၂၀၁၈ မှာ စောင့်မျှော်ရမယ့် ထိပ်တန်းစမတ်ဖုန်းအသစ်များ


နှစ်တစ်နှစ် ကူးပြောင်းသွားတိုင်း စမတ်ဖုန်းလောကရဲ့ ထိပ်တန်း ထုတ်ကုန်မျိုးဆက်သစ်တွေ အပြိုင်အဆိုင် ထွက်ပေါ်လာတာဓမ္မတာပါပဲ။ အခုလည်း ၂၀၁၇ ကုန်ဆုံးလို့ ၂၀၁၈ ထဲ ချင်းနင်း ဝင်ရောက်လာခြင်းနဲ့အတူ Sam-sung၊ Apple၊ Nokia အစရှိတဲ့ ဖုန်းကုမ္ပဏီကြီးတွေက အဆင့်မြင့်တန်ဖိုးကြီး စမတ်ဖုန်းဈေးကွက်ကို ခြယ်လှယ်နိုင်ဖို့ မဟာဗျူဟာ ထုတ်ကုန်သစ်တွေ အပြိုင်အဆိုင်ဖန်တီး တည်ဆောက်နေကြပါပြီ။ ဒါကြောင့် ၂၀၁၈ မှာ ထွက်ပေါ်လာမယ့် ထိပ်တန်းစမတ်ဖုန်း အမျိုးအစား သစ်တွေနဲ့ပတ်သက်လို့ ကြိုတင် ရင်ခုန်မှန်းဆကြည့်ပါမယ်။


Nokia 9

တစ်ချိန်က လက်ကိုင်ဖုန်း လောကကို စိုးမိုးထားခဲ့ပေမယ့် အခြေအနေ တော်တော်ကြီးယိမ်း ယိုင်သွားခဲ့တဲ့နောက် ၂၀၁၇ မှာ တော့ Nokia ဟာ တစ်ကျော့ပြန် အားယူ ဦးမော့လာပါတယ်။ Nokia 6၊ Nokia 5၊ Nokia 3၊Nokia 7၊ Nokia 8 နဲ့ Nokia 2စမတ်ဖုန်းတွေဟာ Android OS အသုံးပြုထွက်ပေါ်လာပြီး ဈေးကွက်ထဲမှာ အထိုက်အလျောက် လည်း နေရာရခဲ့ပါတယ်။ ၂၀၁၈ပထမနှစ်ဝက်မှာတော့ Nokia 6အသစ်နဲ့အတူ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးစမတ်ဖုန်း အဖြစ် Nokia 9 ကို ထုတ်လုပ်ဖို့ ရှိနေပါတယ်။ ဒီဖုန်းဟာ Nokia 8

ထက် အဆင့်သတ်မှတ်ချက် ပိုမြင့်ပါလိမ့်မယ်။ ကြိုတင်ထွက်ပေါ်နေ တဲ့ သတင်းတွေ အရတော့ Nokia 9 ဟာ Snapdragon 835 Processor၊ 3250mAh ဘက်ထရီ၊ ၅ ဒသမ ၅ လက်မ OLED Display တွေနဲ့ သိုလှောင်မှု စွမ်းရည် 128GB ထိ ပါဝင်နိုင်သလို Appleနဲ့ Samsung တို့ကို စိန်ခေါ်ဖို့ အဓိက ဦးတည်လာနိုင်တယ်လို့ သိရပါတယ်။


Samsung Galaxy S9

ဒီနှစ်မှာလည်း ထိပ်တန်း စမတ်ဖုန်း ဈေးကွက်ကို Appleနဲ့ Samsung ပဲ အပြိုင်လုကြ မယ့် သဘောပါပဲ။ မတ်လဆန်း လောက်မှာ Galaxy S9 ကို စတင်ထုတ်လုပ်ဖွယ်ရှိနေပြီး ဇန်နဝါရီ မှာ ကျင်းပမယ့် သုံးစွဲသူနည်းပညာပြပွဲမှာတော့ ဖုန်းအသစ်နဲ့ပတ် သက်တဲ့ အချက်အလက်တွေကို စတင် ထုတ်ပြန်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။ Galaxy S8ဟာ ဘက်ပေါင်းစုံက ပြည့်စုံတဲ့ ထုတ်ကုန်တစ်ခုအဖြစ် အသိအ မှတ်ပြုခံရတဲ့ နာမည်ကောင်းကို မျိုးဆက်သစ် အဆင့်မြင့်စမတ် ဖုန်းမှာ ဆက်ထိန်းထားဖို့ Sam-sung က သေချာပေါက်ကြိုးစား ပါလိမ့်မယ်။ Galaxy S9 အပြင် အရွယ်အစား ပိုကြီးတဲ့ GalaxyS9 Plus ပါ တစ်ပါတည်း ထွက်ပေါ်လာဖွယ် ရှိနေပြီး Snapdragon845 Processor၊ 4GB RAM နဲ့ 6GB RAM ပမာဏတွေ အသီးသီးအသုံးပြုမယ့်သဘော ရှိနေပါတယ်။ Galaxy S9 စီးရီးတွေမှာSamsung က Dual ကင်မရာ နည်းပညာကို ထည့်သွင်းပေးထားမှာ ပါ။


iPhone X (၂၀၁၈)

