4G Broadband အင်တာနက်ဝန်ဆောင်မှု Global Technology က ဇူလိုင်အတွင်း စတင်ရန်ရှိ


ရခိုင်ပြည်နယ်တွင် တည်ဆောက်ထားသည့် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု(ဓာတ်ပုံ−စိုင်းဇော်)

တိုင်းဒေသကြီးနှင့် ပြည် နယ်ငါးခုအပါအဝင် နေပြည် တော်ကောင်စီနယ်မြေကို 4G Broadband ဝန်ဆောင်မှုပေးအပ် ရန် 2600 Spectrum လေလံ အောင်မြင်ခဲ့သည့် Global Tech-nology သည် ခုနစ်လအတွင်း အင်တာနက်ဝန်ဆောင်မှု စတင် ပေးအပ်မည်ဟု ကြေညာခဲ့သည်။

 ‘‘အခုတစ်မြို့နဲ့တစ်မြို့ကို ဖိုက်ဘာသွားဖို့ဆိုတာ အခက်အခဲတော့ရှိနေတယ်။ ဒါပေမဲ့ Micro-wave Transmission တွေရရှိဖို့ အတွက် ဆွေးနွေးမှုတွေကိုတော့ လုပ်နေပါတယ်’’ဟု 4G Broad-band ဝန်ဆောင်မှုပေးအပ်ရန် အ ခက်အခဲနှင့်ပတ်သက်၍ Global Technology စီအီးအို ဦးသိန်းသန်းတိုးက ပြောသည်။


2600 Spectrum လေလံ အောင်မြင်သည့် ကုမ္ပဏီများ သည် ငါးနှစ်အတွင်း ကွန်ရက်ဖြန့် ကြက်ခွင့်ရရှိသည့်ဒေသ၌ လူဦး ရေ၏ ၃၀ ရာခိုင်နှုန်းကို ကွန်ရက် လွှမ်းခြုံပေးရမည်ဟု အစိုးရနှင့် သဘောတူညီမှု၌ ဖော်ပြထား သည်။

‘‘ကွန်ရက်အတွင်း Infra- structure တည်ဆောက်မှုက ကုန်ကျစရိတ် အရမ်းကိုကြီးပါ တယ်။ Spectrum လိုင်စင်ကြေး အပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံ မှုကိုတော့ အတိအကျပြောဖို့ ခက်ပါသေးတယ်။ စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုကိုတော့ ခြောက်နှစ် လောက်အတွင်းမှာ အရင်းကျေ မယ်လို့ ခန့်မှန်းထားပါတယ်’’ဟု ဦးသိန်းသန်းတိုးက ပြောသည်။

Global Net ကုမ္ပဏီသည် နေပြည်တော်၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ အစရှိသည့် နယ်မြေ (၁) ၌ 4G Broadband အင်တာနက်ဝန်ဆောင်မှု ပေးအပ်ရမည်ဖြစ်သည်။ အဆိုပါဒေသ များသည် နယ်စပ်ဒေသများပါဝင် ပြီး Gateway တည်ဆောက်ရန် အပြည်ပြည်ဆိုင်ရာဆက်ကြောင်း ချိတ်ဆက်ရာလမ်းကြောင်းဖြစ်၍ လုပ်ငန်းအတွက် အထောက်အ ကူအချို့ဖြစ်စေခဲ့သော်လည်း နယ်စပ်ဒေသဖြစ်၍ အိမ်နီးချင်းနိုင်ငံ များက အင်တာနက်ကွန်ရက်ကို ရယူအသုံးပြုနေသူများရှိကြောင်း စုံစမ်းသိရသည်။

4G Broadband အင်တာ နက်ဝန်ဆောင်မှုကို ပေးအပ်ရန် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ ဈေးကွက်အရ ထိုးဖောက်ရန် လွယ်ကူသော်လည်း အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဒေသခံများ၏ စီးပွားရေးအခြေအ နေ၊ ဒေသခံများအသုံးပြုသည့် ဒစ်ဂျစ်တယ် Device များအပေါ် မူတည်၍ အခက်အခဲအချို့နှင့် ကြုံတွေ့နေရကြောင်း 2600 Spectrum လေလံအောင်မြင်သူ များထံမှ သိရသည်။

2600 Spectrum လေလံပွဲ၌ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ရခိုင်၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကချင်၊ကယား စသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များပါဝင်သော နယ်မြေ (၂)နှင့် နယ်မြေ (၃)အတွက် လုပ် ကိုင်ခွင့်ရရှိရန် IGE Group ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Amara Communications အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်သုံးစွဲခဲ့ပြီး ရတနာပုံတယ်လီပို့စ်ကုမ္ပဏီက အမေရိကန်ဒေါ် လာ သန်း ၁၁၀ သုံးစွဲခဲ့သည်။

အလားတူ နေပြည်တော်၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ အစရှိသည့် နယ်မြေ (၁)၌ Fortune International ကုမ္ပဏီ က အမေရိကန်ဒေါ်လာ ခြောက် သန်းကျော် အသုံးပြုခဲ့ပြီး Global Technology ကုမ္ပဏီက ဒေါ်လာ ခုနစ်သန်းကျော် သုံးစွဲခဲ့သည်။ ‘‘Spectrum လေလံကြေးက ကျွန်တော်တို့တင်မကဘူး ဆက်သွယ် ရေးကလူတွေအပါအဝင် ထင် ထားတာထက် ပိုများသွားတယ်။ သုံးဆခွဲလောက်ပိုများသွားတယ်။ လေလံဈေးကြီးတော့ ဝန်ဆောင် မှုဈေးတွေကြီးမလားဆိုပြီး စိုးရိမ် မှုတွေလည်း ရှိနေကြတယ်’’ဟု ဦးသိန်းသန်းတိုးက မှတ်ချက်ပြု သည်။

4G Broadband အင်တာနက်ဝန်ဆောင်မှု Global Technology က ဇူလိုင်အတွင်း စတင်ရန်ရှိ 4G Broadband အင်တာနက်ဝန်ဆောင်မှု Global Technology က ဇူလိုင်အတွင်း စတင်ရန်ရှိ Reviewed by The Collector on Saturday, January 14, 2017 Rating: 5

No comments