Window OS သုံးပစ္စည်းများတွင် မြန်မာစာစံစနစ် ကူးပြောင်းရေး ကူညီမည်ဟု Microsoft ကမ်းလှမ်း


 Window OS အသုံးပြု ထားသည့် ကွန်ပျူတာ၊ တက်ဘ လက်နှင့် မိုဘိုင်းဖုန်းအားလုံးတွင် မြန်မာစာစံစနစ်ဖြစ်သည့်  ယူနီကုတ်အား    ဟန်ချက်ညီစွာကူးပြောင်းနိုင်ရေး ကူညီပေးမည်ဟု Microsoft က ကမ်းလှမ်းထား ကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ သတင်းရရှိသည်။

‘‘ယူနီကုတ်စနစ်ကို ဟန်ချက် ညီစွာ ကူးပြောင်းနိုင်ရေးအတွက် ကူညီပေးသွားမယ်ဆိုပြီး Microso ft ကမ်းလှမ်းမှုပြုလုပ်လာပါတယ်။ သူတို့ရဲ့ ဆော့ဖ်ဝဲပိုင်းနဲ့ နည်းပညာ ပိုင်းတွေကို အကူအညီပေးသွား မှာ ဖြစ်တဲ့အတွက် အစိုးရနဲ့ချိတ် ပေးသွားဖို့လည်း စီစဉ်နေပါတယ်’’ ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်း  ချုပ် အတွင်းရေးမှူးဦးထွန်းသူရ သက်က ပြောသည်။

လက်ရှိပြည်တွင်း၌ အသုံး များနေသော  ဇော်ဂျီမှစံစနစ်ဖြင့် ယူနီကုတ်သို့  ကူးပြောင်းရာတွင် မတူညီသည့်   စနစ်နှစ်ခုကြား အသုံးပြုသူများကို  အခက်အခဲ ဖြစ်စေနိုင်သောကြောင့်  ဟန်ချက် ညီစွာ တစ်ပြိုင်တည်းကူးပြောင်းနိုင်ရေးသည်  အရေးကြီး၍  ၎င်းတို့၏ Window OS အသုံးပြုထား သည့် နည်းပညာထုတ်ကုန်အား လုံးတွင်  အဆင်ပြေစွာအသုံးပြု နိုင်ရေး Micr osoft က ကူညီပေး မည်ဖြစ်ကြောင်း သိရသည်။


‘‘Window OS မှာ မြန်မာစာ စံစနစ်အတွက်  ဖောင့်တွေ၊  ကီး ဘုတ်တွေကအစ  အရင်ကထက်ပို ပြီး အဆင်ပြေစွာ အသုံးပြုလာနိုင် မှာ ဖြစ်ပါတယ်။  ပြည်တွင်းမှာ  Window က လူသုံးအများဆုံးဖြစ် တဲ့အတွက် ဒါကအရေးပါတဲ့ ကူး ပြောင်းမှုဖြစ်ပြီး  စနစ်နှစ်ခုကြား မှာ  ဟန်ချက်ညီညီနဲ့  ကူးပြောင်း နိုင်ဖို့ အနည်းဆုံး ခြောက်လကနေ ကိုးလအထိ အချိန်ယူပြီးလုပ်ရမှာ ဖြစ်ပါတယ်’’ဟု ဦးထွန်းသူရသက် က ပြောသည်။

မြန်မာနိုင်ငံကွန်ပျူတာ အ သင်းချုပ်အနေဖြင့် မြန်မာစာစံ စနစ်ကို Window OS အသုံးပြု ထားသည့် နည်းပညာထုတ်ကုန် များတွင်သာမကဘဲ Android  OS ကို အသုံးပြုထားသည့် စမတ်ဖုန်း အားလုံး၌ပါ အဆင်ပြေစွာအသုံး ပြုနိုင်ရေး ပြည်တွင်းရှိ စမတ်ဖုန်း ကုမ္ပဏီများနှင့်တွေ့ဆုံရန် စီစဉ်မည်ဟု ၎င်းကပြောသည်။

Window OS သုံးပစ္စည်းများတွင် မြန်မာစာစံစနစ် ကူးပြောင်းရေး ကူညီမည်ဟု Microsoft ကမ်းလှမ်း Window OS သုံးပစ္စည်းများတွင် မြန်မာစာစံစနစ် ကူးပြောင်းရေး ကူညီမည်ဟု Microsoft ကမ်းလှမ်း Reviewed by The Collector on Tuesday, November 01, 2016 Rating: 5

No comments