နံပါတ်အလှဆင်းမ်ကတ်များ လူစိတ်ဝင်စားမှုလျော့ကျ


ဈေးကွက်အတွင်း ရောင်းချနေသော ဆင်းမ်ကတ်အမျိုးမျိုး(ဓာတ်ပုံ−ကျော်ဇင်သန်း)

ဆင်းမ်ကတ်နံပါတ်အ လှများ ဈေးကွက်၌ ရောင်းအားများကျဆင်းလျက်ရှိပြီး နံပါတ်အလှဆင်းမ်ကတ်တစ်ခုချင်းစီ၏ ဈေးနှုန်းများလည်း ကျဆင်းလျက် ရှိကြောင်း နံပါတ်အလှအရောင်း အဝယ်ပြုလုပ်နေသူများထံမှ စုံ စမ်းသိရှိရသည်။

 ဆက်သွယ်ရေးအော်ပရေ တာများအနေဖြင့် မိုဘိုင်းဆင်းမ် ကတ်များကို အရေအတွက်အများ အပြားဖြန့်ချိလာ၍ ဈေးကွက်အတွင်း  ဆမ်းမ်ကတ်နံပါတ်အလှ များ ပေါများလာသည်။

  ‘‘အလယ်အလတ်ဖြစ်တဲ့ နှစ်သိန်းကနေ ဆယ်သိန်းအတွင်း ဆင်းမ်ကတ်တွေက ပိုပြီးတော့ အရောင်းပါးတယ်။ အမြင့်ပိုင်း တွေကတော့ သိပ်မသိသာဘူး’’ဟု နံပါတ်အလှပြခန်း  ဖွင့်လှစ်ထား သည့် ကိုအောင်ကိုကိုညီက ပြော သည်။ နံပါတ်အလှဈေးကွက်တွင် တယ်လီနောသည်   ထိပ်ဆုံးက ရပ်တည်နေပြီး အူရီးဒူးနှင့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဒုတိ ယနှင့် တတိယနေရာ၌ ဈေးကွက် အတွင်း ရပ်တည်နေသည်။


လက်ရှိ၌ အော်ပရေတာများ သည် ဆင်းမ်ကတ်ဖြန့်ချိရေးကိုယ် စားလှယ်များအား နံပါတ်အလှ များ ထုတ်ပေးနေခြင်းကြောင့် ပြင်ပဈေးကွက်တွင် နံပါတ်အလှများ ပေါများနေပြီး ဈေးနှုန်းအနေဖြင့် လည်း ၆၀ ရာခိုင်နှုန်းခန့်ကျဆင်း ခဲ့သည်။ ‘‘အရင်က တစ်သိန်းနဲ့ ရောင်းတဲ့ ဆင်းမ်ကတ်က အခု လေးသောင်းရဖို့ မလွယ်တော့ ဘူး။ အူရီးဒူးရဲ့ဆိုင်မှာ အခွန်အပါအဝင် ငါးသိန်းနှစ်သောင်းခွဲနဲ့ ရောင်းတဲ့ ဆင်းမ်ကတ်က ကျွန်တော်တို့ အပြင်မှာ သုံးသောင်း လောက်ပဲရှိတယ်’’ဟု နံပါတ်အ လှရောင်းဝယ်သူ ကိုလူလူထက် က ပြောသည်။

 ဆင်းမ်ကတ်များကို ပြင်ပ ဈေးကွက်၌ ရောင်းချနေသည့်အ ပြင် ဆက်သွယ်ရေးအော်ပရေ တာများကလည်း ၎င်းတို့၏အ ရောင်းဆိုင်များတွင် ရောင်းချနေ ပြီး လေလံစနစ်ဖြင့်လည်း အလှဆုံး နံပါတ်များကို ရောင်းချခဲ့သည်။ ဖေဖော်ဝါရီအတွင်း လေလံတင်ရောင်းချခဲ့သော တယ်လီနော၏ ၀၉ ၇၇၇၇၇၇၇၇၇ နံပါတ်သည် ကျပ်သိန်းပေါင်း တစ်ထောင့်တစ်ရာနှစ်ဆယ်ရရှိခဲ့၍ မြန်မာနိုင်ငံတွင် ဈေးအမြင့်ဆုံးသော နံပါတ်

အလှအဖြစ် စာရင်းဝင်ခဲ့သည်။

‘‘နံပါတ်အလှတွေကို လေလံတင်ပြီးရောင်းတယ်။ မကြာခင် မှာလည်း လေလံတင်ဖို့ရှိပါတယ်။ အခု လက်ရှိ နံပါတ်အလှရောင်း အားကတော့ မေးထားတာ မရှိ သေးတော့ မသိသေးဘူး’’ဟု တယ်လီနော ပြန်ကြားရေးတာဝန်ခံ ကိုညီညီအောင်က ပြောသည်။ အလားတူ အူရီးဒူး၏နံပါတ်အ လှများကို အက်ပလီကေးရှင်းမှ တစ်ဆင့် ရောင်းချရာတွင် ၁,၅၀၀ ကျပ်မှ စတင်၍ ကျပ်သိန်း ၅၀ အထိရှိကြောင်း    အူရီးဒူး၏ပြန် ကြားရေးတာဝန်ခံ   မချောစုက ပြောသည်။

နံပါတ်အလှဆင်းမ်ကတ်များ လူစိတ်ဝင်စားမှုလျော့ကျ နံပါတ်အလှဆင်းမ်ကတ်များ လူစိတ်ဝင်စားမှုလျော့ကျ Reviewed by The Collector on Tuesday, November 29, 2016 Rating: 5

No comments