တယ်လီနောက ၀န်ထမ်း ၅၀ကျော်ခန့်အပ်မည့် အလုပ်အကိုင်အခွင့်အလမ်းနေ့ ပြုလုပ်မည်


ရန်ကုန်မြို့တပ်မတော်ခန်းမတွင် ပြုလုပ်သည့် ကုန်စည်ပြပွဲတစ်ခု၌ တယ်လီနောက မိတ်ဆက်နေစဉ်(ဓာတ်ပုံ− Telenor Myanmar)

တယ်လီနောမြန်မာ သည် ၎င်းတို့၏ လုပ်ငန်းအတွင်း အလုပ်အကိုင်နေရာ ၅၀ ကျော် ခန့်အပ်ရန် အလုပ်အကိုင်အခွင့်အလမ်းနေ့ကို ဇန်န၀ါရီ ၂၉ ရက်တွင် ရန်ကုန်မြို့၌ကျင်းပမည်ဟု သတင်းရရှိသည်။

‘‘တယ်လီနောသုံးစွဲသူတွေ ကို ၀န်ဆောင်မှုပေးအပ်ရာမှာ တ ကယ့်ကို ပူးပေါင်းဆောင်ရွက်မယ့် စိတ်ဆန္ဒရှိသူတွေကို ရှာဖွေနေ တာဖြစ်ပါတယ်။ တယ်လီနောက ၀န်ထမ်းတွေကို သူတို့ရဲ့တတ် ကျွမ်းနားလည်မှုနဲ့ ပင်ကိုအ ရည်အသွေးတွေအပေါ် မူတည်ပြီး အနာဂတ် အလုပ်အကိုင်အခွင့်အ လမ်းတွေ ပုံဖော်နိုင်ဖို့အတွက် လည်း ဖန်တီးထားပါတယ်’’ ဟု တယ်လီနောမြန်မာ၏ Chief People Officer ဒေါ်ရွှေရည်ဝင်း လဲ့ကပြောသည်။


အလုပ်အကိုင်အခွင့်အလမ်း နေ့တွင် လာရောက်လျှောက်ထား လိုသူများသည် ဈေးကွက်ရှာဖွေ ရေး၊ အရောင်းနှင့်ဖြန့်ချိရေး၊ နည်းဗျူဟာချမှတ်ရေး၊ လူ့စွမ်း အားအရင်းအမြစ်၊ ဘဏ္ဍာရေး၊ လုပ်ငန်းစီမံခန့်ခွဲမှုနှင့် နည်းပညာ အပါအ၀င် လုပ်ငန်းကဏ္ဍများအ တွက် လစ်လပ်နေသော အငယ် တန်းကစ၍ အကြီးတန်းရာထူး နေရာများအထိ လျှောက်ထားနိုင် မည်ဟု တယ်လီနောမြန်မာက သ တင်းထုတ်ပြန်ထားသည်။

 တယ်လီနောမြန်မာသည် လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ ၀န် ထမ်းပေါင်း ၇၀၀ ခန့်ကိုတိုက်ရိုက် ခန့်အပ်ထားပြီး ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများ ထောက်ပံ့သည့် လုပ်ငန်းစဉ်မှတစ်ဆင့် အလုပ်အ ကိုင် အခွင့်အလမ်းပေါင်း ၁၁၀,၀၀၀ ခန့်ကိုသွယ်ဝိုက်၍ ဖန် တီးပေးနိုင်ခဲ့ကြောင်း တယ်လီနောမြန်မာက ထုတ်ပြန်ထားသည်။

 လက်ရှိတွင် ပြည်တွင်း မိုဘိုင်းဖုန်း သုံးစွဲသူပေါင်း ၁၉သန်းခန့်ကို ၀န်ဆောင်မှုပေးနေပြီး ပြည်တွင်း နှင့် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့ ၂၂၀ ကျော်နှင့် လက်တွဲ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

တယ်လီနောက ၀န်ထမ်း ၅၀ကျော်ခန့်အပ်မည့် အလုပ်အကိုင်အခွင့်အလမ်းနေ့ ပြုလုပ်မည် တယ်လီနောက ၀န်ထမ်း ၅၀ကျော်ခန့်အပ်မည့် အလုပ်အကိုင်အခွင့်အလမ်းနေ့ ပြုလုပ်မည် Reviewed by The Collector on Friday, January 27, 2017 Rating: 5

No comments