ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ဖန်တီးသည့် နည်းပညာထုတ်ကုန်ပြပွဲ ကျင်းပမည်


Software Showcase နည်းပညာထုတ်ကုန်ပြပွဲအတွက် သတင်းစာရှင်းလင်းပွဲ(ဓာတ်ပုံ−ထက်အာကာကျော်)

ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ တီထွင်ဖန်တီး ထားသော နည်းပညာထုတ်ကုန်ပြ ပွဲ (Showcase) ကို သြဂုတ် ၃ ရက်တွင် ရန်ကုန်ကွန်ပျူတာတက္က သိုလ် (UCSY) ၌ ပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

အဆိုပါ နည်းပညာ Showcase တွင် မိုဘိုင်းအက်ပလီကေး ရှင်းများ၊ ၀က်ဘ်နှင့် ဂိမ်းများ စ သည့် ဆော့ဖ်ဝဲ ၁၈ မျိုး မိတ်ဆက်မည်ဟု ကွန်ပျူတာသိပ္ပံကလပ် (CS Club) တည်ထောင်သူ ကိုမိုးလုံးပြည့်လျှံက ပြောသည်။

‘‘ကျောင်းသားတွေရဲ့ ဖန် တီးမှုက အားနည်းချက်တွေ၊ လို အပ်ချက်တွေရှိမှာပါ။ ဒါပေမဲ့ ဒီ လိုအချိန်မှာ ဘယ်လောက်လုပ် နိုင်လဲဆိုတာ ပြသချင်တာရယ်၊ ကျောင်းပြီးတာနဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုကောင်းအောင် ဒီလိုပြပွဲကို စီစဉ်ဖြစ်တာ’’ဟု ၎င်း က ဆက်လက်ပြောကြားသည်။


ပြပွဲတွင် ပြသမည့် ထုတ် ကုန်များအတွက် CS Club မှ ကျောင်းသားအချို့က ဦးဆောင် ၍ ဆော့ဖ်ဝဲရေးဆွဲမည့် ကျောင်း သားများနှင့်ပူးပေါင်းကာ ပြုလုပ် ဖန်တီးခြင်းဖြစ်သည်ဟု ဆိုသည်။

အထက်ပါ နည်းပညာထုတ် ကုန်ပြပွဲကို ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် ဒုတိယအကြိမ် မြောက် စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး ယမန်နှစ်က ပြုလုပ်သော ပြပွဲ၌ ထုတ်ကုန် ၁၀ မျိုး မိတ်ဆက်နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်ပြပွဲတွင် ဆော့ဖ်ဝဲ ၁၈ မျိုးကို လာရောက်ကြည့်ရှုသူ များက ကိုယ်တိုင်ကြည့်ရှု၍ မဲပေး နိုင်သော (Voting) အစီအစဉ် တစ်ရပ် ထည့်သွင်းပြုလုပ်မည်ဖြစ် ကြောင်း CS Club မှ ကျောင်းသား တစ်ဦးက ပြောသည်။ထက်အာကာကျော်

ရန်ကုန် - ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ တီထွင်ဖန်တီး ထားသော နည်းပညာထုတ်ကုန်ပြ ပွဲ (Showcase) ကို သြဂုတ် ၃ ရက်တွင် ရန်ကုန်ကွန်ပျူတာတက္က သိုလ် (UCSY) ၌ ပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

အဆိုပါ နည်းပညာ Showcase တွင် မိုဘိုင်းအက်ပလီကေး ရှင်းများ၊ ၀က်ဘ်နှင့် ဂိမ်းများ စ သည့် ဆော့ဖ်ဝဲ ၁၈ မျိုး မိတ်ဆက်မည်ဟု ကွန်ပျူတာသိပ္ပံကလပ် (CS Club) တည်ထောင်သူ ကိုမိုးလုံးပြည့်လျှံက ပြောသည်။

‘‘ကျောင်းသားတွေရဲ့ ဖန် တီးမှုက အားနည်းချက်တွေ၊ လို အပ်ချက်တွေရှိမှာပါ။ ဒါပေမဲ့ ဒီ လိုအချိန်မှာ ဘယ်လောက်လုပ် နိုင်လဲဆိုတာ ပြသချင်တာရယ်၊ ကျောင်းပြီးတာနဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုကောင်းအောင် ဒီလိုပြပွဲကို စီစဉ်ဖြစ်တာ’’ဟု ၎င်း က ဆက်လက်ပြောကြားသည်။

ပြပွဲတွင် ပြသမည့် ထုတ် ကုန်များအတွက် CS Club မှ ကျောင်းသားအချို့က ဦးဆောင် ၍ ဆော့ဖ်ဝဲရေးဆွဲမည့် ကျောင်း သားများနှင့်ပူးပေါင်းကာ ပြုလုပ် ဖန်တီးခြင်းဖြစ်သည်ဟု ဆိုသည်။

အထက်ပါ နည်းပညာထုတ် ကုန်ပြပွဲကို ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် ဒုတိယအကြိမ် မြောက် စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး ယမန်နှစ်က ပြုလုပ်သော ပြပွဲ၌ ထုတ်ကုန် ၁၀ မျိုး မိတ်ဆက်နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်ပြပွဲတွင် ဆော့ဖ်ဝဲ ၁၈ မျိုးကို လာရောက်ကြည့်ရှုသူ များက ကိုယ်တိုင်ကြည့်ရှု၍ မဲပေး နိုင်သော (Voting) အစီအစဉ် တစ်ရပ် ထည့်သွင်းပြုလုပ်မည်ဖြစ် ကြောင်း CS Club မှ ကျောင်းသား တစ်ဦးက ပြောသည်။

ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ဖန်တီးသည့် နည်းပညာထုတ်ကုန်ပြပွဲ ကျင်းပမည် ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ဖန်တီးသည့် နည်းပညာထုတ်ကုန်ပြပွဲ ကျင်းပမည် Reviewed by The Collector on Tuesday, July 26, 2016 Rating: 5

No comments