အုပ်ချုပ်ရေး၊ လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် ပတ်သက်သော သတင်းအချက်အလက်များလေ့လာနိုင်မည့် ၀က်ဘ်ဆိုက်လွှင့်တင်ရန်ရှိ


 မြန်မာနိုင်ငံ၏ အုပ်ချုပ် ရေး၊ လွှတ်တော်၊ နိုင်ငံရေးပါတီ များနှင့်ပတ်သက်သော သတင်းအချက်အလက်၊ သုတေသနဆန်း စစ်ချက်စသည့် အကြောင်းအရာ များပါဝင်မည့် MyPILAR အမည် ရှိဝက်ဘ်ဆိုက် (www.mypilar.org) ကို ယခုလလယ်ပိုင်း   စတင်လွှင့်တင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

 အဆိုပါဝက်ဘ်ဆိုက်တွင် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအ နေများ၊ သတင်းအချက်အလက် များ၊ လွှတ်တော်ကိုယ်စားလှယ် များ၏ မှတ်တမ်းများစသည်တို့ကို ဖော်ပြထားမည်ဖြစ်ပြီး နိုင်ငံသားများနှင့် အရပ်ဘက်အဖွဲ့အစည်းများက နိုင်ငံရေးတွင် ပူးပေါင်းပါဝင်မှုမြင့်တက်လာရန် ရည်ရွယ်ထားကြောင်း ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း (EMReF) အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မြတ်သဲသစ္စာက ပြောကြား သည်။


‘‘အဓိကက နိုင်ငံရေးနယ် ပယ်ရဲ့ အချက်အလက်တွေပေး မှာ။ သတင်းတွေကြည့်ဖို့ မဟုတ် ဘူး။ အစိုးရယန္တရားရဲ့ လုပ်ဆောင်လည်ပတ်ပုံတွေနဲ့ ဝေဖန်ဆန်းစစ် ချက်တွေ လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

 အထက်ပါဝက်ဘ်ဆိုက် ကို မြန်မာစာအုပ်စာပေကူညီပံ့ ပိုးရေးနှင့် ထိန်းသိမ်းစောင့်ရှောက် ရေးဖောင်ဒေးရှင်း (MBAPF) ၊ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှု အဖွဲ့ (USAID)၊ Microsoft ၊ ၀ါရှင်တန်တက္ကသိုလ် စသည်တို့မှ ဘဏ္ဍာရေးဆိုင်ရာနှင့် နည်းပညာ အကူအညီများဖြင့် တစ်နှစ်ကျော်အချိန်ယူ ရေးဆွဲထားခြင်း ဖြစ် သည်။

ခိုင်မာသည့် သတင်းအချက် အလက်များပေးဝေခြင်းက အစိုးရသစ်၏ မူဝါဒရေးရာဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် အထောက်အကူ ပြုနိုင်ရန် ယင်းဝက်ဘ်ဆိုက်ကို မိတ်ဆက်ခြင်းဖြစ်ကြောင်း ဒေါ်မြတ်သဲသစ္စာကပြောသည်။

အုပ်ချုပ်ရေး၊ လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် ပတ်သက်သော သတင်းအချက်အလက်များလေ့လာနိုင်မည့် ၀က်ဘ်ဆိုက်လွှင့်တင်ရန်ရှိ အုပ်ချုပ်ရေး၊ လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် ပတ်သက်သော သတင်းအချက်အလက်များလေ့လာနိုင်မည့် ၀က်ဘ်ဆိုက်လွှင့်တင်ရန်ရှိ Reviewed by The Collector on Monday, June 13, 2016 Rating: 5

No comments