နည်းပညာပြပွဲနှင့် ဆွေးနွေးပွဲများ ဒီဇင်ဘာလဆန်းတွင် ကျင်းပမည်


ဒီဇင်ဘာလအတွင်းပြုလုပ်မည့် နည်းပညာပြပွဲနှင့်ဆွေးနွေးပွဲအတွက် သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်(ဓာတ်ပုံ−မြင့်ကျော်လှိုင်)

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ပြပွဲများ၊ ဆွေးနွေးပွဲများဖြစ်ကြသည့် Myanmar Communicast 2016၊ International MyanmarICT Exhibition 2016၊ MyanmarSatellite Forum 2016 စသည်တို့ကို ဒီဇင်ဘာလဆန်းတွင် ကျင်းပမည်ဟု သတင်းရရှိသည်။

Bangkok Exhibition Service နှင့် မြန်မာနိုင်ငံ ကွန်ပျူ တာအသင်းချုပ်တို့က ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအပါ အဝင် Software Park(ထိုင်း)တို့က ထောက်ပံ့ပေးသည့် ပြပွဲနှင့် ဆွေးနွေးပွဲဖြစ်သည်။


Myanmar Communicast 2016 နှင့် International Myan-mar ICT Exhibition 2016 တွင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၀ ပြသမည်ဖြစ်ပြီး အိန္ဒိယ၊စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က ပြခန်း လေးခန်း ပြသမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ နိုဗိုတယ်ဟို တယ်၌ ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပမည့် Myanmar Communicast 2016၊ Inter-national Myanmar ICT Exhi-bition 2016 နှင့် Myanmar Satellite Forum 2016 တွင် ထူးခြားမှုအနေဖြင့် ICT Live Forum 2016 ကိုလည်း ထည့် သွင်းစီစဉ်ထားကြောင်း ထုတ်ပြန် ချက်၌ ပါရှိသည်။

နည်းပညာပြပွဲနှင့် ဆွေးနွေးပွဲများ ဒီဇင်ဘာလဆန်းတွင် ကျင်းပမည် နည်းပညာပြပွဲနှင့် ဆွေးနွေးပွဲများ ဒီဇင်ဘာလဆန်းတွင် ကျင်းပမည် Reviewed by The Collector on Tuesday, November 08, 2016 Rating: 5

No comments