အစိုးရခွင့်ပြုချက်မရသေးသဖြင့် သန်လျင်အိုင်စီတီစီးတီးစီမံကိန်း မစတင်နိုင်သေး


လှိုင်တက္ကသိုလ်နယ်မြေအတွင်းရှိ ICT Park အဆောက်အအုံ(ဓာတ်ပုံ−နစ်ကီ)

သန်လျင်မြို့အနီးအိုင်စီတီစီးတီးတည်ဆောက်ရန် စီစဉ် ထားမှုသည် အစိုးရ၏ ခွင့်ပြုချက် မရရှိသေး၍ လုပ်ငန်းစတင်နိုင် ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သတင်း ရရှိသည်။

ယခင်အစိုးရလက်ထက်က သန်လျင်မြို့အနီး မြေဧက ၃၆၀ ပေါ်တွင် ရန်ကုန်မြို့၏ ဒုတိယ မြောက် အိုင်စီတီရပ်ဝန်းတည် ဆောက်ရန် လျာထားသော်လည်း နောက်ဆုံးအဆင့် ခွင့်ပြုချက်ပေး မည့်အချိန်၌ အစိုးရအပြောင်းအ လဲဖြစ်ခဲ့၍ လက်ရှိအချိန်အထိ ရပ်ဆိုင်းထားရကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

‘‘မစနိုင်ဘူးဗျ။ သေချာတယ် မစနိုင်ဘူး။ ခွင့်ပြုမိန့်မှမရှိရင် ဘာ မှလုပ်လို့ မရဘူးလေ’’ဟု ၎င်းက 7Day Daily သတင်းစာအား ဖြေကြားသည်။


အဆိုပါ အိုင်စီတီစီးတီးအ ကောင်အထည်ဖော်ရန် မြန်မာ နိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် သက် ဆိုင်ရာဝန်ကြီးဌာန (ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) တို့သို့ တင်ပြတောင်းဆိုထား ကြောင်း ဦးခွန်ဦးက ပြောသည်။

‘‘နောက်ဆုံးအဆင့်မှာ အစိုး ရအပြောင်းအလဲဖြစ်သွားတော့ approve မဖြစ်ပေးခဲ့ဘူး။ ကျွန် တော်တို့ကလည်း သေချာရှင်းပြ ဖို့လိုတာပေါ့။ ဒါတွေ ဒါတွေက တစ်ဦးတစ်ယောက်ကောင်းစားဖို့ လုပ်တာမဟုတ်ဘဲ industry  ကောင်းစားဖို့ လုပ်တယ်ဆိုတာ ရှင်းပြထားပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

 အထက်ပါ စီမံကိန်းမြေနေရာအတွက် တစ်ဧကလျှင် ပျမ်းမျှကျပ် သိန်း ၁၀၀ ခန့်ကုန်ကျကာ ကျပ်သိန်း ၃၇,၀၀၀ ကျော်ဖြင့် ဒေသခံများထံမှ အပြီးသတ်ဝယ်ယူခဲ့ကြောင်း ပြီးခဲ့သည့် ဇန်န၀ါရီက သတင်းထုတ်ပြန်ထားသည်။

အစိုးရခွင့်ပြုချက်မရသေးသဖြင့် သန်လျင်အိုင်စီတီစီးတီးစီမံကိန်း မစတင်နိုင်သေး အစိုးရခွင့်ပြုချက်မရသေးသဖြင့် သန်လျင်အိုင်စီတီစီးတီးစီမံကိန်း မစတင်နိုင်သေး Reviewed by The Collector on Tuesday, July 05, 2016 Rating: 5

No comments