စားသုံးသူနစ်နာမှုများအား အွန်လိုင်းအသုံးပြုတိုင်ကြားခွင့်ပေးရန် စဉ်းစားနေ


 စားသုံးသူနစ်နာမှုနှင့် ပတ်သက်၍ တိုင်ကြားမှုများကို အွန်လိုင်းမှ လက်ခံဖြေရှင်းပေး ရန် စဉ်းစားထားကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန စားသုံးသူရေးရာဌာန ညွှန်ကြားရေးမှူးဦးဆွေတင့်ကြူး ကပြောသည်။

လက်ရှိ၌ စားသုံးသူ နစ်နာ မှုများနှင့်ပတ်သက်၍ တိုင်ကြား မှုများကို ဒေသအလိုက် ပုံမှန် လက်ခံဆောင်ရွက်ပေးနေသော်လည်း စားသုံးသူနစ်နာမှုနှင့်ပတ်သက်၍ အွန်လိုင်းမှ တိုင်ကြားနိုင်ရန် စီစဉ်ထားကြောင်းသတင်းရရှိသည်။

‘‘အွန်လိုင်းတိုင်ကြားနိုင်ဖို့က ဒုတိယအဆင့်ပါ။ တိုင်ကြားဖို့အ တွက်လောက်ကိုတော့တစ်နှစ် လောက်အတွင်းမှာ လုပ်ဆောင် ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဆော့ဖ်ဝဲတွေ၊ ဆာဗာတွေလည်း လိုသေးတယ်’’ဟု ဦးဆွေတင့်ကြူး ကပြောသည်။


လက်ရှိ၌ စားသုံးသူနစ်နာ မှုနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ် စာမျက်နှာများမှတစ်ဆင့် တိုင် ကြားလာသည်များကို ဖြေရှင်း ပေးနိုင်သရွေ့ လိုက်လံဖြေရှင်း ပေးနေကြောင်း၊ အွန်လိုင်းမှတစ် ဆင့် သီးသန့်တိုင်ကြားမှုများကိုမူ လာမည့် တစ်နှစ်အတွင်းမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စားသုံးသူရေးရာဌာနမှ စုံစမ်း သိရှိရသည်။

စားသုံးသူနစ်နာမှုများအား အွန်လိုင်းအသုံးပြုတိုင်ကြားခွင့်ပေးရန် စဉ်းစားနေ စားသုံးသူနစ်နာမှုများအား အွန်လိုင်းအသုံးပြုတိုင်ကြားခွင့်ပေးရန် စဉ်းစားနေ Reviewed by The Collector on Friday, January 06, 2017 Rating: 5

No comments