ဥရောပ၌ U11 Oreo ဆော့ဖ်ဝဲအဆင့်မြှင့်တင်ရန် ကြန့်ကြာနေ၍ HTC ကုမ္ပဏီတောင်းပန်


HTC U11 စမတ်ဖုန်းအတွက် Oreo Operating System (OS) သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ လယ်က စတင်ထွက်ရှိပြီး  အဆင့်တိုးမြှင့်ထားသော OS သည် HTC ကုမ္ပဏီ၏ မိခင်ဒေသတိုင်ပေသို့ ပထမဆုံးရောက်ရှိခဲ့သည်။

အမေရိကန်နိုင်ငံတွင် မူရင်းထက်သီတင်းနှစ်ပတ် နောက်ကျ ပြီးမှ ရောက်ရှိလာသည်။ သို့ သော် ယင်း OS အသစ်ကို ဥရောပ တွင် လက်ခံရရှိခြင်း မရှိသေးသဖြင့် ယင်းကဲ့သို့ နှောင့်နှေးကြန့်ကြာ နေ၍ HTC ကုမ္ပဏီက လူသိရှင် ကြားတောင်းပန်ခဲ့သည်။

HTC ကုမ္ပဏီ၏ တွစ်တာစာ မျက်နှာတွင် HTC U11 စမတ်ဖုန်း အတွက် Oreo နောက်ဆုံးထုတ် ဆော့ဖ်ဝဲကို ပေးပို့ရာ၌ ကြန့်ကြာ နေ၍ မိမိတို့တောင်းပန်ပါကြောင်း ဖော်ပြထားသည်။ မိမိတို့ကတစ် ကမ္ဘာလုံး အတိုင်းအတာဖြင့် ထုတ် ပေးခဲ့သော်လည်း ရှုပ်ထွေးမှုအချို့ ကြောင့် ဥရောပ၌ မိမိတို့၏ထုတ် ဝေမှု ကြန့်ကြာခဲ့ရကြောင်း ကျေး ဇူးပြု၍ သည်းခံပေးပါရန်နှင့်တတ် နိုင်သမျှ အမြန်ဆုံးနောက်ထပ်သ တင်းထုတ်ပြန်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းကြေညာချက်၌ HTC အနေဖြင့် နောက်ဆုံးထုတ် OS ကို ပေးဝေရေး ကြန့်ကြာနေ၍ ကြုံတွေ့နေရသည့် ပြဿနာများ ဖော်ပြမထားသော်လည်း မကြာမီယင်း OS ထွက်လာဖွယ်ရှိသည်။

U11 စမတ်ဖုန်းသည် မျက်နှာ ပြင် ၅ ဒသမ ၅ လက်မရှိပြီး RAM 6 GB ရှိကာ ကင်မရာ ၁၂ MP ရှိသည်။

၂၀၁၇ ဇွန်လက မိတ်ဆက်ခဲ့သော ယင်းစမတ်ဖုန်းသည် Android 7.1 ကို သုံးထားပြီး Oreo (Android 8.0) အထိ အဆင့်တိုးမြှင့်နိုင်သည်။

အသေးစားမှတ်ဉာဏ်ကတ် ထည့်သုံးနိုင်ပြီး 256 GB အထိ သုံး နိုင်ကာ ဆင်းမ်ကတ်နှစ်ခုသုံးနိုင် သည်။

—Ref:GSM Arena

ဥရောပ၌ U11 Oreo ဆော့ဖ်ဝဲအဆင့်မြှင့်တင်ရန် ကြန့်ကြာနေ၍ HTC ကုမ္ပဏီတောင်းပန် ဥရောပ၌ U11 Oreo ဆော့ဖ်ဝဲအဆင့်မြှင့်တင်ရန် ကြန့်ကြာနေ၍ HTC ကုမ္ပဏီတောင်းပန် Reviewed by The Collector on Friday, January 12, 2018 Rating: 5

No comments