ကျေးလက်ဒေသ၌ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန် အော်ပရေတာများထံမှ ဝင်ငွေ ၂ ရာခိုင်နှုန်းကောက်ခံမည့် မဟာဗျူဟာမူကြမ်း ရေးဆွဲနိုင်ခဲ့ဟုဆို


ကျေးလက်ဒေသ၌ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန် အော်ပရေတာများထံမှ ဝင်ငွေ၏ ၂ ရာခိုင်နှုန်း ကောက်ခံနိုင်မည့် မဟာဗျူဟာမူကြမ်း ရေးဆွဲနိုင်ခဲ့ ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှု ဦးစီးဌာနက ကြေညာသည်။

မဟာဗျူဟာ စီမံကိန်းမူကြမ်း တွင် ဆက်သွယ်ရေးကွန်ရက်တည် ဆောက်ရေး ငါးနှစ်တာ အစီအစဉ် များ ထည့်သွင်းရေးဆွဲထားသည်။ ငါးနှစ်အတွင်း ဆက်သွယ်ရေး အော်ပရေတာများထံမှ ကန်ဒေါ် လာ သန်း ၁၂၀ ခန့် ကောက်ခံရရှိ မည်ဟု ခန့်မှန်းထားသည်။

ပြည်ထောင်စု အဝေးပြေး လမ်းမကြီး ၂၈ ခုပေါ်တွင် လိုအပ် ချက်ရှိသော ဆက်သွယ်ရေးကွန် ရက်ကို ရန်ပုံငွေဖြင့် အဓိက အကောင်အထည်ဖော်ဆောင်မည်ဟု စီမံကိန်းမူကြမ်း၌ ဖော်ပြထားသည်။

စီမံကိန်းအရ ၂၀၁၈တွင် လုပ်ငန်းစတင်မည်ဖြစ်ပြီး ကနဦး စတင်ခြင်းကို မြို့နယ် ၄၀ ကျော် ၌ အကောင်အထည်ဖော် ဆောင် ရွက်မည်ဖြစ်သည်။

ဆက်သွယ်ရေးအော်ပရေ တာများသည် လူနေထူထပ်၍ ဈေးကွက်ကောင်းမွန်သော တည် နေရာများတွင်သာ မိုဘိုင်းကွန် ရက် တည်ဆောက်သဖြင့် ကျေး လက်ဒေသ၌ ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် အော် ပရေတာများထံမှ ငွေကြေးပြန် လည်ကောက်ခံခြင်းဖြစ်သည်။

အော်ပရေတာများအနေဖြင့် စီးပွားရေးအကျိုးအမြတ်ရှိသော နေရာများတွင် ကွန်ရက်တည် ဆောက်ခြင်းမဟုတ်ဘဲ လိုအပ် ချက်ရှိသော နေရာများကိုလည်း အရှုံးခံကာ ကွန်ရက်တည်ဆောက် ထားကြောင်း တယ်လီနောနှင့် အူရီးဒူး စီအီးအိုနှစ်ဦးက ပြော သည်။

စတုတ္ထမြောက် အော်ပရေ တာအပါအဝင် အော်ပရေတာ အားလုံး၏ ကွန်ရက်ဖြန့်ကြက်မှု သည် ၂၀၁၉ ၌ လူဦးရေ ၉၄ ရာခိုင်နှုန်းကျော် (သန်း ၅၀ခန့်)ကို လွှမ်းခြုံနိုင်မည်ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်း သည်။

ထို့ကြောင့် ဆက်သွယ်ရေး ကွန်ရက် မရရှိသည့် လူဦးရေ ၂ ဒသမ ၆ သန်းခန့်အတွက် ဆက် သွယ်ရေးကွန်ရက်ကို အော်ပရေ တာများထံမှ ကောက်ခံထားသည့် ရန်ပုံငွေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်သည်။

အော်ပရေတာများသည် လူဦးရေပေါ်တွင် ကွန်ရက်အများ ဆုံး လွှမ်းခြုံထားနိုင်ပြီး မြေပြင် ဧရိယာအပေါ် ကွန်ရက်အပြည့် အဝ လွှမ်းခြုံထားနိုင်ခြင်း မရှိ ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနက ၂၀၁၇ မတ်လ၌ ထုတ်ပြန်ခဲ့သည်။ မတ်လစာရင်း အရ တယ်လီနောသည် မြေမျက် နှာပြင် ၄၂ ရာခိုင်နှုန်းနှင့် လူဦးရေ ၈၇ ရာခိုင်နှုန်းကို ကွန်ရက်လွှမ်းခြုံ ထားပြီး အူရီးဒူးသည် မြေမျက်နှာ ပြင် ၃၈ ရာခိုင်နှုန်းနှင့် လူဦးရေ ၈၇ ရာခိုင်နှုန်းကို ကွန်ရက်လွှမ်းခြုံ ထားသည်။

ကျေးလက်ဒေသ၌ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန် အော်ပရေတာများထံမှ ဝင်ငွေ ၂ ရာခိုင်နှုန်းကောက်ခံမည့် မဟာဗျူဟာမူကြမ်း ရေးဆွဲနိုင်ခဲ့ဟုဆို ကျေးလက်ဒေသ၌ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန် အော်ပရေတာများထံမှ ဝင်ငွေ ၂ ရာခိုင်နှုန်းကောက်ခံမည့် မဟာဗျူဟာမူကြမ်း ရေးဆွဲနိုင်ခဲ့ဟုဆို Reviewed by The Collector on Friday, January 12, 2018 Rating: 5

No comments