ရေစိုခံ ဆမ်ဆောင်း Galaxy A7 နှင့် A5 ဖုန်းကို ပြည်တွင်းဈေးကွက်တွင် စတင်ရောင်းချ


 ရေစိုခံနည်းပညာနှင့် ကင်မရာပိုင်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသည့် မျိုးဆက်သစ် Galaxy A စီးရီး စမတ်ဖုန်းများဖြစ် သည့်  A7(2017) နှင့် A5(2017) တို့ကို ပြည်တွင်းဈေးကွက်တွင် ကြိုတင်မှာယူစနစ်ဖြင့် ၀ယ်ယူနိုင် ကြောင်း Samsung မြန်မာက သတင်းထုတ်ပြန်သည်။

‘‘အခုနောက်ဆုံးထွက်ရှိလာ တဲ့ Galaxy A စီးရီးမျိုးဆက်သစ် စမတ်ဖုန်းတွေမှာ ဒီဇိုင်းပိုင်းကိုသာ မက လုပ်ဆောင်ချက်တွေကိုပါ အဆင့်မြှင့်တင်ပြီး ဖန်တီးထားတာ ဖြစ်တဲ့အတွက် စွမ်းဆောင်ရည် သစ်တွေကို စတိုင်ကျကျနဲ့ အသုံး ပြုနိုင်မှာ ဖြစ်ပါတယ်’’ဟု Sams -ung မြန်မာမိုဘိုင်းဌာန အကြီးအ ကဲ ဦးဇာနည်ဝင်းထက်က ပြော ကြားသည်။

Galaxy A7 နှင့် A5 စမတ် ဖုန်းများသည် Samsung ၏ A စီးရီးစမတ်ဖုန်းများထဲ၌ ရေစိုခံ နည်းပညာ ပထမဆုံးပါဝင်လာ သည့် စမတ်ဖုန်းများဖြစ်ပြီး ရေ ဒဏ်နှင့် ဖုန်မှုန့်ဒဏ်များ ကာကွယ်နိုင်သည့် iP68 နည်းပညာထည့်သွင်းထားကာ ကင်မရာပိုင်းအနေ ဖြင့် ရှေ့နောက်ကင်မရာနှစ်ခုစလုံး ကို အရည်အသွေးကောင်းမွန် သည့် ဓာတ်ပုံများရိုက်ကူးနိုင်ရန် f1.9 ရှိသော 16MP ကင်မရာများ  တပ်ဆင်ထားသည်။

အဆိုပါ စမတ်ဖုန်းနှစ်မျိုးစ လုံးကို သတ္တုဘောင်နှင့် 3D ဖန် သားပြင်များ အသုံးပြုကာကျစ် လျစ်သေသပ်သော ဒီဇိုင်းဖြင့်တည် ဆောက်ထားပြီး A7 ကို မျက်နှာ ပြင်ကြီးသော စမတ်ဖုန်းနှစ်သက် သူများအတွက် ၅ ဒသမ ၇ လက်မ မျက်နှာပြင်ဖြင့် ထုတ်လုပ်ပြီး A5 ကို ၅ ဒသမ ၂ လက်မမျက်နှာ ပြင်ဖြင့် ထုတ်လုပ်ထားကာ လက် ဗွေလုံခြုံရေးစနစ် (Fingerprint Sensor) ကိုလည်း Home Key တွင် ထည့်သွင်းထားသည်။

စမတ်ဖုန်း နှစ်ခုစလုံးတွင် 1.9GHz Octa Core CPU အသုံးပြုထားကာ ဖုန်းတွင်းမှတ်ဉာဏ်32GB နှင့် RAM 3GB ပါရှိပြီး Android Version 6.0 ထည့်သွင်း ထားကာ Micro SD ကတ်ဖြင့် 256GB အထိ တိုးချဲ့အသုံးပြုနိုင် ပြီး အားအမြန်သွင်းနိုင်သည့် (USB Type-C port) Fast Char-ging စနစ်နှင့် 4G ကွန်ရက်တို့ကို ထောက်ပံ့ထားသည်။

Galaxy A စီးရီးစမတ်ဖုန်း သစ်နှစ်မျိုးကို အနက်၊ ရွှေ၊ အပြာ၊ ပန်းရောင်စသည့် အရောင်လေး မျိုး ရွေးချယ်နိုင်ပြီး A5 ကို ၅၂၅,၀၀၀ ကျပ်၊ A7 ကို ၆၂၅,၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကာ ဇန်န၀ါရီ ၈ ရက်မှ ၂၂ ရက်အတွင်း ကြိုတင်မှာယူစနစ်ဖြင့် ၀ယ်ယူနိုင် ကြောင်း သိရသည်။

ရေစိုခံ ဆမ်ဆောင်း Galaxy A7 နှင့် A5 ဖုန်းကို ပြည်တွင်းဈေးကွက်တွင် စတင်ရောင်းချ ရေစိုခံ ဆမ်ဆောင်း Galaxy A7 နှင့် A5 ဖုန်းကို ပြည်တွင်းဈေးကွက်တွင် စတင်ရောင်းချ Reviewed by The Collector on Sunday, January 08, 2017 Rating: 5

No comments