နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ တရားဝင်အင်တာနက်ဝက်ဘ်ဆိုက်လွှင့်တင်


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာပြီးနောက် ၎င်း၏ လှုပ်ရှား ဆောင်ရွက်မှုများ၊ သတင်းထုတ် ပြန်ချက်များကို Myanmar State Counsellor Office ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် ဧပြီ၌ စတင်ဖော်ပြခဲ့ရာမှ ယခုအခါ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၏ တရားဝင် အင်တာနက်ဝက်ဘ် ဆိုက်ကို စတင်လွှင့်တင်ထားဖြစ်ကြောင်း သတင်းရရှိသည်။

‘‘နောက်ဆုံးထွက်တဲ့ ဗားရှင်းနဲ့ ဝက်ဘ်ဆိုက်ကို တည်ဆောက် ထားတာပေါ့နော်။  သမ္မတရုံး ဝက်ဘ်ဆိုက်ကို လုပ်ပေးတဲ့ ပြည် တွင်းက ကုမ္ပဏီပါပဲ။ သတင်း တင်ဆက်မှုကလည်း သမ္မတရုံး လို အချိန်နဲ့တစ်ပြေးညီ လွှင့်တင် သွားမှာပါ’’ဟု နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဦးဇော် ဌေးက ပြောသည်။

 အထက်ပါအင်တာနက် စာမျက်နှာကို အင်္ဂလိပ်ဘာသာ၊ Myanmar 3 နှင့် ဇော်ဂျီဖောင့် စသည်တို့ဖြင့် ဖတ်ရှုနိုင်ပြီး နောက်ဆုံးရသတင်းများ၊ မိန့်ခွန်းနှင့် မှတ်တမ်းများ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ)၊ ပြည်သူသို့ ကျေးဇူးတင်လွှာ၊ နိုင်ငံတကာဆက်ဆံ ရေး၊ မီဒီယာကဏ္ဍများ ပါဝင် သည်။


 ယခင်လွှင့်တင်ထားသော သမ္မတရုံး အင်တာနက်စာမျက် နှာ၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာတို့အ ပြင် အစိုးရသစ်လက်ထက်၌ ပြည်သူဆီသို့ သတင်းစီးဆင်းမှုမြန်ဆန် စေရန် သမ္မတရုံး Viber Public Chat နှင့် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၊ အင်တာနက်စာမျက်နှာများကို တိုးချဲ့  လွှင့်တင်ထားခြင်းဖြစ် ကြောင်း ဦးဇော်ဌေးက ဆိုသည်။

  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၏ တရားဝင် အင်တာ နက်ဝက်ဘ်ဆိုက်ကို http://ift.tt/2ah7lH9 လိပ် စာဖြင့် ဝင်ရောက်ကြည့်ရှုနိုင် သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ တရားဝင်အင်တာနက်ဝက်ဘ်ဆိုက်လွှင့်တင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ တရားဝင်အင်တာနက်ဝက်ဘ်ဆိုက်လွှင့်တင် Reviewed by The Collector on Friday, July 22, 2016 Rating: 5

No comments