အူရီးဒူး၏ ‘ခုဖြေ ခုထော’ အစီအစဉ်ရပ်ဆိုင်းရန် ဆက်သွယ်ရေးစာထုတ်


ဖေ့စ်ဘွတ်ခ်တွင် ပျံနှံ့နေသော မေးခွန်း၊အဖြေနှင့် အကြောင်းပြန်စာကို တွေ့ရစဉ်

အူရီးဒူးမြန်မာ၏ ခုဖြေခု ထောအစီအစဉ်ကို ရပ်ဆိုင်းရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနက ဇူလိုင် ၂၃ရက်စွဲဖြင့် အ ကြောင်းကြားစာထုတ်ပြန်သည်။

အော်ပရေတာကုမ္ပဏီများ ကို ကြီးကြပ်ကွပ်ကဲရသော ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာန သည် ခုဖြေခုထောအစီအစဉ်ရပ် ဆိုင်းရန် အူရီးဒူးမြန်မာကုမ္ပဏီ အမှုဆောင်အရာရှိချုပ်ထံသို့ လိပ်မူ၍ ညွှန်ကြားစာပေးပို့ခဲ့ခြင်းဖြစ် သည်။

အဆိုပါအကြောင်းကြားစာ ထဲတွင် ယင်းအစီအစဉ်ကို ခွင့်ပြု နိုင်ရေးရှင်းလင်းစွာသိရန်လိုအပ် မှုများရှိနေသေးကြောင်းနှင့်ဆက်  သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင် မှုဆိုင်ရာ နည်းဥပဒေများနှင့်အညီ ကြိုတင်အသိပေးဆောင်ရွက်ခဲ့ ခြင်းမရှိသည့် အူရီးဒူးမြန်မာ၏ ခု ဖြေခုထောအစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းရန်နှင့် ဦးစီးဌာန၏ ခွင့်ပြုချက်မရမချင်းဆက်လက်ဆောင်ရွက်ခြင်းမပြုရန် ဖော်ပြထား သည်။


‘‘ကျွန်မတို့ဆီကိုအကြောင်း ကြားစာရောက်ပါပြီ။ အူရီးဒူးမြန် မာရဲ့ ဥပဒေပညာရှင်တွေနဲ့စကား ပြောနေပြီ။ လောလောဆယ် သ တင်းထုတ်ပြန်မှုတွေတော့မလုပ် သေးပါဘူး’’ဟု အူရီးဒူးမြန်မာ၏ Communications Teamမှ မပွင့် ဦးဆွေက 7Day Daily အားဖြေ ဆိုသည်။

သို့သော် ခုဖြေခုထောအစီ အစဉ်ကို ရပ်ဆိုင်းရန် အူရီးဒူးမြန် မာကုမ္ပဏီအမှုဆောင်အရာရှိ ချုပ်က ညနေ ၃နာရီခန့်အထိ ၎င်း တို့ထံ ညွှန်ကြားထားခြင်းမရှိသေး ကြောင်း မပွင့်ဦးဆွေကဆက် လက်ပြောကြားသည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ဇူလိုင် ၂၁ရက်က ခုဖြေခုထောအစီအစဉ်ကို ဦးစီးဌာနသို့ ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာဥပဒေများနှင့်အညီ ကြိုတင်အသိပေးဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပေါ် အမြန်ဆုံးရှင်းလင်းတင်ပြရန် အကြောင်းကြားခဲ့ကြောင်းနှင့် ရှင်းလင်းတင်ပြချက်မရောက်ရှိမီ ဌာနက ပဏာမစိစစ်ချက်ပြုလုပ်ခဲ့ကြောင်း အထက်ပါအကြောင်းကြားစာတွင် ဖော်ပြထားသည်။

အူရီးဒူးသည် ဇူလိုင် ၁၈ရက် မှ စ၍ ရက်ပေါင်း ၉၀ကြာ ခုဖြေခုထောအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး နေ့စဉ်ကျပ်သိန်းသုံးဆယ်၊ အပတ်စဉ်တန်ဖိုးကြီးစမတ်ဖုန်းများ၊ ဆုကြီးကျပ်သိန်းသုံးရာစသည့် ဆုသုံးမျိုး

ကို ၎င်းတို့၏ မေးခွန်းများကို ဖြေဆိုခြင်းဖြင့်ရရှိနိုင်ကြောင်း ကြေညာခဲ့သည်။

အဆိုပါအစီအစဉ်ကို ပါဝင် သူများသည် တစ်စောင်လျှင် နှစ် ရာကျပ်ဖြင့် မေးခွန်းများ ပြန်လည်ဖြေဆိုရခြင်းဖြစ်သည်။ သို့သော် ယင်းအစီအစဉ်စတင်ပြီး ရက်ပိုင်းအတွင်း မိုဘိုင်းဖုန်းသုံးစွဲသူများကထောက်ခံခြင်းထက် ဝေဖန်ပြစ်တင်ခြင်းများ ပိုမိုပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

အထက်ပါအကြောင်းကြား စာနှင့်ပတ်သက်၍ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးများထံ ဆက်သွယ်ခဲ့သော် လည်းမရရှိခဲ့ပေ။

အူရီးဒူး၏ ‘ခုဖြေ ခုထော’ အစီအစဉ်ရပ်ဆိုင်းရန် ဆက်သွယ်ရေးစာထုတ် အူရီးဒူး၏ ‘ခုဖြေ ခုထော’ အစီအစဉ်ရပ်ဆိုင်းရန် ဆက်သွယ်ရေးစာထုတ် Reviewed by The Collector on Monday, July 25, 2016 Rating: 5

No comments