ကျပ်တစ်သိန်းအောက် စမတ်ဖုန်းရောင်းချမည်ဟု တယ်လီနောထုတ်ပြန်


မျက်နှာပြင်ကြီးမားပြီး စွမ်းဆောင်ရည်ကောင်းမွန်သော စမတ်ဖုန်းကို နှစ်သက်သူများအတွက် ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ Alcatel နှင့်ပူးပေါင်း၍ ကျပ် ၉၉,၀၀၀ ကျော်ကျသင့်မည့် စမတ်ဖုန်းထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း တယ်လီနောမြန်မာက သတင်းထုတ်ပြန်သည်။

‘‘သုံးစွဲရလွယ်ကူပြီး ဈေးသက်သာတဲ့ဖုန်းတွေကို မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းသုံးစွဲသူတွေ ပိုမိုသုံးစွဲနိုင်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာကျော်စမတ်ဖုန်းထုတ်လုပ်တဲ့ Alcatel နဲ့ ပူးပေါင်းပြီး ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းအဖြစ် ကျပ်တစ်သိန်းထက်လျော့တဲ့ ဈေးနှုန်းနဲ့ ထပ်မံမိတ်ဆက်လိုက်တာဖြစ်ပါတယ်’’ဟုတယ်လီနော မြန်မာဈေးကွက်ရှာဖွေရေးဌာနမှအကြီးအကဲ Joslin E Myrthongက ပြောသည်။

အဆိုပါစမတ်ဖုန်းကို T600M ဟု အမည်ပေးထားပြီး မျက်နှာပြင်အကျယ် ၆ လက်မရှိ၍ အင်တာနက်အသုံးပြုခြင်းနှင့် ဗီဒီယိုများ ကြည့်ရှုခြင်းအတွက် အဆင်ပြေမည်ဖြစ်သည်။


ကျောဘက်တွင် 8MP ကင်မရာနှင့်အရှေ့ဘက်တွင် 5MP ကင်မရာတို့ တပ်ဆင်ထားကာ ကင်မရာနှစ်ခုစလုံးတွင် Flash မီးများတပ်ဆင်ထား၍ အလင်းရောင်အားနည်းသည့် နေရာများ တွင် Selfie ကောင်းစွာရိုက်ကူးနိုင်သည်။

3G ဆင်းမ်ကတ်နှစ်ခုအသုံး ပြုနိုင်သော Android စမတ်ဖုန်း ဖြစ်ပြီး ဖုန်းတွင်းမှတ်ဉာဏ်8GB ပါဝင်ကာ RAM 1 GB နှင့် တွဲဖက်ထား၍ တန်ဖိုးနည်းစမတ်ဖုန်းတစ်လုံးအနေဖြင့် ကောင်းမွန်သော စွမ်းဆောင်ရည်ဖြင့် အသုံးပြုနိုင်သည်။

စမတ်ဖုန်းဝယ်ယူသူသည် ၁၈ လအာမခံရရှိမည်ဖြစ်ပြီးတယ်လီနောဆင်းမ်ကတ် သုံးစွဲသူများအနေဖြင့် တစ်လလျှင် 1GB ဒေတာအခမဲ့ သုံးစွဲခွင့်နှင့် အွန်လိုင်းပေါ်တွင် အချက်အလက် များ သိမ်းဆည်းသည့် App ဖြစ်သော Capture အတွက် အကန့် အသတ်မရှိ data သုံးစွဲခွင့်ကို သုံးလအထိ ရရှိမည်ဟု တယ်လီ နောက ဆိုသည်။

ကျပ်တစ်သိန်းအောက် စမတ်ဖုန်းရောင်းချမည်ဟု တယ်လီနောထုတ်ပြန် ကျပ်တစ်သိန်းအောက် စမတ်ဖုန်းရောင်းချမည်ဟု တယ်လီနောထုတ်ပြန် Reviewed by The Collector on Saturday, June 25, 2016 Rating: 5

No comments