ပြီးခဲ့တဲ့နှစ်မှာ iPhone X ကို Apple က မိတ်ဆက်လိုက်တော့ စမတ်ဖုန်းနည်းပညာဈေးကွက် မှာ အကြီးအကျယ် လှုပ်လှုပ်ခတ် ခတ် ဖြစ်သွားပါတယ်။ Home Button ကို ဖျောက်လိုက်တဲ့ ဒီဇိုင်းနဲ့အတူ စွမ်းဆောင်ရည် မြင့်မားလွန်းတဲ့ Processor၊ Face ID နည်းပညာတွေနဲ့ တခြားသော Feature သစ်တွေကြောင့် iPhone X ဟာ အရမ်းလူကြိုက်များခဲ့တယ်။ Apple အနေနဲ့ iPhone X ရဲ့ အောင်မြင်မှုကို အခြေတည်ပြီး နောက်ဆက်တွဲ မျိုးဆက်ကို ၂၀၁၈ မှာ ဆက်ထုတ်ဖို့သေချာ သလောက်ပါပဲ။ ပထမဆုံး iPhone X မှာ ထိခိုက်ကွဲအက်လွယ် တယ်ဆိုတဲ့ ဝေဖန်မှုမျိုးခံခဲ့ရပြီး ဒီ အားနည်းချက်တွေကို ပြင်ဆင်ပေးသွားဖို့ ကုမ္ပဏီက ကြိုးစားပါ လိမ့်မယ်။ စွမ်းဆောင်ရည်ပိုင်း အထိုက်အလျောက် ပိုမြင့်လာနိုင် ပြီး Display ရဲ့ Resolution လို ကဏ္ဍတွေမှာ ပိုကောင်းအောင် Apple က ဖန်တီးပေးမယ်လို့ ယုံ ကြည်ရပါတယ်။

OnePlus 6

နောက်ထပ် စောင့်ကြည့်ရမယ့် ဖုန်းတစ်လုံးကတော့ OnePlus 6 ဖြစ်ပါတယ်။ OnePlus 3 ကို ထုတ်လုပ်ခဲ့တဲ့ နောက်ပိုင်းမှာ OnePlus ကုမ္ပဏီဟာ သူတို့ရဲ့ထုတ်ကုန်တွေကို ခြောက်လတစ်ကြိမ် အသစ်မိတ်ဆက်တဲ့ ကာလအပိုင်းအခြား သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၇ မှာတော့ OnePlusအပြီးမှာ OnePlus 5T ကို ထပ်ထုတ်ခဲ့ပြီး Display၊ဒီဇိုင်းနဲ့ ကင်မရာလို အပိုင်းတွေမှာ မွမ်းမံအဆင့်မြှင့် ပြင်ဆင်ပေးခဲ့ပါတယ်။ OnePlus 6 ကတော့ ဇွန်လလောက်မှာ ဈေးကွက်ထဲရောက်လာမယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပြီး စွမ်းဆောင်ရည်ပိုင်းက OnePlus 5T ထက် မြှင့်တင်လာဖို့ သေချာသလောက်ပါပဲ။

Google Pixel 3

Google ရဲ့ ထုတ်ကုန်သစ် သတ်မှတ်ကာလ စက်ဝန်းကို အခြေ တည် တွက်ဆရင် တတိယမျိုးဆက် Pixel ဖုန်းတွေ ဒီနှစ်မှာ ထွက် ပေါ်လာပါလိမ့်မယ်။ အောက်တိုဘာလောက်မှာ ဈေးကွက်ထဲ ရောက်လာနိုင်တဲ့ Pixel 3 ဟာ iPhone X မျိုးဆက်သစ်ကို အကဲစမ်း စိန်ခေါ်ဖို့ ကြိုးစားမှာပါ။ Pixel ဖုန်းတွေ ထုတ်လုပ်ဖို့ Google က အမျိုးအစားသုံးခုခွဲခြားထားပြီး ဈေးနှုန်းရော စွမ်းဆောင်ရည်တွေပါ ကွာဟမှုရှိပါလိမ့်မယ်။ သတင်းတွေအရတော့ အဲဒီဖုန်းတွေကို Crosshatch၊ Albacore နဲ့ Blueline ဆိုတဲ့ ကုတ်နာမည်တွေ ကုမ္ပဏီက သတ်မှတ်ပေးထားတယ်လို့လည်း သိရပါတယ်။ အဆင့်အမြင့်ဆုံး Pixel 3ကတော့ Qualcomm ရဲ့ Processor အသစ် Snapdragon845 ကို အသုံးပြုလာနိုင်ပြီး RAMပမာဏကို 6GB ထိမြှင့်တင်ပေးလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ ဈေးသက်သာတဲ့မူကွဲတွေမှာတော့ အဲဒီလောက် စွမ်းဆောင်ရည်မြင့်မြင့် ထည့်သွင်း တပ်ဆင်ပေးထားမယ့် အခြေအနေမရှိပါဘူး။

