အမ်ပီတီ ကျပ်သန်း ၂၀ တန်ဖိုး ကံထူးရှင်များ ဇွန် ၁၀ ရက်တွင် ကြေညာမည်


(fb.com/MPT)

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၏ ကျပ်နှစ်သန်း တန်ဖိုးရှိ ငွေဖြည့်ကတ်ကံထူးရှင် ၂၀ ဦးကို ယနေ့ (ဇွန် ၁၀ ရက်) တွင် ထုတ်ပြန်ကြေညာမည်ဟု သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အသုံးပြုသူသန်း ၂၀ပြည့်မြောက်ခြင်းအထိမ်းအမှတ်အဖြစ် ဆုလက်ဆောင်ပေးအပ်မှုတွင် နှစ်ရာကျပ်မှ နှစ်သိန်းကျပ်တန်ဖိုးရှိ ငွေဖြည့်ကတ်များကို ဇွန်လ ၈ ရက် နှင့် ၉ ရက်များတွင် မဲဖောက်ပေးပြီး ဆုကြေးအမြင့်ဆုံး ကျပ်နှစ်သန်းတန်ဖိုးရှိ ငွေဖြည့်ကတ် ကံထူးရှင်အား ဇွန်လ ၁၀ရက်၌ ကြေညာမည်ဟု MPT ၏ စီးပွားရေးဌာနအကြီးအကဲ ဦးသိန်း ဟုတ်က ပြောသည်။

‘‘ကျပ် နှစ်သန်းငွေဖြည့်ကတ်ကို ပိုင်ဆိုင်မယ့် ကံထူးရှင်ကို ရွေးချယ်နေတုန်းပဲ။ မနက်ဖြန်မှာ သူ့ဆီမက်ဆေ့ခ်ျပို့ပြီး ကြေညာမယ်။ MPT ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကလည်း တရားဝင်ကြေညာမှာပါ’’ ဟု ဦးသိန်းဟုတ်က ဇွန်လ ၉ ရက်တွင် ပြောသည်။


ကျပ်နှစ်သန်းတန် ငွေဖြည့်ကတ်ကံထူးရှင်များသည် MPT ဖုန်းအချင်းချင်းဖခေါ်ဆိုမှုအတွက် ၁၀ သိန်းကျပ်နှင့် ဖုန်းအင် တာနက်သုံးစွဲခ ၁၀ သိန်းကျပ်တို့ ကို ငါးနှစ်အတွင်း သုံးစွဲခွင့်ရရှိမည်ဖြစ်သော်လည်း အခြားဖုန်းနံပါတ်တစ်ခုသို့ ငွေလွှဲပေးပို့နိုင်မည်မဟုတ်ပေ။

MPT သည် ရက်ပေါင်း ၃၆၀ သုံးစွဲနိုင်သည့် ကျပ်နှစ်သိန်း တန် ငွေဖြည့်ကတ်ကံထူးရှင် ၂၀၀ ဦး၊ ရက်ပေါင်း ၆၀ သုံးစွဲနိုင် သည့် နှစ်သောင်းကျပ်တန် ငွေဖြည့်ကတ်ကံထူးရှင် ၂,၀၀၀ ဦး၊ ၁၀ ရက် သုံးစွဲနိုင်သည့် နှစ်ထောင် ကျပ်တန်ငွေဖြည့်ကတ်ကံထူးရှင် ၂၀၀,၀၀၀ ဦးတို့ကို ရွေးချယ်မည်ဖြစ်ပြီး စာတိုပေးပို့သူများအား ငါးရက်သုံးစွဲနိုင်သည့် ဖုန်းဘီလ်ဖြည့်တင်းပေးကြောင်း သတင်း ထုတ်ပြန်ထားသည်။

အမ်ပီတီ ကျပ်သန်း ၂၀ တန်ဖိုး ကံထူးရှင်များ ဇွန် ၁၀ ရက်တွင် ကြေညာမည် အမ်ပီတီ ကျပ်သန်း ၂၀ တန်ဖိုး ကံထူးရှင်များ ဇွန် ၁၀ ရက်တွင် ကြေညာမည် Reviewed by The Collector on Friday, June 10, 2016 Rating: 5

No comments