ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ကမ္ဘောဇဘဏ်သို့ ငွေလွှဲနိုင်မည်


ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် Kasikorn ဘဏ်၏ မိုဘိုင်းအက်ပလီကေး ရှင်းကို အသုံးပြု၍ မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်သို့ တရားဝင်ငွေ လွှဲနိုင်တော့မည်ဟု သိရသည်။

ကမ္ဘောဇဘဏ်နှင့် Kasi-korn ဘဏ်တို့အကြား နိုင်ငံခြား ငွေလွှဲဝန်ဆောင်မှု အကျိုးတူလုပ်ကိုင်ဆောင်ရွက်ရန် သဘောတူညီမှုစာချုပ်ကို ဒီဇင်ဘာ ၂၁ ရက်တွင် ချုပ်ဆိုခဲ့ပြီး မကြာမီ ၀န်ဆောင်မှုအား ပေးအပ်မည်ဟု ကမ္ဘောဇဘဏ်က သတင်းထုတ် ပြန်သည်။

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံအကြား ငွေလွှဲဝန်ဆောင်မှု ပေးအပ်နေသည့် Wing Money ကို အခြေခံ၍ ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ ငွေကြေးလွှဲပြောင်းနိုင်ရန် ကမ္ဘောဇဘဏ်နှင့် Kasikorn ဘဏ်တို့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။


 ငွေကြေးလွှဲပြောင်းမှုပုံစံ အရ ထိုင်းနိုင်ငံမှ ငွေကြေးလွှဲပြောင်းသူသည် Kasikorn ဘဏ်၏ အက်ပလီကေးရှင်းကို အသုံးပြုရမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ငွေကြေးလက်ခံသူသည် ကမ္ဘောဇဘဏ်၏ Online Banking ကို အသုံးပြုရမည်ဟု ဘဏ်နှစ်ခု ပူး ပေါင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ငွေလွှဲပမာဏကို စစ်ဆေးခြင်းနှင့် ငွေလွှဲရောက်၊ မရောက် ပေးပို့သူနှင့် လက်ခံသူများက အင်တာနက်စနစ်ကို အသုံးပြု၍ စစ်ဆေးနိုင်ရန် စီစဉ်ထားသော စနစ်ဖြစ်သည်။

Kasikorn ဘဏ်နှင့် ကမ္ဘော ဇဘဏ်တို့သည် ငွေလွှဲဝန်ဆောင် မှုအတွက် ကျသင့်သည့် နှုန်းထား များထုတ်ဖော်ပြောကြားခြင်းမရှိ ဘဲ သက်သာသောနှုန်းထားတစ်ခု ဖြစ်အောင် ဆောင်ရွက်ပေးမည် ဟုသာ သတင်းထုတ်ပြန်ထား သည်။ ထိုင်းနိုင်ငံရောက် မြန်မာ များသည် True Money ကို အ သုံးပြု၍ AGD ဘဏ်သို့ အောက် တိုဘာအတွင်းက တရားဝင်ငွေလွှဲ မှု စတင်အသုံးပြုခဲ့သည်။

True Money နှင့် ငွေလွှဲခြင်း တွင် ၀န်ဆောင်ခသည် တစ်ကြိမ် လျှင် အနည်းဆုံး ၁,၈၁၈ ကျပ် ကျသင့်ပြီး တစ်ကြိမ်အများဆုံး လွှဲပြောင်းနိုင်သည့် ပမာဏမှာ ၁၀ သိန်းကျပ်ဖြစ်သည်။ အဆိုပါ ၀န်ဆောင်မှုသည် မိုဘိုင်းဖုန်းမှ ကုတ်တစ်ခုသာ လက်ခံပေးရန် လိုအပ်သည့် ၀န်ဆောင်မှုဖြစ်ပြီး ငွေသားထုတ်ယူမှုကို AGD ဘဏ် ခွဲပေါင်း ၅၅ ခုနှင့် True Money ဆိုင်ခွဲပေါင်း ၄,၀၀၀ ဆီ၌ ထုတ် ယူနိုင်ခဲ့သည်။

ကမ္ဘောဇဘဏ်နှင့် Kasi-korn ဘဏ်တို့ဝန်ဆောင်မှုသည် အွန်လိုင်းအက်ပလီကေးရှင်းစနစ် ကို အခြေခံထားပြီး ငွေသားထုတ် ယူမှုကို ကမ္ဘောဇဘဏ်ခွဲပေါင်း ၄၀၀ ကျော်၌ ထုတ်ယူနိုင်သည်။ ထိုင်းနိုင်ငံအခြေစိုက် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်တွင်းဘဏ်များသည် ထိုင်းနိုင်ငံ ရောက် မြန်မာလုပ်သား သုံးသန်း ခန့်အား တရားဝင် ငွေကြေးလွှဲပြောင်းနိုင်ရန် ၀န်ဆောင်မှုချဲ့ထွင်နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ကမ္ဘောဇဘဏ်သို့ ငွေလွှဲနိုင်မည် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ကမ္ဘောဇဘဏ်သို့ ငွေလွှဲနိုင်မည် Reviewed by The Collector on Wednesday, December 28, 2016 Rating: 5

No comments