လူမှုကွန်ရက်မှတစ်ဆင့် အလုပ်လျှောက်သူအများစုမှာ အမျိုးသမီးများဖြစ်ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြ


အွန်လိုင်းမှတစ်ဆင့် အလုပ်လျှောက်ထားသော အမျိုးသမီးအရေအတွက်မှာ အမျိုးသားထက် ၁၀ ရာခိုင်နှုန်း ပိုများ

 မြန်မာနိုင်ငံတွင် လူမှု ကွန်ရက်မှတစ်ဆင့် အလုပ်လျှောက်ထားသူအများစုသည် အမျိုးသမီးများဖြစ်ကြောင်း အွန်လိုင်း အလုပ်ရှာဖွေရေး ဝက်ဘ်ဆိုက်တစ်ခုမှ ထုတ်ပြန်သည့် စစ်တမ်း ရလဒ်များအရ သိရသည်။

အွန်လိုင်းအလုပ်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သည့် work.com.mm က ထုတ်ပြန်သည့် စစ်တမ်းအရ လူမှုကွန်ရက်မှတစ်ဆင့် အလုပ်ရှာဖွေမှုသည် မြန်မာနိုင်ငံ ၌ မြင့်တက်လာနေပြီး ထိုသို့အလုပ်ရှာဖွေနေသူများတွင် အမျိုးသမီးဦးရေမှာ အများဆုံးဖြစ်ကြောင်း  ထုတ်ပြန်ထားသည်။ ထိုသို့ အလုပ်လျှောက်ထားရာတွင် အမျိုးသမီးဦးရေမှာ ၅၅ ရာခိုင်နှုန်းရှိနေပြီး အမျိုးသမီးများသည် အမျိုးသားများထက် အင်တာနက်အသုံးပြုချိန် ပိုကြာခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယင်းဝက်ဘ်ဆိုက် တာဝန်ရှိသူများက ခန့်မှန်းထားသည်။


 ‘‘ဒီလိုများနေရခြင်းဟာ အချက်နှစ်ချက်ကြောင့် ဖြစ်နိုင် တယ်လို့ ကျွန်တော်တို့ ယုံကြည် ပါတယ်။ ပထမတစ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီး တွေဟာ အမျိုးသားတွေအွန်လိုင်း သုံးတဲ့အချိန်ထက် ၁၄ ရာခိုင်နှုန်းလောက်ကို ပိုပြီးသုံးတဲ့အချိန် ပိုများတာပါ။ ဒါကြောင့် အွန်လိုင်းကိုသုံးပြီး မီဒီယာတွေကနေ တစ်ဆင့် အလုပ်ပိုလျှောက်နိုင်တာလည်း ဖြစ်ပါတယ်။ ဒုတိယ တစ်ချက်ကတော့ လူတွေရဲ့ စိတ်နေသဘောထားတွေကို လေ့လာကြည့်ချက်အရ အမျိုးသမီးတွေ က အခွင့်အလမ်းကောင်းတွေကို ပိုပြီး ရလိုကြပါတယ်။ ဒါက စိတ် ဝင်စားစရာကောင်းတဲ့အချက်ပါ။ ဥပမာပြောရရင် အဝေးသင် တက္ကသိုလ် စာမေးပွဲကာလအတွင်းမှာတင် အမျိုးသမီးတွေက စာမေးပွဲဖြေနေစဉ်အတွင်းမှာကိုပဲ အလုပ် လျှောက်ထားကြတာတွေ အများ ကြီးရှိခဲ့ပါတယ်’’ဟု work.com. mm ၏ Head of MarCom&PR Mr.Raphael Laukar က ပြောသည်။

အွန်လိုင်းမှတစ်ဆင့် အလုပ် အကိုင်လျှောက်ထားကြရာတွင် ၇၀ ရာခိုင်နှုန်းသည် ၎င်းတို့၏ လက်ကိုင်မိုဘိုင်းဖုန်းများ အသုံးပြုကြပြီး ကျန် ၂၇ ရာခိုင်နှုန်းသည် အိမ်သုံးကွန်ပျူတာမှတစ်ဆင့် လျှောက်ထားကြခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 အလုပ်လျှောက်ထားသူ အရေအတွက်၏ ၃ ရာခိုင်နှုန်း သာ တက်ဘလက် (Tablet)ကို အသုံးပြုပြီး အွန်လိုင်းမှ အလုပ် လျှောက်ထားခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုသို့ လူမှုကွန်ရက်မှတစ် ဆင့် အလုပ်အကိုင်လျှောက်ထား မှုသည် လွန်ခဲ့သည့် ငါးနှစ်ကျော် ကတည်းက မြန်မာနိုင်ငံတွင် ခေတ်စားလာခြင်းဖြစ်သည်။

လက်ရှိ ပြည်တွင်းအလုပ် အကိုင် ဈေးကွက်တွင် လူငယ် များ၏ အလုပ်လိုအပ်ချက် မြင့် မားစွာ ရှိနေသကဲ့သို့ ကုမ္ပဏီများ ဘက်ကလည်း ကျွမ်းကျင်အဆင့် အလုပ်သမား လိုအပ်ချက်များ ရှိ နေကြောင်း အလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီများက ဆိုသည်။ အေဂျင်စီများနှင့် ချိတ်ဆက်၍ အလုပ်ရှာဖွေ လျှောက်ထားရာ တွင် အမျိုးသား၊ အမျိုးသမီးဟူ၍ သိသာစွာ ကွဲပြားမှုမရှိကြောင်း ယင်းလုပ်ငန်းများက ဆိုသည်။

 ‘‘လုပ်ငန်းအမျိုးအစား အ လိုက်တော့ ကွာခြားမှုရှိချင်ရှိ မယ်။ လျှောက်ထားတဲ့ အထဲမှာ တော့ အမျိုးသားရော၊ အမျိုး သမီးရော အတူတူလောက်ပါပဲ’’ဟု ပြည့်ဝ အထွေထွေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လူမှုကွန်ရက်မှတစ်ဆင့် အလုပ်လျှောက်သူအများစုမှာ အမျိုးသမီးများဖြစ်ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြ လူမှုကွန်ရက်မှတစ်ဆင့် အလုပ်လျှောက်သူအများစုမှာ အမျိုးသမီးများဖြစ်ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြ Reviewed by The Collector on Monday, November 28, 2016 Rating: 5

No comments