ဖြည့်သွင်းငွေပမာဏပေါ်မူတည်၍ အူရီးဒူးက ဖေ့စ်ဘွတ်ခ်နှင့် ဗိုက်ဘာကို အခမဲ့သုံးခွင့်ပေးမည်


အူရီးဒူးဆင်းမ်ကတ်သုံးစွဲသူတစ်ဦး မက်ဆေ့ခ်ျဝန်ဆောင်မှုရယူနေစဉ်

ဆက်သွယ်ရေးအော်ပ ရေတာတစ်ခုဖြစ်သည့် အူရီးဒူး သည် ငွေဖြည့်သွင်းသည့်ပမာဏ အလိုက် ဖေ့စ်ဘွတ်ခ်၊ ဗိုက်ဘာ နှင့် ဘီးတော့ခ်တို့ကို ရက်အကန့် အသတ်ဖြင့် အခမဲ့အသုံးပြုခွင့်ပေးအပ်မည်ဟု ကြေညာခဲ့ သည်။

ငွေဖြည့်သွင်းသည့်ပမာဏ အတိုင်း ဖေ့စ်ဘွတ်ခ်၊ ဗိုက်ဘာ နှင့် ဘီးတော့ခ်တို့ကို ရက်အကန့် အသတ်ဖြင့် အခမဲ့အသုံးပြုလိုပါ က *4444# သို့ခေါ်ဆိုစာရင်း ပေးသွင်းနိုင်ကြောင်း အူရီးဒူး မြန်မာမှ စုံစမ်းသိရသည်။ အူရီး ဒူး၏ ပရိုမိုးရှင်းအရ အခမဲ့အသုံး ပြုခွင့်ကို သုံးထောင်ကျပ်အထိ ငွေဖြည့်သွင်းပါက သက်တမ်း သုံးရက်၊ တစ်သောင်းကျပ်အထိ ငွေ ဖြည့်သွင်းပါက သက်တမ်းငါး ရက်၊ တစ်သောင်းကျပ်အထက် ငွေဖြည့်သွင်းပါက သက်တမ်း ၁၅ရက်  ခံစားခွင့်ရရှိမည်ဖြစ် သည်။


အခမဲ့အသုံးပြုခွင့်ကို တစ် နေ့လျှင် ဖေ့စ်ဘွတ်ခ်အတွက် 500 MB၊ ဗိုက်ဘာနှင့်ဘီးတော့ခ်  အတွက် 100 MB၊ အူရီးဒူးဖုန်း အချင်းချင်းခေါ်ဆိုမှုအတွက်မိနစ် ၅၀ ကန့်သတ်ထားသည်။ ၀န် ဆောင်မှုရယူရန် တစ်ကြိမ်မှတ်ပုံ တင်ထားပါက ဆက်တိုက်ငွေ ဖြည့်သွင်းသည့် ပမာဏအပေါ် မူ တည်ကာ အခမဲ့အသုံးပြုခွင့်များ ဆက်လက်ရရှိနေမည်ဖြစ်သည်။

ဆက်သွယ်ရေးအော်ပရေ တာတယ်လီနောသည် ငွေဖြည့် သွင်းသည့်ပမာဏအလိုက် ဖေ့စ် ဘွတ်ခ်နှင့် ဗိုက်ဘာအသုံးပြုခွင့် ကို ‘စိတ်ကြိုက်’ ဟူသောအမည် ဖြင့် ၂၀၁၆ အတွင်း စတင်မိတ် ဆက်ခဲ့ပြီး အသုံးပြုသူ ၁၀ သန်း ကျော်အထိ များပြားလာပြီးနောက် အသုံးပြုသူအရေအတွက် ထပ်မံ လက်ခံခြင်းကို ကန့်သတ်ခဲ့သည့်နောက်ပိုင်း ဆက်သွယ်ရေး အော်ပရေတာ အူရီးဒူးက အ လားတူ အခမဲ့ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့သည်။

 မိုဘိုင်းအင်တာနက်အသုံး ပြုသူအများစုသည် ဖေ့စ်ဘွတ်ခ် နှင့် ဗိုက်ဘာကို အများဆုံး အ သုံးပြုနေသည်ဟု ဆက်သွယ် ရေးအော်ပရေတာများက ထုတ် ပြန်ထားသည်။ ဖေ့စ်ဘွတ်ခ်နှင့် ဗိုက်ဘာကို ဆက်သွယ်ရေးအော် ပရေတာများက ပရိုမိုးရှင်းအဖြစ် ပြိုင်ဆိုင်မှုတွင် ဆက်လက်အသုံး ချနေဆဲဖြစ်သည်။

ဖြည့်သွင်းငွေပမာဏပေါ်မူတည်၍ အူရီးဒူးက ဖေ့စ်ဘွတ်ခ်နှင့် ဗိုက်ဘာကို အခမဲ့သုံးခွင့်ပေးမည် ဖြည့်သွင်းငွေပမာဏပေါ်မူတည်၍ အူရီးဒူးက ဖေ့စ်ဘွတ်ခ်နှင့် ဗိုက်ဘာကို အခမဲ့သုံးခွင့်ပေးမည် Reviewed by The Collector on Thursday, January 26, 2017 Rating: 5

No comments