လုပ်ငန်းခွင်၌ ကလေးလုပ်သားသိသာစွာ လျော့နည်းလာသည်ဟု တယ်လီနောပြော


ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူရန် ပြင်ဆင်နေစဉ်(ဓာတ်ပုံ−တယ်လီနောမြန်မာ)

ဆက်သွယ်ရေးအော်ပ ရေတာတယ်လီနောသည် လုပ်ငန်းခွင်အတွင်းကလေးလုပ်သားခိုင်းစေမှုကို တားမြစ်ဆောင်ရွက်ခဲ့၍ သုံးလအတွင်းလုပ်ငန်းခွင်၌ ၂၂ရာခိုင်နှုန်းခန့် ကလေးလုပ်သားခိုင်းစေမှုများ လျော့နည်းလာခဲ့သည်ဟု သိရှိရသည်။

ကလေးလုပ်သားများသည် နယ်မြို့များ၌ တာဝါတိုင်တည် ဆောက်ရန် ဖိုက်ဘာလိုင်းများ သွယ်တန်းသည့်နေရာ၌ မြေကြီး တူးသည့်လုပ်ငန်းအပါအ၀င်အ ခြားသောကဏ္ဍအသီးသီး၌ ကြား ညပ်ပါဝင်မှုများ ရှိနေသည်ဟု တယ်လီနော၏ ယခင်စီအီးအိုMr.Petter Furberg ကပြောသည်။


‘‘ကျွန်တော်တို့ကို ကုန်ပစ္စည်း နဲ့ ၀န်ဆောင်မှုတွေပေးအပ်နေတဲ့ လုပ်ငန်းတွေမှာ ကျန်းမာရေး၊  ဘေးကင်းရေး၊ ပတ်ဝန်းကျင်နဲ့ ကလေးလုပ်သားခန့်အပ်မှုစတာ တွေ သိရှိနားလည်မှုတိုးတက်လာ တာကို ဒီနှစ်ထဲမှာ တွေ့ရပါ တယ်’’ဟု တယ်လီနောစီးပွားရေး ဌာနမှ ကိုမင်းသူကပြောသည်။

တယ်လီနောသည် ၎င်း၏ လက်တွဲဖော်စီိးပွားရေးလုပ်ငန်း များကို ကလေးသူငယ်အလုပ်အ ကိုင်ခန့်ထားမှုနှင့်ပတ်သက်၍  သင်တန်းများပို့ချခဲ့ပြီး အဆိုပါလက်တွဲဖော်စီးပွားရေးလုပ်ငန်းများတည်ရှိရာသို့ ကလေးသူငယ်အလုပ်အကိုင်ခန့်ထားခြင်းနှင့်ပတ်သက်၍ ၀င်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

တယ်လီနောအနေဖြင့်လုပ် ငန်းခွင်များ၌ ကလေးသူငယ်များ ကို ခိုင်းစေခြင်းနှင့်ပတ်သက်၍ ၂၀၁၄ကစတင်ပြီး အကြိမ်ပေါင်းတစ်သောင်းခန့် စစ်ဆေးခဲ့ကာဘေးကင်းလုံခြုံမှုမရှိဘဲ တည်နေရာအမြင့်များတွင် အလုပ်လုပ်မှု၊ ဘေးအန္တရာယ်မကင်းသည့် တူးဖော်ရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ကလေးသူငယ်လုပ်သားများစေခိုင်းမှုတို့၌ လျော့နည်းလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ကျန်းမာရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစ သည့်အကြောင်းအရာများပါဝင် သည့် HSSEဥပဒေမရှိသေး၍ နိုင်ငံတကာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်ကိုက်ညီစွာဆောင်ရွက်ထားရှိသည်ဟု တယ်လီနောက သတင်းထုတ်ပြန်ထားသည်။

တယ်လီနောသည် ၎င်း၏ လုပ်ငန်းများနှင့်တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ဆက်စပ်နေသည့် လုပ်ငန်းများ၌ အသက်(၁၅)နှစ် အောက်ကလေးသူငယ်များ ခန့် ထားခြင်းကို မပြုလုပ်ရန်တားမြစ် ထားပြီး တယ်လီနောအတွက် ဆောက်လုပ်သော တာဝါတိုင်များတွင် အသက်(၁၈)နှစ်အောက်ဝန်ထမ်းများကို ခိုင်းစေခြင်းမပြုရန်တားမြစ်ထားသည်။

ဆက်သွယ်ရေးအော်ပရေ တာများအနက် တယ်လီနော သည် ကလေးသူငယ်လုပ်သား ကိစ္စ၊ လာဘ်ပေးလာဘ်ယူကိစ္စ အစရှိသည့်အချက်နှစ်ချက်ကို အ မြဲထုတ်ဖော်ပြောဆိုလေ့ရှိသည်။

လုပ်ငန်းခွင်၌ ကလေးလုပ်သားသိသာစွာ လျော့နည်းလာသည်ဟု တယ်လီနောပြော လုပ်ငန်းခွင်၌ ကလေးလုပ်သားသိသာစွာ လျော့နည်းလာသည်ဟု တယ်လီနောပြော Reviewed by The Collector on Saturday, December 31, 2016 Rating: 5

No comments