အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် မိုဘိုင်းဖုန်းမှတစ်ဆင့် အကြောင်းကြားမည်


မန္တလေးတိုင်းဒေသကြီး အတွင်း ကျေးရွာများရှိ မိုဘိုင်းဖုန်း အသုံးပြုသူများထံသို့ အခမဲ့ကျန်းမာရေးစောင့်ရှောက်သည့်အဖွဲ့ ရောက်ရှိလာမည့် နေ့ရက်၊ အချိန် နှင့် ကျေးရွာအမည်ကို စာတိုစနစ်ဖြင့် ပေးပို့မည်ဟု အူရီးဒူးမှ သတင်းရရှိသည်။

မတ္တရာ၊ ဘုတလင်နှင့် ဆင် ပေါင်ဝဲမြို့နယ်များရှိ ကျေးရွာများ သို့ အခမဲ့ကျန်းမာရေးစောင့် ရှောက်မှု ပေးအပ်မည်ဖြစ်ပြီး ယင်းအဖွဲ့ ရောက်ရှိလာမည့် ကျေးရွာ၊ အချိန်နှင့် နေ့ရက်ကို ဒေသတွင်းရှိ အူရီးဒူးဖုန်းအသုံးပြုသူများထံသို့ စာတိုစနစ်ဖြင့် ကြိုတင်အကြောင်းကြားမည်ဖြစ်သည်။


အူရီးဒူး၏ ထောက်ပံ့မှုဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက် ခြင်း ၀န်ဆောင်မှုကို ဘုတလင်နှင့် ဆင်ပေါင်ဝဲမြို့နယ်သို့ တိုးချဲ့ဝန် ဆောင်မှု ပေးအပ်ခြင်းဖြစ်ပြီးကျေးရွာ လူဦးရေ ၂၅,၀၀၀ လျှင်ဆရာဝန်တစ်ဦးနှုန်းဖြင့် ရေရှည်စီမံကိန်းအရ ၀န်ဆောင်မှုပေး အပ်ခြင်းဖြစ်သည်။ အဓိကအား ဖြင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြစ်သည် ဟု အူရီးဒူးက ကြေညာထားသည်။

  ကျေးရွာများအရောက် ကျန်းမာရေး စောင့်ရှောက်မှုကို Pact Myanmar က တာဝန်ယူ ဆောင်ရွက်နေပြီး အူရီးဒူးက အမေရိကန်ဒေါ်လာ တစ်သန်း ထောက်ပံ့ထားသည်။ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို ၂၀၁၄ က စတင်၍ မတ္တရာမြို့နယ်တွင် ပေးအပ်ခဲ့ပြီး ယနေ့အချိန်ထိ ကလေးငယ် ၃,၀၀၀ ကျော်၏ အာဟာရစောင့်ရှောက်မှုနှင့် မိခင်ပေါင်း ၁,၁၀၀ ကျော်၏ ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားပြီးချိန် လိုအပ်သော ကျန်းမာရေးစောင့် ရှောက်ခဲ့သည်။

အူရီးဒူးသည် ကျန်းမာရေး စောင့်ရှောက်မှုကို လူမှုအကျိုးပြု လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အူရီး  ဒူးနည်းတူ အခြားသော ဆက်သွယ်ရေး အော်ပရေတာနှစ်ခုကလည်း ပုံစံမတူညီသော ပံ့ပိုးမှုများနှင့် လူမှုအကျိုးပြုလုပ်ငန်း၌ ငွေကြေးစိုက်ထုတ်သုံးစွဲခဲ့သည်။

အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် မိုဘိုင်းဖုန်းမှတစ်ဆင့် အကြောင်းကြားမည် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် မိုဘိုင်းဖုန်းမှတစ်ဆင့် အကြောင်းကြားမည် Reviewed by The Collector on Sunday, January 29, 2017 Rating: 5

No comments