Mobile Money ၀န်ဆောင်မှု တယ်လီနောနှင့် ရိုးမဘဏ်က ကန်ဒေါ်လာ ၁၇ ဒသမ ၂ မီလီယံခန့် ရင်းနှီးမြှုပ်နှံ


ရင်းနှီးမြှပ်နှံမှု အခမ်းအနားတွင် တွေ့ရသည့် တာဝန်ရှိသူများ(ဓာတ်ပုံ−မြင့်ကျော်လှိုင်)

တယ်လီနောနှင့် ရိုးမ ဘဏ်တို့သည် Mobile Money ၀န်ဆောင်မှုပေးအပ်ရန် Wave Money ကို စတင်မိတ်ဆက်ခဲ့ပြီး လုပ်ငန်းလည်ပတ်ရန် အမေရိ ကန်ဒေါ်လာ ၁၇ ဒသမ ၂ မီလီယံ ခန့် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

  တယ်လီနောအနေဖြင့် Wave Money တွင် ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး ရိုးမဘဏ်အနေ ဖြင့် ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထား သည်။ Wave Money ၀န်ဆောင် မှုကို Digital Money ကုမ္ပဏီအ နေဖြင့် ဗဟိုဘဏ်၏ ခွင့်ပြုချက် ကို ၂၀၁၆ အောက်တိုဘာအတွင်း ရရှိခဲ့ကြောင်း သတင်းရရှိသည်။


‘‘မြန်မာ့လူဦးရေ ၂၀ ရာခိုင် နှုန်းလောက်ကသာ ဘဏ်ဝန် ဆောင်မှုကို ရရှိတာဖြစ်ပါတယ်။ ၂၀၂၀ မှာ ကမ္ဘာ့လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဟာ ငွေရေးကြေးရေး ၀န်ဆောင်မှုတွေကို တစ်ခုထက် မက သုံးစွဲနိုင်ဖို့ ရည်ရွယ်ချက် ရှိပါတယ်။ မြန်မာအစိုးရဲ့ ငွေရေး ကြေးရေးရည်မှန်းချက်တွေကို အ ကောင်အထည်ဖော်နိုင်အောင် ၀ိုင်းဝန်းကြိုးစားသွားမှာပါ’’ဟု Wave Money မှ စီအီးအို Mr. Brad Jones ကပြောသည်။

Wave Money သည် ဘဏ် ၀န်ဆောင်မှုမရရှိသည့် ကျေး လက်ဒေသများကို ၀န်ဆောင်မှု ပေးရန် ဦးတည်ဆောင်ရွက်ခြင်း ဖြစ်၍ လက်ရှိဝန်ဆောင်မှုပေး အပ်နေသော ဘဏ်လုပ်ငန်းဆိုင် ရာဈေးကွက်ကို ထိခိုက်နစ်နာစေ မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Wave Money ၏ ကွန်ရက် သည် လက်ရှိ၌ မြန်မာနိုင်ငံတွင် အေးဂျင့်ဆိုင်ပေါင်း ၄,၀၀၀ ကျော် တည်ရှိပြီး ရည်မှန်းချက်အရ ၂၀၁၇ နှစ်ကုန်တွင် အေးဂျင့်ဆိုင်ပေါင်း ၁၅,၀၀၀ ကျော်ဖွင့် လှစ်မည်ဟု သတင်းရရှိသည်။

Wave Money သည် မိုဘိုင်းဖုန်းအကောင့်များမှတစ်ဆင့် ဒေသခံအေးဂျင့်များဖြင့် ချိတ် ဆက်ကာ ငွေကြေးလွှဲပြောင်းမှု ၀န်ဆောင်မှုကို လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သော်လည်း ရည်မှန်းချက်အနေဖြင့် အချိန်ကာလတစ်ခုတွင် ငွေကြေးစုဆောင်းခြင်း၊ ငွေချေးလုပ်ငန်း လုပ်ကိုင်ခြင်းနှင့် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု  လုပ်ကိုင်ခြင်းတို့ကို တိုးချဲ့လုပ်ကိုင်မည်ဟု ထုတ်ပြန်ထားသည်။

Mobile Money ၀န်ဆောင်မှု တယ်လီနောနှင့် ရိုးမဘဏ်က ကန်ဒေါ်လာ ၁၇ ဒသမ ၂ မီလီယံခန့် ရင်းနှီးမြှုပ်နှံ Mobile Money ၀န်ဆောင်မှု တယ်လီနောနှင့် ရိုးမဘဏ်က ကန်ဒေါ်လာ ၁၇ ဒသမ ၂ မီလီယံခန့် ရင်းနှီးမြှုပ်နှံ Reviewed by The Collector on Thursday, November 10, 2016 Rating: 5

No comments