e-Government အကောင်အထည်ဖော်ရန် နေပြည်တော်၌ နှစ်ရက်ကြာဆွေးနွေး


e-Government လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ

ဝန်ကြီးဌာနများအပါအ ၀င် အစိုးရဌာနဆိုင်ရာပေါင်း ၃၃ ခုစုစည်း၍ နေပြည်တော်တွင် e-Governmentအကောင်အ ထည်ဖော်ဆောင်ရေး နိုဝင်ဘာ  ၃ရက်နှင့် ၄ရက်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနရုံး၌ဆွေးနွေးခဲ့ကြောင်း  သတင်းရရှိသည်။

 ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာဖွံ့ဖြိုးရေးကောင်စီက ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး e-Government Master Planနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

‘‘ ADB Bank က ကူညီရေး ဆွဲခဲ့တဲ့ e-Government Master Plan က အစိုးရသစ်လက်ထက် မှာ ပြန်လည်စိစစ်တာတွေလုပ်ရ တယ်။ ဘာကြောင့်လဲဆိုတော့ဝန် ကြီးဌာန  ဖွဲ့စည်းမှုတွေပြောင်း သွားတယ်။ နည်းပညာတွေ ပြောင်းသွားတယ်။ အခုတော့ အတည်ပြုဖို့တင်ပြီးသွားပါပြီ’’ဟု e-Government Division(MOTC)မှ ဒါရိုက်တာဒေါ်နွယ်နီ စိုးရင်ကပြောသည်။


e-Governmentစီမံကိန်း သည် အစိုးရအဆက်ဆက်အ ကောင်အထည်ဖော်ဆောင်ခဲ့ သည့် စီမံကိန်းတစ်ခုဖြစ်သော် လည်း အောင်မြင်စွာအကောင်အ ထည်ဖော်ဆောင်နိုင်ခြင်းမရှိ၍ ဝေဖန်မှုများနှင့်ရင် ဆိုင်နေရသည့် စီမံကိန်းဖြစ်သည်။

‘‘အရင်အစိုးရလက်ထက်က e-Government လ ၂၀စီမံကိန်း  က ရေးဆွဲခဲ့တာပဲရှိပြီးတော့ အ ကောင်အထည်ဖော်ဆောင်နေရာ မှာလုပ်ဆောင်နိုင်ခဲ့တာတွေရှိသ လို မလုပ်ဆောင်နိုင်ခဲ့တာတွေ လည်းရှိခဲ့တဲ့အနေအထားပေါ့’’ ဟု ၎င်းက ဆိုသည်။

လက်ရှိအစိုးရလက်ထက် တွင် e-Governmentနှင့်ပတ် သက်၍ ထူးခြားမှုသည် လွှတ် တော်၌ ပြည်ထောင်စုအစိုးရက ဦး ဆောင်၍ အကောင်အထည်ဖော် ရန် ဆွေးနွေးခဲ့ကြသည်။ e-Government Master Plan မူကြမ်းအရ လုပ်ငန်းစဉ်အကောင်အထည်ဖော်ဆောင်ရန် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကို စတင် ရင်းနှီးမြှုပ်နှံရမည်ဟုသိရသည်။

e-Government အကောင်အထည်ဖော်ရန် နေပြည်တော်၌ နှစ်ရက်ကြာဆွေးနွေး e-Government အကောင်အထည်ဖော်ရန် နေပြည်တော်၌ နှစ်ရက်ကြာဆွေးနွေး Reviewed by The Collector on Saturday, November 05, 2016 Rating: 5

No comments