ယူရိုပြိုင်ပွဲမတိုင်မီ တိုက်ခိုက်မှု အသိပေးချက် အက်ပလီကေးရှင်းဖြန့်ချိ


၂၀၁၅နိုဝင်ဘာက ပါရီမြို့တွင် အစ္စလာမ်မစ်များ၏ တိုက်ခိုက်မှုကြုံရပြီးနောက် အရေးပေါ်အခြေအနေကြေညာထားအခြေ အနေတွင်ကျင်းပမည့် ယူရို ၂၀၁၆ပြိုင်ပွဲ မတိုင်မီ တိုက်ခိုက်မှုဖြစ်ပေါ်လာပါက အသုံးပြုသူများအား အသိပေးမည့် အက်ပလီကေးရှင်း (App) တစ်ခုကို ပြင်သစ်နိုင်ငံက ဖြန့်ချိခဲ့သည်။

SAIP ဟုခေါ်သော ပြည်ထဲ ရေးဝန်ကြီးဌာနက ဖြန့်ချိသည့် အက်ပ်သည် အသုံးပြုသူတစ်ဦးရှိ နေသော နေရာအနီးတွင် တိုက် ခိုက်မှုဖြစ်ပေါ်လျှင်ဖြစ်စေ၊ တိုက် ခိုက်မှုဖြစ်တော့မည်ဟု မသင်္ကာ လျှင်ဖြစ်စေ ယင်းအက်ပ်အသုံးပြု သူ၏ မိုဘိုင်းဖုန်းသို့ သတိပေး ချက်ပေးပို့မည်ဖြစ်သည်။

ယင်းအက်ပ်နှင့်ပတ်သက်၍ လူမှုကွန်ရက်များပေါ်တွင် တုံ့ပြန်မှုသည် အကောင်းနှင့် အဆိုးရော ထွေးနေခဲ့သည်။

 ယခုသီတင်းပတ်အတွင်း မှာပင် ဗြိတိန်နိုင်ငံ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ပြင်သစ်ရှိ ဘောလုံးကွင်းများ၊ ပရိသတ်ဧရိယာများနှင့် သယ်ယူပို့ဆောင်ရေးဇုန် များသည် အကြမ်းဖက်တိုက်ခိုက် မှု ဖြစ်နိုင်ခြေရှိနေရာများဟု သတိပေးခဲ့သည်။

 ပြင်သစ်နှင့် အမေရိကန် ထောက်လှမ်းရေးဌာနများက လည်း အလားတူထုတ်ပြန်ကြေ ညာထားသည်။

—Ref:Reuters

ယူရိုပြိုင်ပွဲမတိုင်မီ တိုက်ခိုက်မှု အသိပေးချက် အက်ပလီကေးရှင်းဖြန့်ချိ ယူရိုပြိုင်ပွဲမတိုင်မီ တိုက်ခိုက်မှု အသိပေးချက် အက်ပလီကေးရှင်းဖြန့်ချိ Reviewed by The Collector on Friday, June 10, 2016 Rating: 5

No comments