နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံအတွက် GMBX က ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံ


ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရှင်းလင်းပွဲသို့ တက်ရောက်လာသော တာဝန်ရှိသူများ(ဓာတ်ပုံ− မြင့်ကျော်လှိုင်)

 သတင်းအချက်အလက် နှင့် နည်းပညာကဏ္ဍ၌ Golden Myanmar Business Exchange (GMBX)သည် နည်းပညာအခြေ ခံအဆောက်အအုံနှင့်ပတ်သက်၍ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံခဲ့သည်။

GMBX သည် အခြေခံအ ဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအနေ ဖြင့် အရှေ့ဒဂုံမြို့နယ်တွင် Data Center တည်ဆောက်ပြီး Data Center၊ Cloudနည်းပညာ၊ ဖိုက်ဘာကွန်ရက်ဝန်ဆောင်မှုတို့ လုပ်ကိုင်ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်သည်။

 ‘‘အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ မီလီယံ ရင်းနှီးမြှုပ်နှံထား ပါတယ်။ နောက်ကွယ်ကနေပြီး တော့ အခြေခံအဆောက်အအုံကို ထောက်ပံ့ပေးဖို့ပါ။ Web တို့၊ Cloud တို့ကို ရောင်းချမှာမဟုတ် ဘူး။ ရောင်းချမယ့်လူတွေကို နောက်ကနေပြီးတော့ အခြေခံအ ဆောက်အအုံ ထောက်ပံ့ပေးဖို့ပါ’’ ဟု GMBX စီအီးအို Mr.Derek Hallmons က ပြောသည်။


‘‘Data Center က TR3 အ ဆင့်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး TR3 လို့လည်း ပြော နိုင်ပါတယ်။ TR3 ဖြစ်တာကြောင့် နည်းပညာအခြေခံတည်ဆောက် မှုက နှစ်ဆ၊ ပါဝါကွန်ရက်တည် ဆောက်မှုက နှစ်ဆဖြစ်ပါတယ်။ တစ်နှစ်တာလုံးမှာ ပြတ်တောက် ခွင့်ရှိတဲ့အချိန်ကလည်း တစ်နာရီ ခွဲပဲ ဖြစ်ပါတယ်’’ဟု GMBX ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် GTMH ကုမ္ပဏီ နည်းပညာဆိုင် ရာ အမှုဆောင်အရာရှိချုပ် ဦးကျော်နိုင်က ပြောသည်။

Data Center များကို လုံခြုံ စိတ်ချရမှုနှင့်ပတ်သက်၍ ကမ္ဘာပေါ်၌ TR1, TR2, TR3, TR4 ဟူပြီး အဆင့်လေးမျိုးသတ်မှတ် ထားသည်။ နည်းပညာအရ ဆက် သွယ်ရေးပြတ်တောက်ခွင့်အချိန် ကာလပေါ်မူတည်၍ TR1 သည် အနိမ့်ဆုံးအဆင့်တွင် တည်ရှိပြီးTR4 မှာ အမြင့်ဆုံးအဆင့်တွင် တည်ရှိသည်။

GMBX ၏ Data Center ကို ဟွာဝေးက နည်းပညာအရ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှုများကို ဆက်သွယ်ရေးလိုင်စင်ရရှိထားသည့် လက်အောက်ခံ Golden TMH Telecom ကုမ္ပဏီ၊ Myanmar Golden 11 Investment International ကုမ္ပဏီတို့က လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်သည်။

GMBX သည် အခြေခံအ ဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုကို ၂၀၁၇ အတွင်း မန္တလေးနှင့် နေ ပြည်တော်သို့ ဆက်လက်တိုးချဲ့ မည်ဟု သတင်းထုတ်ပြန်ထား သည်။ လက်ရှိ၌ ရတနာပုံတယ်လီပို့စ်နှင့် True IDC တို့က Data Center ဝန်ဆောင်မှုကို ရန်ကုန်မြို့၌ ရင်းနှီးမြှုပ်နှံထားသည်။

နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံအတွက် GMBX က ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံ နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံအတွက် GMBX က ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံ Reviewed by The Collector on Friday, November 25, 2016 Rating: 5

No comments