အင်တာနက်အသုံးပြုခ လျှော့ပေးရေး အကြံပြုချက်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့မည်


အင်တာနက်သုံးစွဲနေသူတစ်ဦး(ဓာတ်ပုံ−နစ်ကီ)

ကမ္ဘာ့အကြီးဆုံး နည်း ပညာအဖွဲ့ဖြစ်သည့် A4AI နှင့် ပူးပေါင်းရေးဆွဲထားသော ပြည် တွင်း၌ အင်တာနက်အသုံးပြုခများ လျှော့ချပေးရေး အကြံပြုချက် များကို ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သတင်း ရရှိသည်။

‘‘ပြည်တွင်းမှာ အင်တာနက် အသုံးပြုခတွေကို လူအများအသုံး ပြုနိုင်တဲ့ ဈေးနှုန်းတစ်ခုအထိ လျှော့ပေးဖို့ A4AI နဲ့ပူးပေါင်းပြီး အကြံပြုချက်တွေကို ရေးဆွဲနေပါ တယ်။ အဲဒါတွေကို ဒီနှစ်နိုဝင်ဘာ မတိုင်ခင်မှာဝန်ကြီးဌာနဆီကိုပေး ပို့မှာဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အတွင်း ရေးမှူး  ဦးဇော်မင်းဦးကပြော သည်။


A4AI သည် လူတစ်ဦးလျှင် လစဉ်ဝင်ငွေ၏ ၅ ရာခိုင်နှုန်း (သို့ မဟုတ်) ၅ ရာခိုင်နှုန်းအောက် ဈေးနှုန်းဖြင့် အင်တာနက် အသုံး ပြုနိုင်စေရန် ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည် တွင်း၌ အသုံးပြုနေသော မိုဘိုင်း အင်တာနက်၊ wifi ၊ ဖိုက်ဘာကေ ဘယ်အင်တာနက် စသည့် ၀န် ဆောင်မှု အားလုံးနီးပါးကို ဈေး သက်သာစွာဖြင့် အသုံးပြုနိုင်စေ ရန် အကြံပြုချက်ထဲတွင် ထည့် သွင်းမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

‘‘ပြည်တွင်းမှာ အသုံးပြုနေ တဲ့ အင်တာနက်ဝန်ဆောင်မှုအား လုံးကို ဈေးနှုန်းသက်သက်သာ သာနဲ့ သုံးနိုင်ဖို့အတွက် ရည်ရွယ် ပြီးလုပ်တာဖြစ်ပါတယ်။ လက် တွေ့အကောင်အထည်ဖော်မှု အပိုင်းကိုတော့ ၀န်ကြီးဌာနက ဆောင်ရွက်ပေးမှာဖြစ်ပါတယ်’’ ဟု ဦးဇော်မင်းဦးကပြောသည်။

မြန်မာနိုင်ငံသည် အင်တာ နက်ဈေးနှုန်းများကို သက်သာစွာ  ဖြင့် လူအများအသုံးပြုနိုင်စေရန် A4AI ၏ တရားဝင်အဖွဲ့ နိုင်ငံ အဖြစ် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးခြင်းကို ၂၀၁၅ မတ်လအတွင်း ပြုလုပ်ခဲ့ပြီး လက် တွေ့အကောင်အထည် ဖော်နိုင် ရန် အဆိုပါအကြံပြုချက်များကို ရေးဆွဲခြင်းဖြစ်ကြောင်း သိရ သည်။

အင်တာနက်အသုံးပြုခ လျှော့ပေးရေး အကြံပြုချက်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့မည် အင်တာနက်အသုံးပြုခ လျှော့ပေးရေး အကြံပြုချက်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့မည် Reviewed by The Collector on Thursday, June 23, 2016 Rating: 5

No comments