အာဇာနည်နေ့အထိမ်းအမှတ် ဗိုက်ဘာစတစ်ကာသစ် ၂၁ ခုကို ဇူလိုင် ၁၉ ရက်တွင် စတင်အသုံးပြုနိုင်


လူမှုကွန်ရက်အက်ပလီ ကေးရှင်း ဗိုက်ဘာက အာဇာနည် နေ့အထိမ်းအမှတ် စတစ်ကာ (Sticker)အသစ် ၂၁ခုကို အခမဲ့ ဖြန့်ဝေမည်ဖြစ်ကြောင်း ဇူလိုင် ၁၆ ရက်တွင် သတင်းထုတ်ပြန် သည်။

 စတစ်ကာ အသစ်များကို ဇူလိုင် ၁၉ ရက်မှစ၍ အသုံးပြုနိုင်မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ပုံ၊ အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်၌တစ်မိနစ်ကြာငြိမ်သက်ပေးရန် သတိပေးသည့်ပုံစသည့် စတစ်ကာများပါဝင်သည်ဟုဆိုသည်။

‘‘ဗိုက်ဘာအနေနဲ့ မြန်မာပြည်နဲ့ ပြည်သူတွေကို အာဇာနည်နေ့လို နေ့ထူးနေ့မြတ်မှာ အထူးဂုဏ်ပြုချင်ပါတယ်’’ဟု အရှေ့တောင်အာရှဆိုင်ရာဌာနမန်နေဂျာခရစ္စတယ်လီကပြောသည်။

အာဇာနည်နေ့ဂုဏ်ပြုစတစ် ကာများနှင့်အတူ နေ့စဉ်ပြောစ ကားများ ပိုမိုထောက်ပံ့ပေးနိုင် မည့် ‘မြန်မြန်လာ’၊ ‘တွေ့ချင်လိုက် တာ’၊ ‘လာနေပြီလား’၊ ‘ကြိုးစား ထား’စသည့်စာသားပုံများလည်း အသစ်ပါဝင်လာမည်ဖြစ်ကြောင်းသိရသည်။

စတစ်ကာအသစ်များကို ဗိုက်ဘာအက်ပလီကေးရှင်း၏ စ တစ်ကာဈေးခြင်းတောင်းရှိ မြန်မာ့ အာဇာနည်နေ့ခေါင်းစဉ်အောက် တွင် အခမဲ့ရွေးချယ်ရယူနိုင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်း ၌ ဗိုက်ဘာအက်ပလီကေးရှင်း သုံးစွဲသူ ၂၆သန်းကျော်ရှိပြီဖြစ် ကြောင်း   ဗိုက်ဘာက သတင်းထုတ် ပြန်ထားသည်။

အာဇာနည်နေ့အထိမ်းအမှတ် ဗိုက်ဘာစတစ်ကာသစ် ၂၁ ခုကို ဇူလိုင် ၁၉ ရက်တွင် စတင်အသုံးပြုနိုင် အာဇာနည်နေ့အထိမ်းအမှတ် ဗိုက်ဘာစတစ်ကာသစ် ၂၁ ခုကို ဇူလိုင် ၁၉ ရက်တွင် စတင်အသုံးပြုနိုင် Reviewed by The Collector on Sunday, July 17, 2016 Rating: 5

No comments