ဆက်သွယ်ရေးကဏ္ဍ၏ အလုပ်အကိုင်ခန့်ထားမှု ၂ နှစ်ဆက်တိုက် ထိပ်ဆုံးတွင်ရပ်တည်


MPT အလုပ်အကိုင်ပြပွဲတွင် လာရောက်လေ့လာသူနှစ်ဦးအား တွေ့ရစဉ်(ဓာတ်ပုံ−စိုင်းဇော်)

၂၀၁၄ အတွင်း ဆက်သွယ်ရေးအခန်းကဏ္ဍ  ပြုပြင် ပြောင်းလဲခဲ့သည့်နောက်ပိုင်း အ လုပ်အကိုင် ခန့်အပ်မှုအများဆုံး စာရင်းတွင် ဆက်သွယ်ရေးကဏ္ဍ သည် ၂ နှစ်ဆက်တိုက် ထိပ် ဆုံး၌ ရပ်တည်နေကြောင်း ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး ဝက်ဘ်ဆိုက်ဖြစ်သော work. com.mm က သတင်းထုတ်ပြန်သည်။

၂၀၁၆ အလုပ်အကိုင် စစ် တမ်းတစ်ခုအရ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ Huawei နှင့် အူရီးဒူးတို့က ဆက်သွယ်ရေးကဏ္ဍ တွင် အလုပ်အများဆုံး ခေါ်ယူခဲ့ ကြောင်း  ယင်းဝက်ဘ်ဆိုက်က သတင်းထုတ်ပြန်ခဲ့သည်။


အလုပ်အကိုင်ခေါ်ဆိုမှုနှင့် အလုပ်အကိုင်ခန့်အပ်မှု စာရင်း ဇယားတွင် ဆက်သွယ်ရေးကဏ္ဍ သည် ထိပ်ဆုံး၌ ရပ်တည်နေပြီး ဈေးကွက်ဖြန့်ချိရေးနှင့် ထောက် ပံ့ပို့ဆောင်ရေးကဏ္ဍမှာ ဒုတိယ မြောက် အလုပ်အကိုင် ခန့်အပ်မှု စာရင်းတွင် ရပ်တည်နေသည်။

အလုပ်အကိုင်အမျိုးအစား နှစ်ထောင်ကျော်ရှိသည့် ကုမ္ပဏီ ၄၀၀ ကျော်တွင် တစ်နှစ်တာ အတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အလုပ်အကိုင်အများ ဆုံး ခေါ်ယူခန့်အပ်ခဲ့ခြင်းဖြစ် သည်။ အလုပ်အကိုင်လျှောက် ထားမှုတွင် အမျိုးသားဦးရေသည် အမျိုးသမီးဦးရေထက် ၂ ရာခိုင်နှုန်းပိုများခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၆ အတွင်း အလုပ် အကိုင်အခွင့်အလမ်း ကောင်းမွန် ခဲ့သည့် နေရာဒေသများမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြင် ဧရာဝတီ၊ ပဲခူး၊ ပုဂံ၊ မကွေး၊ ကလောနှင့် ငပလီ အစရှိ သည့် ဒေသများဖြစ်သည်။

ဆက်သွယ်ရေးကဏ္ဍ၏ အလုပ်အကိုင်ခန့်ထားမှု ၂ နှစ်ဆက်တိုက် ထိပ်ဆုံးတွင်ရပ်တည် ဆက်သွယ်ရေးကဏ္ဍ၏ အလုပ်အကိုင်ခန့်ထားမှု ၂ နှစ်ဆက်တိုက် ထိပ်ဆုံးတွင်ရပ်တည် Reviewed by The Collector on Saturday, January 07, 2017 Rating: 5

No comments