Samsung Galaxy X

X ဝေါဟာရနဲ့ပတ်သက်လို့ စောင့်ကြည့်ရမှာ iPhone တစ်ခုတည်း မဟုတ်ပါဘူး။ Samsung အနေနဲ့လည်း ခေတ်ရှေ့ပြေး နည်းပညာ တွေ ပေါင်းစပ်ထားတဲ့ Galaxy X ဖုန်းအသစ်ကို ၂၀၁၈ မှာ စတင်ထုတ်လုပ်လာဖို့ ရှိနေပါတယ်။ Galaxy X ဟာ ခေါက်သိမ်း နိုင်တဲ့ OLED Display နည်းပညာနဲ့ ထွက်ပေါ်လာနိုင်ပြီး Apple ရဲ့iPhone တွေ ၂၀၀၇ မှာ စတင်မိတ်ဆက်ခဲ့ချိန်တုန်းကလို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေမလား စောင့်ကြည့်ရပါမယ်။ Galaxy X ရဲ့ စမ်းသပ်အဆင့် စမတ်ဖုန်းကို ထုတ်ပြခဲ့တာ ၂၀၁၁ ကတည်းကဖြစ်ပြီး သုတေသနကဏ္ဍအတွက် တောင်ကိုရီးယားကဏ္ဍက နှစ်အတော် ကြာ အချိန်ယူအဆင့်မြှင့်နေခဲ့တာ ဖြစ်ပါတယ်။ Samsungရဲ့ မိုဘိုင်းထုတ်ကုန်ဌာနဥက္ကဋ္ဌ ခိုဒေါင်ဂျင်က ၂၀၁၈ မှာ ခေါက်ထား နိုင်တဲ့ Screen နဲ့ ဖုန်းတွေကို ထုတ်လုပ်ဖွယ်ရှိတယ်လို့ မှတ်ချက် ပေးထားတာကြောင့် Galaxy X ကို ရင်ခုန်မျှော်လင့်နေရမယ့် သဘောပါပဲ။

Sony ရဲ့ စမတ်ဖုန်းအသစ်

လောလောဆယ်တော့ Sony ရဲ့ မဟာဗျူဟာ ထုတ်ကုန်သစ်နဲ့ ပတ်သက်လို့ သိပ်ပြီးကျယ်ကျယ်ပြန့်ပြန့် မှန်းဆလို့ မရသေးပါဘူး။ ကောလာဟလတချို့ကတော့ ဒီဖုန်းအသစ်ကို Xperia XZ Pro လို့နာမည်ပေးနိုင်ကြောင်း ပြောဆိုနေပါတယ်။ တချို့ကလည်း ဖုန်းနာမည်က Xperia XZ2ဖြစ်မယ်လို့ ခန့်မှန်းတယ်။ Screenနည်းပညာပိုင်းကို ပိုင်နိုင်တဲ့ Sonyဟာ XZ1 Premium တုန်းက 4K အရည်အသွေးထုတ်နိုင်တဲ့ Display ကို ပိုမိုကြည်လင်ကောင်း မွန်အောင် အဆင့်မြှင့်လာပါလိမ့် မယ်။ Sony က ၂၀၁၈ မှာ Sam-sung နဲ့ Apple လို ကုမ္ပဏီတွေကို လက်တွေ့ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုချဲ့ထွင်မြှင့်တင်ဖို့ သေချာပေါက် အားထုတ်မှာပါ။ ဖုန်းအသစ်ရဲ့ Processorဟာ Snapdragon835 နဲ့ 845 တစ်မျိုးမျိုးဖြစ်နိုင် ပြီး RAM ပမာဏကို 4GB ကနေ6GB ထိ သတ်မှတ်ပေးနိုင်ခြေရှိ ပါတယ်။ Storage အတိုင်းအတာကလည်း 128GB လောက်ထိ ပါရှိလာဖို့များပါတယ်။                                 
—Ref: InTech
 

၂၀၁၈ မှာ စောင့်မျှော်ရမယ့် ထိပ်တန်းစမတ်ဖုန်းအသစ်များ ၂၀၁၈ မှာ စောင့်မျှော်ရမယ့် ထိပ်တန်းစမတ်ဖုန်းအသစ်များ Reviewed by The Collector on Thursday, January 04, 2018 Rating: 5

No comments