‘ခုဖြေခုထော’အစီအစဉ်တွင် ငွေကုန်ကျခဲ့သူများအားလုံးကို ဖုန်းဘီလ်ပြန်လည်ဖြည့်ပေးပြီးကြောင်းနှင့် အစီအစဉ်နောက်ဆုံးအခြေအနေများထုတ်ပြန်


အူရီးဒူးမှ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်(ဓာတ်ပုံ−ထက်အာကာကျော်)

အူရီးဒူးမြန်မာ၏‘ခုဖြေ ခုထော’အစီအစဉ်အပေါ် သုံးစွဲသူ များ၏စိုးရိမ်ပူပန်မှုရှိခြင်းက ရပ် ဆိုင်းရသည့် အဓိကအကြောင်း ရင်းဖြစ်ကြောင်း အူရီးဒူးမြန်မာ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ပွင့်ဦးဆွေ က ဇူလိုင် ၂၉ ရက်တွင် ပြောကြားသည်။

‘‘ကျွန်မတို့အနေနဲ့ သုံးစွဲသူ တွေရဲ့အသံကိုလည်း နားထောင် ရတယ်။ အဓိကက ကိုယ့်ရဲ့သုံးစွဲ တဲ့သူတွေ စိုးရိမ်ပူပန်မှုမဖြစ်စေ ချင်ဘူး။ အဲဒါကြောင့်လည်း အခု ရပ်နားထားတဲ့အချိန်မှာ ပိုက်ဆံ တွေ ပြန်ထုတ်ပေးတာ’’ဟု အူရီးဒူး မြန်မာ၏ပြောရေးဆိုခွင့်ရှိသူ ဒေါ် ပွင့်ဦးဆွေက ပြောသည်။

အူရီးဒူးမြန်မာသည် ခုဖြေခု ထောအစီအစဉ်ရပ်နားရခြင်းအ ပေါ် နောက်ဆုံးအခြေအနေများ နှင့်ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၂၉ ရက်တွင်ရုံးချုပ်တည်ရှိရာ မြန်မာပလာဇာ (၁)၌ ပြုလုပ်ခဲ့သည်။


‘ခုဖြေခုထော’ အစီအစဉ်ကို ဇူလိုင် ၁၈ ရက်မှစတင်၍ ရက် ၉၀ ကြာပြုလုပ်မည်ဟု မူလက ကြေ ညာထားသော်လည်း ယင်းအစီအ စဉ်ရပ်နားရန် ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာန၏ညွှန်ကြားစာ ထွက်ရှိပြီးနောက်ပိုင်း ဇူလိုင် ၂၅ ရက်တွင် ခေတ္တရပ်နားကြောင်း နှင့် ပါဝင်ခဲ့သူများအား ငွေပြန် ထုတ်ပေးမည်ဟု အူရီးဒူးမြန်မာက ကြေညာသည်။

အူရီးဒူးမြန်မာသည် ၎င်းတို့

၏ကြေညာချက်အတိုင်း ‘ခုဖြေခု ထော’အစီအစဉ်တွင် ပါဝင်ခဲ့သူ များ၏ကုန်ကျငွေအတိုင်း ဖုန်း ဘီလ်ပြန်လည်ဖြည့်သွင်းပေးပြီး ဖြစ်သည်ဟုဆိုသည်။

ယင်းအစီအစဉ်ပြုလုပ်စဉ် အတွင်း နေ့စဉ်ဆုငွေကျပ်သိန်းသုံးဆယ်ရရှိသူရှစ်ဦးနှင့် အပတ်စဉ်ဆု iPhone 6 Plus ရရှိသူတစ်ဦးတို့အား ရွေးချယ်ပေးအပ်ပြီးကြောင်း သတင်းထုတ်ပြန်သည်။

‘‘ဖုန်းဘီလ်ပြန်ဖြည့်ပေးတာ ရာနှုန်းပြည့်ပြီးသွားပါပြီ။ ဆုရရှိသူ တွေကိုလည်း ပေးအပ်ပြီးပြီ။ နှစ်ဦးကတော့ မန္တလေးကမို့ လာမယ့် အင်္ဂါနေ့မှာ ပေးဖို့စီစဉ်ထားတယ်’’ ဟု အူရီးဒူးမြန်မာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘ခုဖြေခုထော’အစီအစဉ်တွင် ငွေကုန်ကျခဲ့သူများအားလုံးကို ဖုန်းဘီလ်ပြန်လည်ဖြည့်ပေးပြီးကြောင်းနှင့် အစီအစဉ်နောက်ဆုံးအခြေအနေများထုတ်ပြန် ‘ခုဖြေခုထော’အစီအစဉ်တွင် ငွေကုန်ကျခဲ့သူများအားလုံးကို ဖုန်းဘီလ်ပြန်လည်ဖြည့်ပေးပြီးကြောင်းနှင့် အစီအစဉ်နောက်ဆုံးအခြေအနေများထုတ်ပြန် Reviewed by The Collector on Saturday, July 30, 2016 Rating: 5

No comments