အစိုးရသစ်လက်ထက်တွင် e-government လုပ်ငန်းစဉ် အမြန်ဆုံးစတင်ရန် စီစဉ်မည်


ဇွန်လ ၉ ရက်က ပြုလုပ်ခဲ့သည့် e-Government ဆိုင်ရာ အစည်းအဝေး (Thura U Shwe Mann FB)

အစိုးရသစ်လက်ထက် တွင် e-Government လုပ်ငန်းစဉ်များ အမြန်ဆုံးစတင်ရန် ပြည် ထောင်စုလွှတ်တော်၊ ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

 သူရဦးရွှေမန်းဦးဆောင် သော အထက်ပါကော်မရှင်၊ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး၊ သက် ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန် ရှိသူများနှင့် မြန်မာနိုင်ငံကွန်ပျူ တာအသင်းချုပ်မှ ပညာရှင်များ ပါဝင်သော e-Government ဆိုင် ရာအစည်းအဝေးကို ဇွန်လ ၉ ရက်က နေပြည်တော်၊ လွှတ်တော်ဝင်း အတွင်းရှိ ပြည်သူ့လွှတ်တော်ရေး ရာဆောင် (I-1)၌ ပြုလုပ်ခဲ့သည်။

‘‘e-Government စနစ်တွေအကောင်အထည်ဖော်ဆောင် ရွက်ဖို့ပေါ့။ အခုလက်ရှိအစိုးရက ဆက်လုပ်မယ်ပေါ့။ ဘယ်လိုလုပ် မလဲ။ ပြီးခဲ့တဲ့အစိုးရလက်ထက် က အတွေ့အကြုံတွေ ပြန်တင်ပြ တာမျိုး၊ ဆွေးနွေးကြတာမျိုးလုပ် တယ်။ e-Government လုပ်ငန်း စဉ်တွေ အမြန်ပြန်စဖို့ပေါ့’’ဟု အထက်ပါအစည်းအဝေးသို့တက် ရောက်ခဲ့သည့် မြန်မာနိုင်ငံကွန်ပျူ တာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။ ယခင်ဦးသိန်းစိန် အစိုးရ လက်ထက်တွင် e-Government စနစ်ကို လ ၂၀ စီမံချက်ဖြင့် အ ကောင်အထည်ဖော်လုပ်ဆောင်ခဲ့ သော်လည်း ၀န်ကြီးဌာနအချင်း ချင်းနှင့် ၀န်ကြီးဌာနက ပြည်သူများသို့ ၀န်ဆောင်မှုပေးရာတွင် ထိ ရောက်အောင်မြင်ခဲ့ခြင်း မရှိခဲ့ပေ။e-Government လုပ်ငန်း စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပညာရှင်များ ပါဝင်သော အထက်ပါညှိနှိုင်းအ စည်းအဝေးသည် အစိုးရသစ်လက် ထက်တွင် ပထမဆုံးအကြိမ်ပြု လုပ်ခြင်း ဖြစ်ပြီး ဆက်လက်လုပ် ဆောင်မည့်ပုံစံနှင့် အသုံးပြုမည့် ဘတ်ဂျက်များကိုမူ ဆွေးနွေးခြင်း မရှိသေးကြောင်း ဦးခွန်ဦးက ပြော သည်။

  ‘‘ဘယ်လိုပုံစံနဲ့သွားမလဲ။ PPP (Public-Private Partner-ship) ကို ဘယ်လိုအကောင်အ ထည်ဖော်မလဲ။ ဒီအတွက် ဘတ် ဂျက်ဘယ်လောက်သုံးစွဲမလဲဆို တာတွေကတော့ နောက်ထပ်ပြု လုပ်မယ့် အစည်းအဝေးတွေမှာ ပါဝင်မယ်ထင်တယ်’’ဟု ၎င်းက ဆိုသည်။ ၂၁၀၄ က ကုလသမဂ္ဂမှ နောက်ဆုံးထုတ်ပြန်ခဲ့သော နိုင်ငံတကာအစိုးရများ၏ e-Govern-ment အကောင်အထည်ဖော်မှု စစ်တမ်းတွင် မြန်မာနိုင်ငံက အဆင့် (၁၇၅) တွင် ရပ်တည်ခဲ့ပြီး အနိမ့်ကျဆုံးနိုင်ငံများစာရင်း၌ ပါဝင်ခဲ့သည်။

လက်ရှိတွင် အစိုးရယန္တရား အများစုမှာ စာရွက်စာတမ်းများ ဖြင့်သာ ချိတ်ဆက်လုပ်ကိုင်လျက်ရှိရာ သုတေသနနှင့် အချက်လက်များ လွယ်ကူလျင်မြန်စွာရရှိရေး အခက်အခဲများရှိနေသည်။

  e-Govenment စနစ်သာ အကောင်အထည်ပေါ်လာပါက အစိုးရ၀န်ကြီးဌာနများအကြား ကွန်ပျူတာစနစ်ဖြင့် ချိတ်ဆက်၍ အချက်အလက်ရယူခြင်း၊ သတင်းဖလှယ်ခြင်းအပါအ၀င် ပြည်သူနှင့်အစိုးရကြား အစိုးရဌာနဆိုင်ရာ ယန္တရားများ ဆက်သွယ်ဆောင် ရွက်ရာတွင် လွယ်ကူမြန်ဆန်နိုင် မည် ဖြစ်သည်။

 
အစိုးရသစ်လက်ထက်တွင် e-government လုပ်ငန်းစဉ် အမြန်ဆုံးစတင်ရန် စီစဉ်မည် အစိုးရသစ်လက်ထက်တွင် e-government လုပ်ငန်းစဉ် အမြန်ဆုံးစတင်ရန် စီစဉ်မည် Reviewed by The Collector on Sunday, June 12, 2016 Rating: 5

No comments