၂၀၁၇ အတွင်း အမ်ပီတီဆင်းမ်ကတ် အသုံးပြုသူ ခြောက်သန်းခန့်တိုးလာဟုဆို


၂၀၁၇ အတွင်း နိုင်ငံ တစ်ဝန်း မှတ်ပုံတင်ထားသည့် MPT မိုဘိုင်းဆင်းမ်ကတ် အသုံး ပြုသူ ၂၈ သန်းကျော် ရှိလာပြီး တစ်နှစ်အတွင်း အသုံးပြုသူဦးရေ ခြောက်သန်းခန့် တိုးတက်လာကြောင်း MPT နှင့် KSGM လုပ်ငန်းစု ဒုတိယစီးပွားရေး အရာရှိချုပ် ဦးသိန်းဟုတ်က ပြောသည်။

‘‘၂၀၁၇ ခုနှစ်အတွင်းမှာ MPT အသုံးပြုသူဦးရေဟာ သိသိ သာသာ တိုးတက်နေဆဲဖြစ်ပါ တယ်’’ဟု ဦးသိန်းဟုတ်က ပြော သည်။


MPT အသုံးပြုသူဦးရေသည် ၂၀၁၆ အတွင်း ၂၂ သန်းကျော် သာ ရှိရာမှ ၂၀၁၇ နှစ်ကုန်ပိုင်း တွင် ၂၈ သန်းကျော်အထိ တိုး တက်လာကြောင်းဆိုသည်။ ထို့ အတွက် မြန်မာနိုင်ငံရှိ လူဦးရေ၆၀ ရာခိုင်နှုန်းခန့်သည် MPT ဆင်းမ်ကတ်များ အသုံးပြုနေကြောင်း ၎င်းကပြောသည်။

 MPT မိုဘိုင်းကွန်ရက်ကို ၂၀၁၇ မေလကစ၍ မြို့ကြီးအချို့ ၌ LTE+ (4G) ကွန်ရက်အဖြစ် အဆင့်မြှင့်တင်ပြီး  လက်ရှိတွင် LTE+ ကွန်ရက်ကို မြို့ ၈၀ ကျော်၌ အသုံးပြုနိုင်ရန် ဆောင်ရွက်ထားကာ အသုံးပြုသူ ၃ ဒသမ ၈ သန်းအထိ တိုးတက်လာကြောင်း ဦးသိန်းဟုတ်က ပြောသည်။

‘‘LTE ကွန်ရက်တွေ တိုးချဲ့ လာတဲ့အတွက် နိုင်ငံတစ်ဝန်းမှာ LTE အသုံးပြုသူပေါင်း ၃ ဒသမ ၈ သန်းအထိ ရှိလာပြီဖြစ်ပါတယ်။ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက် တွေ ကောင်းမွန်လာတဲ့အတွက် အသုံးပြုသူ အများစုကလည်း ဖုန်း ပြောတာထက် အင်တာနက် (data) ကို ပိုပြီး အသုံးများလာကြ ပါတယ်’’ဟု ဦးသိန်းဟုတ်က ပြောသည်။

MPT အနေဖြင့် ၂၀၁၈ အတွင်း မြို့ ၂၈၀ ကျော်တွင် LTE အသုံးပြုနိုင်ရန် ကွန်ရက်များ တိုးချဲ့ တည်ဆောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထား သည်။

၂၀၁၇ အတွင်း အမ်ပီတီဆင်းမ်ကတ် အသုံးပြုသူ ခြောက်သန်းခန့်တိုးလာဟုဆို ၂၀၁၇ အတွင်း အမ်ပီတီဆင်းမ်ကတ် အသုံးပြုသူ ခြောက်သန်းခန့်တိုးလာဟုဆို Reviewed by The Collector on Friday, January 05, 2018 Rating: 5

No comments