မိုက်ကရိုဆော့ဖ်က မြန်မာနိုင်ငံအတွက် Cloud ဝန်ဆောင်မှုပေးရန် စဉ်းစား


ကမ္ဘာ့နာမည်ကြီးနည်း ပညာကုမ္ပဏီဖြစ်သည့် Microsoft သည် မြန်မာနိုင်ငံအတွက် Cloud ဝန်ဆောင်မှုပေးအပ်ရန် အစိုးရ နှင့် ဆွေးနွေးမှုများ ပြုလုပ်နေ သည်ဟု ၎င်း၏ Local Service Provider (LSP) ကုမ္ပဏီတစ်ခု ဖြစ်သည့် MIT မှ ဒေါက်တာ ဦးထွန်းသူရသက်က ပြောသည်။

Microsoft အနေဖြင့် မြန်မာ နိုင်ငံ၌ Windows Server နှင့်ပတ် သက်၍ တရားဝင်ဝန်ဆောင်မှုပေးအပ်နေပြီး နောက်ဆုံးအနေဖြင့် Cloud ဝန်ဆောင်မှုပေးအပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ‘‘Mi-crosoft Cloud ကို စင်ကာပူကနေ တစ်ဆင့်သုံးရင်တော့ရတယ်။ ဒီ မှာတော့ တရားဝင်မပေးဘူး။ ပေး ဖို့စဉ်းစားနေတယ်’’ဟု ဦးထွန်းသူရသက်က ပြောသည်။


မြန်မာနိုင်ငံ၌ Cloud ဝန် ဆောင်မှုပေးအပ်ရန် Microsoft က အခွန်အခပေးဆောင်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးနေခြင်း ဖြစ်သည်။ ‘‘ပြည်တွင်းမှာ Google လိုမျိုး Cloud တွေလည်း သုံးနေ ကြတာပဲ။ အခွန်အခမပေးကြ တော့ အကျိုးမရှိဘူး’’ဟု ဦးထွန်း သူရသက်က ပြောသည်။

Cloud ဝန်ဆောင်မှုကို Microsoft အနေဖြင့် မြန်မာနိုင်ငံ ၌ စတင်နိုင်ရန် အခွန်ကိစ္စရပ်များ ဆွေးနွေးနေ၍ အချိန်တစ်လခန့် ကြာမြင့်နိုင်ကြောင်း MIT ကုမ္ပဏီမှ သတင်းရရှိသည်။ Microsoft သည် လက်ရှိတွင် မြန်မာနိုင်ငံ၌တရားဝင်ရုံးခွဲ လာရောက်ဖွင့်လှစ် ထားပြီး Country Managerကိုလည်း ခန့်အပ်ထားပြီးဖြစ် သည်။

မြန်မာနိုင်ငံ၌ ပြည်တွင်း ဘဏ်လုပ်ငန်းအချို့ကို Micro-soft က နည်းပညာနှင့်ပတ်သက် ၍ ဝန်ဆောင်မှုပေးအပ်ထားပြီး မကြာမီ SQL Server 2016 ကို လည်း ပြည်တွင်း၌ မိတ်ဆက်ပေး ခဲ့သည်။ ဝန်ဆောင်မှုရောင်းချရန် အတွက်လည်း Microsoft သည် ပြည်တွင်းကုမ္ပဏီ ၄၀ ခန့်နှင့် လက်တွဲထားသည်။

မိုက်ကရိုဆော့ဖ်က မြန်မာနိုင်ငံအတွက် Cloud ဝန်ဆောင်မှုပေးရန် စဉ်းစား မိုက်ကရိုဆော့ဖ်က မြန်မာနိုင်ငံအတွက် Cloud ဝန်ဆောင်မှုပေးရန် စဉ်းစား Reviewed by The Collector on Thursday, November 17, 2016 Rating: 5

No comments