ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သည့် မိုဘိုင်းအက်ပလီကေးရှင်း ထွက်ရှိမည်


ရန်ကုန်မြို့တွင်း လမ်းရှင်းလင်းရေးဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး(ဓာတ်ပုံ−နစ်ကီ)

ယာဉ်တိုက်မှုများ၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းအသိ ပညာပေးမှုများ တစုတစည်း တည်းဖော်ပြပေးနိုင်မည့် မိုဘိုင်း အက်ပလီကေးရှင်းတစ်ခု ဖန်တီး ရန် စီစဉ်နေကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ ဖုန်း နံပါတ်များ၊ အမြန်လမ်းရဲတပ်ဖွဲ့ မိုင်တိုင်အလိုက် စခန်းများ၏ ဖုန်း နံပါတ်များ၊ လုံခြုံရေးနှင့် သဘာဝ ဘေးအန္တရာယ်များအတွက် အ ရေးပေါ်ဖုန်းနံပါတ်များ၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိ ပညာပေးမှုများ၊ စည်းကမ်းချိုး ဖောက်သောယာဉ်များ အရေးယူ မှုအခြေအနေများကို မိုဘိုင်းအက် ပလီကေးရှင်းဆော့ဖ်ဝဲတွင် ထည့် သွင်းရေးဆွဲရန် လုပ်ဆောင်နေ ကြောင်း ယင်းဌာနမှ ဒုရဲမှူးကြီး အောင်ကိုဦးက ပြောသည်။


‘‘ပြည်တွင်းက အိုင်တီပညာ ရပ်ပိုင်းတွေ လုပ်ဆောင်နေတဲ့ လူငယ်အဖွဲ့နဲ့ ပူးပေါင်းပြီးလုပ် ဆောင်သွားမယ်။ သူတို့ကလည်း နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာအတွေ့အကြုံရှိတဲ့သူတွေဖြစ်တယ်။ ကူညီမယ့်လူငယ်အဖွဲ့ကလည်း အခမဲ့ကူညီသွားမှာဖြစ်တယ်’’ဟု ၎င်းက ပြောသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းနှင့်ပတ်သက်၍ အရေးယူမှု လစဉ်၊ နှစ်စဉ်မှတ်တမ်းများ၊ ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုစာရင်းများကိုလည်း ထုတ်ပြန်ဖော်ပြပေးမည်ဖြစ်ပြီး စည်းကမ်းမဲ့ မောင်းနှင်သော ယာဉ်များကိုလည်း အက်ပလီကေးရှင်း မှတစ်ဆင့် အလွယ်တကူတိုင် ကြားနိုင်သည်။ မိုဘိုင်းအက်ပလီကေးရှင်းကို ယခုနှစ်အတွင်း ပြီးစီးအောင်လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများထဲသို့ အခမဲ့ဖြန့်ဝေမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သည့် မိုဘိုင်းအက်ပလီကေးရှင်း ထွက်ရှိမည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သည့် မိုဘိုင်းအက်ပလီကေးရှင်း ထွက်ရှိမည် Reviewed by The Collector on Saturday, June 25, 2016 Rating: 5

No comments