမ်ဆောင်း S7 နှင့် S7 Edge ၀ယ်သူများ အိမ်အရောက်ပြုပြင်ပေးသော ၀န်ဆောင်မှု ရယူနိုင် ဆမ်ဆောင်း S7 နှင့် S7 Edge ၀ယ်သူများ အိမ်အရောက်ပြုပြင်ပေးသော ၀န်ဆောင်မှု ရယူနိုင် Reviewed by The Collector on Saturday, March 19, 2016 Rating: 5

No comments