မီးခိုးရောင် OPPO F1s ဟန်းဆက် အကန့်အသတ်ဖြင့် ဖြန့်ချိ


OPPO သည် နောက် ဆုံးမိတ်ဆက်ခဲ့သည့် F1s အတွက် မီးခိုးရောင်ဟန်းဆက်ကာလာကို အလုံးရေအကန့်အသတ်ဖြင့် ဈေး ကွက်အတွင်း ထပ်မံဖြန့်ချိမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အလုံးရေ တစ်ထောင်သာဖြန့် ချိမည်ဖြစ်ပြီး အရောင်းဆိုင် ၃၀၀ တွင် ရရှိနိုင်မည်ဟု ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။ ‘‘အာရှမှာ ဒီ အရောင်ကို ဗီယက်နမ်၊ ထိုင်း၊ ထိုင်ဝမ်နဲ့ မြန်မာနိုင်ငံပဲ အလုံးရေ အကန့်အသတ်နဲ့ ရရှိခဲ့တာပါ’’ ဟု OPPO ၏ ပြန်ကြားရေးတာဝန်ခံ ကိုဝေဖြိုးအောင်က ပြောသည်။


OPPO F1s ကို Gold ၊ Rose Gold အရောင်နှစ်မျိုးဖြင့် ပြည်တွင်းဈေးကွက်သို့ ရောင်းချခဲ့စဉ် ရောင်းအားအထူးကောင်းမွန်ခဲ့၍ မီးခိုး ရောင် (Gray) ကို အလုံးရေအကန့်အသတ်ဖြင့် ရောင်းချခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

OPPO F1s Gold နှင့် Rose Gold အရောင်မိတ်ဆက်ခဲ့စဉ်က ပြည်တွင်းဈေးကွက်တွင် ဟန်း ဆက်အလုံးရေ ကျပ်သိန်းနှင့် ချီ၍ ရောင်းချမည်ဟု ကုမ္ပဏီက ကြေညာထားသည်။ OPPO F1s သည် ကင်မရာလုပ်ဆောင်ချက် အထူးကောင်းမွန်သည့် ဟန်းဆက်ဖြစ်သည်ဟု ကုမ္ပဏီက ညွှန်းဆိုထားပြီး အလုံးရေအကန့်အသတ်ဖြင့် ရောက်ရှိလာသည့် မီးခိုးရောင်OPPO F1s ကို အခြားအရောင် များနည်းတူ ၂၆၉,၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဟု သတင်းထုတ်ပြန်ထားသည်။

မီးခိုးရောင် OPPO F1s ဟန်းဆက် အကန့်အသတ်ဖြင့် ဖြန့်ချိ မီးခိုးရောင် OPPO F1s ဟန်းဆက် အကန့်အသတ်ဖြင့် ဖြန့်ချိ Reviewed by The Collector on Sunday, November 27, 2016 Rating: 5

No comments