ဇော်ဂျီဖောင့်ကို ဖေ့စ်ဘွတ်ခ်တွင် ထောက်ပံ့ပေးခြင်းကြောင့် ယူနီကုတ်ပြောင်းလဲမှုလုပ်ငန်းစဉ် ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အတွင်းရေးမှူးထောက်ပြ


 ပြည်တွင်း၌ လူသုံးအ များဆုံး လူမှုကွန်ရက်အဖြစ် ရေ ပန်းစားနေသည့် ဖေ့စ်ဘွတ်ခ်တွင် ဇော်ဂျီဖောင့်ကို တရားဝင်ထောက်ပံ့ပေးလိုက်ခြင်းသည် ယူနီကုတ် စနစ်သို့ ပြောင်းလဲမှုလုပ်နေခြင်း ကို အဟန့်အတားတစ်ခုဖြစ်စေ ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် အတွင်းရေးမှူး ဦးထွန်းသူရသက်က ပြောသည်။


‘‘ယူနီကုတ်က ဘယ်လောက် အရေးကြီးတယ်ဆိုတာ သူတို့သိ ပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ ကိုယ် ပိုင်လုပ်ပိုင်ခွင့်ရှိတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပေမယ့် ဇော်ဂျီဖောင့်ကို အခု လိုတရားဝင်ထောက်ပံ့ပေးလိုက် တာဟာ ယူနီကုတ်ပြောင်းလဲရေး အတွက် အဟန့်အတားတစ်ခုဖြစ် စေပါတယ်’’ဟု ဦးထွန်းသူရသက် က သုံးသပ်ပြောကြားသည်။

ဖေ့စ်ဘွတ်ခ်အနေဖြင့် ၎င်း တို့၏ လူမှုကွန်ရက်တွင်ယူနီကုတ် ကို ပြီးခဲ့သည့် တစ်နှစ်ကျော်ခန့် ကတည်းက ထောက်ပံ့ပေးထား သော်လည်း အသုံးပြုနည်းသေး ၍ ယခု ၂၀၁၆ ဇွန်လ ဒုတိယပတ်တွင် ဇော်ဂျီဖောင့်ကိုပါ ထည့်သွင်းလိုက်ပြီး မြန်မာစာစနစ်အတွက် ဇော်ဂျီနှင့်  ယူနီကုတ်နှစ်မျိုးစလုံးကို  ထောက်ပံ့ပေးလိုက်ခြင်း ဖြစ် သည်။

 ‘‘ ပြည်တွင်းမှာ မြန်မာစာ စနစ်နဲ့ပတ်သက်ပြီး စံစနစ်နဲ့ အဆင်ပြေမှု နှစ်ခုယှဉ်တွဲနေပြီး သာမန်အသုံးပြုသူတွေက အဆင်ပြေမှုကိုပဲ   ရွေးချယ်နေတဲ့အတွက် အများစုသုံးနေတဲ့ ဇော်ဂျီစနစ်ကို ထပ်ပြီးထောက်ပံ့ပေးလိုက်တာလို့ ယူဆရပါတယ်။ ပြီးတော့ ယူနီ ကုတ်ကိုလည်း ဆက်ပြီးထောက်ပံ့ ပေးထားတဲ့အတွက် နှစ်မျိုးစလုံး သုံးနိုင်တာကြောင့် ကြီးမားတဲ့ အ ဟန့်အတားတော့ မဖြစ်စေနိုင်ပါ ဘူး’’ ဟု မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့(MIDO) မှ အမှု ဆောင်ဒါရိုက်တာ ဒေါ်ထိုက်ထိုက် အောင်က ပြောသည်။

ဖေ့စ်ဘွတ်ခ်မှ ဇော်ဂျီဖောင့် ကို အထောက်အပံ့ပေးလိုက်ခြင်း အတွက် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် (MCF) အနေဖြင့်အ ကြောင်းကြားစာ ပေးပို့သွားမည် ဖြစ်ပြီး ယူနီကုတ်အား ဆက်လက် ထောက်ပံ့ပေးထားခြင်းကို အသိ အမှတ်ပြုကြောင်း ဦးထွန်းသူရ သက်က ပြောသည်။

၂၀၁၆ ဇွန်လအတွင်းက Apple မှ ၎င်းတို့၏ iPhone အသုံး ပြုသူများအတွက် IOS 10 ဗားရှင်းအသစ်အား Update ပေးရာတွင် ယူနီကုတ်စနစ်ကို  တရားဝင် ထောက်ပံ့ပေးလိုက်၍  မိုဘိုင်းဖုန်းအသုံးပြုသူများအတွက်  ယူနီကုတ်စနစ်မှာပို၍တွင်  ကျယ်လာနိုင်သော်လည်း လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သော  ဖေ့စ်ဘွတ်ခ်တွင် ဇော်ဂျီစနစ်ထောက်ပံ့ပေးလိုက်ခြင်းသည် ပြောင်းလဲ ရေးလုပ်ဆောင်နေသည့် Dev-eloper များအတွက် အားလျော့စေကြောင်း ၎င်းကပြောသည်။

ဇော်ဂျီဖောင့်ကို ဖေ့စ်ဘွတ်ခ်တွင် ထောက်ပံ့ပေးခြင်းကြောင့် ယူနီကုတ်ပြောင်းလဲမှုလုပ်ငန်းစဉ် ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အတွင်းရေးမှူးထောက်ပြ ဇော်ဂျီဖောင့်ကို ဖေ့စ်ဘွတ်ခ်တွင် ထောက်ပံ့ပေးခြင်းကြောင့် ယူနီကုတ်ပြောင်းလဲမှုလုပ်ငန်းစဉ် ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အတွင်းရေးမှူးထောက်ပြ Reviewed by The Collector on Tuesday, June 21, 2016 Rating: 5

No comments