တယ်လီနော ဖေ့စ်ဘွတ်ခ် အခမဲ့အစီအစဉ် သုံးစွဲသူများနေ၍ သုံးစွဲခွင့်ပမာဏ ပြန်လည်ကန့်သတ်


ဓာတ်ပုံ−နစ်ကီ

တယ်လီနောမြန်မာ၏ စိတ်ကြိုက်အစီအစဉ် မိတ်ဆက် ခဲ့ပြီးနောက် ငါးရက်မြောက်နေ့တွင် သုံးစွဲသူများပြားသည်ဟု ဆိုကာ အကန့်အသတ်ဖြင့်သုံးစွဲနိုင်  သည့်စနစ်မှ တစ်ရက်လျှင် 150 MB သာ သုံးစွဲနိုင်သည့်စနစ်သို့ ပြောင်းလဲခဲ့ကြောင်း သတင်းရရှိသည်။

 တယ်လီနောမြန်မာသည် ၎င်းတို့၏ စိတ်ကြိုက်အစီအစဉ် သစ်ကို ဇူလိုင် ၁ ရက်မှစတင်သုံး စွဲခွင့်ပြုခဲ့ပြီး ခုနစ်ရက်ကြာ အခမဲ့ (အကန့်အသတ်မရှိ) သုံးစွဲနိုင် မည်ဟု ကြေညာခဲ့သည်။

ယင်းကဲ့သို့ ကြေညာပြီး ၅ ရက်မြောက်နေ့တွင် သုံးစွဲသူများပြားလာခဲ့ပြီး အဆမတန် အသုံးပြုမှုကြောင့် ဖေ့စ်ဘွတ်ခ်အသုံးပြုမှုကို တစ်ရက်လျှင် 150 MB သာသုံးစွဲနိုင်သည့် အစီအစဉ်သို့ပြောင်းလဲခြင်းဖြစ်ကြောင်း တယ်လီနောမြန်မာမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။


‘‘လိုင်းက တော်တော်ကျ သွားတယ်။ ကျွန်တော်တို့ကFree (အခမဲ့) ပေးထားပေမယ့် သုံးမရ ရင်လည်း အလကားပဲလေ။ သုံးစွဲ သူတွေအဆင်ပြေအောင် အကန့် အသတ်လေး လုပ်ပေးလိုက်တာ။ တစ်ရက် 150 MB ကလည်း မ နည်းပါဘူး။ ဗိုက်ဘာကတော့ အ ရင်အတိုင်းပဲ ကန့်သတ်မထား ဘူး’’ဟု အထက်ပါပြောရေးဆို ခွင့်ရှိသူကဆိုသည်။

 တယ်လီနောမြန်မာ၏ စိတ်ကြိုက်အစီအစဉ် ရယူသူများသည် ဖေ့စ်ဘွတ်ခ် (တစ်ရက်လျှင်150 MB )၊ ဗိုက်ဘာ (အကန့်အသတ်မရှိ) ခုနစ်ရက် ကြာသုံးစွဲပြီးနောက် ယင်းစနစ်အတိုင်း သုံးထောင်ကျပ်တန် ငွေဖြည့်ကတ် ထည့်သွင်းလျှင် ငါးရက်ကြာ အခမဲ့ကိုလည်းကောင်း၊ သုံးထောင်ကျပ်အထက် ဖြည့်သွင်းပါက ၁၀ ရက်ကြာ အခမဲ့ကိုလည်းကောင်း၊ တစ်သောင်း ကျပ်ဖြည့်သွင်းပါက ရက်၃၀ဆယ်ကြာ အခမဲ့အဖြစ် အဆိုပါ လူမှုကွန်ရက်နှစ်ခုကို အသုံးပြုနိုင် သည်ဟုဆိုသည်။

ယခုရက်ပိုင်းအတွင်း တယ် လီနောမြန်မာမှ ဖေ့စ်ဘွတ်ခ်အခ မဲ့ အသုံးပြုခွင့်ပေးထားသော ကြောင့် အချို့သုံးစွဲသူများမှာ ဗီဒီ ယိုဖိုင်တစ်ခုလုံးကို Upload တင် ခြင်း၊ Download ပြုလုပ်ခြင်းတို့ ရှိနေ၍ အင်တာနက်လိုင်းကျဆင်း မှု ဖြစ်ပေါ်ခဲ့ကြောင်း သုံးစွဲသူများ က လူမှုကွန်ရက်တွင် ရေးသား ထားသည်။

‘‘ကျွန်တော်တို့နိုင်ငံမှာ တစ် ခုခုအလကားပေးရင် အကုန်လုံး ၀ိုင်းသုံးစွဲကြတယ်။ အဆမတန် လည်း ၀ိုင်းဆွဲကြတယ်။ အဲဒီရ လဒ်က နောက်ဆုံးတော့ သုံးစွဲသူ တွေကိုပဲ ပြန်ထိတာ။ ဒါပေမဲ့ တယ်လီနောက အခုပြောင်းလဲ လိုက်တဲ့ အခမဲ့ပမာဏက နည်း တယ်။ အနည်းဆုံး 400 MB လောက်ဖြစ်သင့်တယ်’’ဟု နည်းပညာပညာရှင်တစ်ဦးက ဆိုသည်။

တယ်လီနော ဖေ့စ်ဘွတ်ခ် အခမဲ့အစီအစဉ် သုံးစွဲသူများနေ၍ သုံးစွဲခွင့်ပမာဏ ပြန်လည်ကန့်သတ် တယ်လီနော ဖေ့စ်ဘွတ်ခ် အခမဲ့အစီအစဉ် သုံးစွဲသူများနေ၍ သုံးစွဲခွင့်ပမာဏ ပြန်လည်ကန့်သတ် Reviewed by The Collector on Wednesday, July 06, 2016 Rating: 5

No comments