မြန်မာနိုင်ငံတွင် တစ်နှစ်အတွင်း Visa ကတ် အသုံးပြုသူ ၈၀ရာခိုင်နှုန်းတိုးတက်လာဟုဆို


မြန်မာနိုင်ငံတွင် Visa ကတ် အသုံးပြုမှုကို AYA ဘဏ်နှင့် CB ဘဏ်တို့နှင့် ချိတ်ဆက် အသုံးပြုလျက်ရှိသည်။(DARIO PIGNATELLI/BLOOMBERG)

၂၀၁၅ အောက်တိုဘာ ကစ၍ ယခုနှစ်စက်တင်ဘာအထိ တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ၌ Visa ကတ်အသုံးပြုသူ ၈၀ရာခိုင် နှုန်းတိုးတက်လာကြောင်း Visa  ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းမှ သတင်းထုတ်ပြန်သည်။

 မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ တစ်နှစ်အတွင်း Visaကတ် သယ်ဆောင်အသုံးပြုမှုသည် ၅၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ Visa ငွေကြေးဝန်ဆောင်မှု လုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံအတွင်း Visa ကတ်ကိုင်ဆောင်ထားသူအရေအတွက်ကို ထုတ်ပြန်ပြောကြားခြင်းမရှိသော်လည်းစစ်တမ်းအရတစ်နှစ်အတွင်း e-Commerce ကဏ္ဍတွင် Visa ကတ်ဖြင့်ငွေကြေးသုံးစွဲမှုမှာ ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟုဆိုသည်။

 ‘‘အီလက်ထရွန်နစ်စနစ်နဲ့ငွေပေးချေမှုကို လူအများတွင် ကျယ်စွာအသုံးပြုလာခဲ့မယ်ဆို ရင် တိုးတက်နေတဲ့မြန်မာ့စီးပွား ရေးအတွက် အကျိုးအမြတ်ရှိမှာ ပါ''ဟု Visa ငွေကြေးဝန်ဆောင် မှုလုပ်ငန်းမှ Mr.Arturo Planell ကပြောကြားသည်။

 e-Commerce အခန်းကဏ္ဍတွင် Visaကတ် အသုံးပြု၍ လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ ဟိုတယ်နှင့် တည်းခိုခန်းများငှား ရမ်းခြင်း၌ မြန်မာနိုင်ငံကအများ ဆုံးအသုံးပြုသည်။

 အလားတူ မြန်မာနိုင်ငံအ တွင်း Visaကတ်ဖြင့် ငွေပေးချေမှု သည်လည်း တစ်နှစ်တာအတွင်း ၄၂ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ နိုင်ငံခြားသားများ၏ Visaကတ် သယ်ဆောင်အသုံးပြုမှုသည် ပြည်တွင်း၌ ၄၈ဒသမရာခိုင်နှုန်းတိုးတက်ခဲ့သည်။  Visaငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်း၏  လေ့လာတွေ့ရှိချက်များအရ တစ်နှစ်အတွင်း ပြည်တွင်း၌ AMTစက်အလုံးရေသည် ၃၉ရာခိုင်နှုန်းမြင့်တက်လာပြီး တစ်နိုင်ငံလုံး၌ ATMအရေအတွက် နှစ်ထောင် ခန့်ရှိလာခဲ့သည်။

Visaကတ်သည်ကြိုတင်ငွေ ဖြည့်၍ အသုံးပြုရသည့် နိုင်ငံတ ကာသုံးငွေပေးချေမှုကတ်တစ်ခု ဖြစ်ပြီး  နိုင်ငံပေါင်းနှစ်ရာ ကျော်၌ အသုံးပြုနေကာ ပြည်တွင်း၌ဖြစ်သည့် AYAဘဏ်၊ CB ဘဏ်တို့နှင့်ပူးပေါင်း၍ ဈေးကွက်ချဲ့ထွင်ခြင်းများလုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်နှစ်အတွင်း Visa ကတ် အသုံးပြုသူ ၈၀ရာခိုင်နှုန်းတိုးတက်လာဟုဆို မြန်မာနိုင်ငံတွင် တစ်နှစ်အတွင်း Visa ကတ် အသုံးပြုသူ ၈၀ရာခိုင်နှုန်းတိုးတက်လာဟုဆို Reviewed by The Collector on Thursday, December 01, 2016 Rating: 5

No comments