မိုဘိုင်းနှင့် တီဗီပြုပြင်နည်းသင်တန်း ထူးချွန်သူများအား ကျပ် ၃၆ သိန်းထောက်ပံ့မည်


ပုဂ္ဂလိက မိုဘိုင်းဖုန်းပြုပြင်သင်တန်း လက်တွေ့လုပ်ငန်းခွင်တစ်ခု(fb.com/The Last Mobile Service and Training Centre)

ရန်ကုန်နည်းပညာတက္က သိုလ်တွင် ဖွင့်လှစ်မည့်မိုဘိုင်းနှင့် တီဗီလက်တွေ့အသုံးချပြုပြင် တပ်ဆင်နည်းသင်တန်း၌ ထူးချွန်စွာအောင်မြင်သူခြောက်ဦးအား ကျပ် ၃၆သိန်းထောက်ပံ့မည်ဖြစ် ကြောင်း Samsung Myanmarမှ သတင်းရရှိသည်။

မိုဘိုင်းနှင့် တီဗီသင်တန်းနှစ် ခုကို ဇွန်လ ၁၈ရက်မှ နိုဝင်ဘာ ၅ရက်အထိ ရက်၃၀ကြာ ဖွင့်လှစ် မည်ဖြစ်ပြီး သင်တန်းပြီးဆုံး ကြောင်း စစ်ဆေးသည့်စာမေးပွဲ တွင် ပထမ၊ ဒုတိယနှင့်တတိယ  အမှတ်အများဆုံး ရရှိသူသုံးဦးအားရွေးချယ်၍ ကျပ် ၃၆ သိန်း ထောက်ပံ့မည်ဖြစ်ကြောင်း Sam-sung Myanmarမှ သိရသည်။

‘‘သင်တန်းနှစ်ခုက သင်တန်း ပြီးသွားရင် စာမေးပွဲဝင်ဖြေရမယ်။ အဲဒီကနေ ထူးချွန်တဲ့ကျောင်းသား တွေကို ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်ပြီးတော့ ၃ဒသမ ၆သန်း ကျပ်ကို အချိုးကျခွဲပြီးတော့ ထောက်ပံ့မယ်။ ပထမကို ကိုး သိန်း၊ ဒုတိယကို ခြောက်သိန်းနဲ့  တတိယကို သုံးသိန်းဆိုပြီး ခွဲပြီး တော့ ပေးသွားမယ်’’ဟု Sam-sung မှ Marketing Comm-unication Manager ကိုသီဟလုလင်ကပြောသည်။


သင်တန်းတစ်ခုတွင် ခြောက် ဦးနှုန်းဖြင့် သင်တန်းသား ၁၂၀ဦး လက်ခံမည်ဖြစ်ပြီး အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များ၌ Samsung Tech Institute မှသင်တန်းဆရာများက စာတွေ့၊ လက်တွေ့သင်ကြားမည်ဟုဆိုသည်။

သင်တန်းတက်ရောက်ရန် လျှောက်ထားသူ ခြောက်ဆယ်ဦးထက် ကျော်လွန်ပါက အရည်အချင်းစစ်စာမေးပွဲစစ်ဆေး၍ သင်တန်းသား ခြောက်ဆယ်ဦး ရွေးချယ်မည်ဖြစ်ပြီး သင်တန်းသားများ အား သင်တန်းတစ်ရက်လျှင် ကျပ်သုံးထောင်ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း သိရသည်။

SamsungTech Institute သင်တန်းများကို ၂၀၁၃  တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ယခုနှစ်၌ ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် မိုဘိုင်းနှင့် တီဗီလက်တွေ့ အ သုံးချပြုပြင်တပ်ဆင်နည်းသင်တန်းဖွင့်လှစ်သင်ကြားရန် စီစဉ်ထားခြင်းဖြစ်သည်။

မိုဘိုင်းနှင့် တီဗီပြုပြင်နည်းသင်တန်း ထူးချွန်သူများအား ကျပ် ၃၆ သိန်းထောက်ပံ့မည် မိုဘိုင်းနှင့် တီဗီပြုပြင်နည်းသင်တန်း ထူးချွန်သူများအား ကျပ် ၃၆ သိန်းထောက်ပံ့မည် Reviewed by The Collector on Thursday, June 09, 2016 Rating: 5

No comments