Android 8.1 သုံးထားသော Pixel နှင့် Nexus စမတ်ဖုန်းများ အသုံးပြုရာတွင် ပြဿနာများကြုံတွေ့


ဂူးဂဲလ်ကုမ္ပဏီ၏ Pixel နှင့် Nexus စမတ်ဖုန်းသုံးသူများသည် Android 8.1 သို့ အဆင့်တိုးမြှင့်ရာ တွင် စိတ်ပျက်စရာ ပြဿနာအချို့ ကြုံတွေ့နေရသည်။

ဂူးဂဲလ်ကုမ္ပဏီ၏ ကိုယ်ပိုင် အွန်လိုင်းစာမျက်နှာတွင် ယင်းဖုန်း အသုံးပြုသူများသည် Operating System (OS) ကို Android 8.1 သို့ အဆင့်တိုးမြှင့်ပြီးနာက် မျက်နှာပြင်ကို  ပွတ်၍သုံးရာတွင် ပြဿနာများ  ကြုံတွေ့နေရ ကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ Android 8.1 သို့ အဆင့်တိုးမြှင့်ပြီးနောက် Pixel နှင့် Nexus ဖုန်း အသုံးပြုသူများသည် ယခင်က အလွယ်တကူပွတ်၍ နှိပ် ပြီးအသုံးပြုနိုင်သော လုပ်ဆောင် ချက်တစ်ခုကို ခက်ခက်ခဲခဲအချိန် ကြာမြင့်စွာ လုပ်နေရကြောင်း တိုင် ကြားမှုများ ရှိနေသည်။

ဖုန်းမျက်နှာပြင်ကို ဖွင့်ရန်၊ ပိတ်ရန်ကဲ့သို့ အဓိကလုပ်ဆောင် ချက်များအတွက်ပင် အခက်ကြုံ နေရသည်။ သို့သော် ယင်းပြဿနာနှင့်ပတ်သက်၍ ဂူးဂဲလ်က စုံစမ်းစစ်ဆေးနေကြောင်း သာပြောပြီး တရားဝင်အသိပေးမှု ထွက်ပေါ်မလာသေးသဖြင့် ယင်းပြဿနာ ပြင်ဆင်ပေးမည့်အချိန်ကိုလည်း မသိရပေ။

ဂူးဂဲလ်က Pixel 2, Pixel 2 XL, Pixel C တို့ အပါအဝင် Pixel ဖုန်း ခုနစ်မျိုးထုတ်ထားသည်။

ဂူးဂဲလ်က Nexus ဖုန်းများ ကိုလည်း အမျိုးမျိုးထုတ်လုပ်ထား သည်။ Pixel ဖုန်းသည် ဂူးဂဲလ်ကုမ္ပ ဏီ၏ ပထမဆုံး စမတ်ဖုန်းဖြစ်ပြီး ယင်းဖုန်းများသည် OS အဆင့်မြှင့် တင်ပြီးနောက် လုပ်ဆောင်ချက် နှေးကွေးသွားခြင်းမျိုးလည်း ဖြစ်ပေါ်ကြောင်း အသုံးပြုသူအချို့က ပြောသည်။

—Ref:GSM Arena

Android 8.1 သုံးထားသော Pixel နှင့် Nexus စမတ်ဖုန်းများ အသုံးပြုရာတွင် ပြဿနာများကြုံတွေ့ Android 8.1 သုံးထားသော Pixel နှင့် Nexus စမတ်ဖုန်းများ အသုံးပြုရာတွင် ပြဿနာများကြုံတွေ့ Reviewed by The Collector on Friday, January 12, 2018 Rating: 5

No comments