ဗဟိုဝန်ထမ်းတက္ကသိုလ်၌ အိုင်စီတီဘာသာရပ် ထည့်သွင်းသင်ကြားမည်


ဗဟိုဝန်ထမ်းတက္ကသိုလ်သို့ တက်ရောက်နေသူများ၊ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

 ဗဟိုဝန်ထမ်းတက္ကသိုလ် ၌ သင်ကြားမည့်ဘာသာရပ်ခုနစ် ခုအနက် အိုင်စီတီဘာသာရပ်ကို ထည့်သွင်းသင်ကြားမည်ဖြစ်ပြီး အဆိုပါအိုင်စီတီဘာသာရပ် သင် ရိုးညွှန်းတမ်းကို မြန်မာနိုင်ငံကွန် ပျူတာပညာရှင်အသင်းက ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း အသင်းတွဲဖက် အတွင်းရေးမှူး(၂) ဦးအောင်စိုးမိုး က ပြောသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ် ခုတွင် ၂၀၁၇ ဇန်နဝါရီ၌ ဖွင့်လှစ် မည့် ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ၌ အိုင်စီတီဘာသာရပ်ကို ထည့်သွင်း သင်ကြားနိုင်ရေး ပြည် ထောင်စုရာထူးဝန်အဖွဲ့မှ သင်ရိုးညွှန်းတမ်းရေးဆွဲပေးရန် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ် သည်။


  သင်ရိုးညွှန်းတမ်းသည် Information Technology Passport Examination (IT Passport) ကို အခြေခံရေးဆွဲ ထားခြင်းဖြစ်ပြီး သင်ခန်းစာကြာ မြင့်ချိန် နာရီ ၅၀ ရှိသည်ဟု ဦး အောင်စိုးမိုးက ပြောသည်။ ‘‘အ ခြေခံလည်းဖြစ်အောင်၊ အရမ်းအ ဆင့်မြင့်ကြီးလည်း မဖြစ်အောင် စဉ်းစားတဲ့အခါ IT Passport Course က အသင့်တော်ဆုံးဖြစ် မယ်လို့ထင်ပြီး ရေးဆွဲခဲ့ပါတယ်’’ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာ ရှင်အသင်း ဒုဥက္ကဋ္ဌ ဦးထွန်းခိုင်က ပြောသည်။

  မြန်မာနိုင်ငံ ကွန်ပျူတာပ ညာရှင်အသင်းအနေဖြင့် ဗဟိုဝန် ထမ်းတက္ကသိုလ်၌ သင်ကြားမည့် အိုင်စီတီဘာသာရပ်သင်ရိုးညွှန်း တမ်းကို ပြည်ထောင်စုရာထူးဝန် အဖွဲ့သို့ နိုဝင်ဘာအတွင်းက ပေးပို့ခဲ့သည်။ ‘‘သင်ကြားမှုပိုင်းက တော့ Training for Trainer အနေနဲ့ နောက်ပိုင်းရှိလာနိုင်ပါတယ်’’ဟု ဦးထွန်းခိုင်က ပြောသည်။

   သင်ရိုးညွှန်းတမ်းအတွက် အခြေခံရေးဆွဲထားသည့် IT Pass-port ဘာသာရပ်သည် Infor-mation Technology Profess-ionals Examination Council (ITPEC) က ပြဋ္ဌာန်းဘာသာရပ်တစ်ခုဖြစ်ပြီး အခြေစိုက်ဂျပန်နိုင်ငံအပါအဝင် ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား၊ မွန်ဂိုလီးယားနှင့် ဘင်္ဂလား ဒေ့ရှ် အစရှိသည့် နိုင်ငံများက အသိအမှတ်ပြုထားကြောင်း မြန် မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ သတင်းရရှိသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်၌ အိုင်စီတီဘာသာရပ် ထည့်သွင်းသင်ကြားမည် ဗဟိုဝန်ထမ်းတက္ကသိုလ်၌ အိုင်စီတီဘာသာရပ် ထည့်သွင်းသင်ကြားမည် Reviewed by The Collector on Tuesday, November 15, 2016 Rating: 5

No comments